ဒတ်ချ်တို့ရဲ့ Total football ကို တော်လှန်ပစ်ရဲသူရဲ့ နောက်ထပ်ခြေတစ်လှမ်း

ဒတ်ချ်တို့ရဲ့ Total football ကို တော်လှန်ပစ်ရဲသူရဲ့ နောက်ထပ်ခြေတစ်လှမ်း

ဒတ်ချ်တွေဟာ ၁၉၇၀ ကျော်ကာလများဆီက ဘောလုံးနယ်ပယ်မှာ total football ဆိုတဲ့
နည်းစနစ်အသစ်တစ်ခုကို အောင်မြင်အောင် ဖန်တီးတည်ဆောက်ရင်း ကမ္ဘာ့ဘောလုံး အသိုင်း
အဝိုင်းမှာ ကိုယ်ပိုင်စတိုင်တစ်ခုနဲ့ ရပ်တည်လာကြသူတွေပဲဖြစ်ပါတယ်။ ဘောလုံး နဲ့ပတ်သက်ရင်
ဒတ်ချ်တွေမှာ ကိုယ်ပိုင်တန်ဖိုး တစ်ခုရှိထားကြသူတွေလို့ ယုံကြည်ထားကြ တာပါ။

ဒတ်ချ်နဲ့ total football က တွဲလျက် ရှိနေ၊ မြင်နေကြခြင်းကိုက ဒတ်ချ်တို့အတွက် ဆိုက်ကို
တစ်ခု ဖြစ်လာနေတာကိုတော့ သတိ ထားမိကြခြင်း မရှိကြပါဘူး။ total football ဆိုတဲ့
ရောဂါကြီးကိုပဲ ဆုပ်ကိုင်ထားကြပြီး တော်လှန်ပစ်ဖို့ကြိုးစားမယ့်သူက မရှိဖြစ်နေ ခဲ့ပါတယ်။

နယ်သာလန်အသင်းကို ကိုင်တွယ်ရတဲ့ နည်းပြတိုင်းက အသအေူ ်သသအဘေူူ ကို ဘယ်လို
အသက်သွင်းပြီး ဒတ်ချ် တွေရဲ့ ယုံကြည် မှု ရအောင် ဘယ်လို လုပ်ရမလဲဆိုတာကိုပဲ တွေး
တော သုံးသပ်ရင်း နယ်သာလန် နည်းပြဘဝ တွေကို ဖြတ်သန်းလာခဲ့ကြ တာချည်းပဲ ဖြစ်ပါတယ်။

နောက် ဆုံးတော့ ဒတ်ချ်တို့ရဲ့ အသအေူ ်သသအဘေူူ ကို တော်လှန်မယ့်သူ ပေါ်ပေါက်လာ
ခဲ့ပါတယ်။ အဲဒီ သူက အသင်းတစ်သင်းကို စတင် တည်ဆောက်ရာမှာ ထူးချွန်ထက်မြက်သူလို့
နည်းပြအသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ ဒတ်ချ်လူမျိုး လူးဝစ်ဗန်ဟားလ်ပဲဖြစ်ပါတယ်။

သူကလည်း ဒီလိုတော်လှန်ဖို့အတွက် မဖြစ် မနေ အခြေအနေရောက်လို့သာ တော်လှန် ပစ်လိုက်
တာပါ။ နောက်ဆုံးမှာတော့ ဘရာ ဇီးလ်၊ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗန်ဟားလ် တစ်ယောက် အောင်မြင်
မှု ရသွားပြီး သူကိုယ် တိုင်၊ နယ်သာ လန်အသင်းနဲ့ မန်ယူအသင်းတို့ဟာ ယုံကြည်မှု တွေ အသီး
သီးရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဘရာဇီးလ် ကမ္ဘာ့ဖလား မှာ နယ်သာ လန် အသင်းဟာ တတိယရမယ်။ ဆီမီးဖိုင်နယ်ကို တက်
မယ်လို့ ဒတ်ချ်အသိုင်းအဝိုင်းကြီးတစ်ခု လုံးက ယုံကြည်မထားကြတဲ့ အချိန်မှာပဲ ဗန်ဟားလ်ဟာ
လုပ်ပြလိုက်တာပဲ ဖြစ်ပါ တယ်။ အဲဒီတော့လည်း အေဂျက်စ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့ကို
ကိုင်တွယ်ခဲ့သူ မန်ယူရဲ့ အသစ်စက်စက်နည်းပြ ဗန်ဟားလ် ဟာ နည်းဗျူဟာမှော်ဆရာကြီးလား
လို့ မေးခွန်း ထုတ်စရာဖြစ်လာခဲ့ရတာပဲဖြစ်ပါတတယ်။

တကယ်တော့ ၂၀၁၄ နယ်သာလန်အသင်း ဟာ ၂၀၁၀ ဗိုလ်လုပွဲရောက် ဟော်လန်အသင်း
လောက် တောင့်တင်းတဲ့အသင်းမဟုတ်ပါဘူး။ အထူးသဖြင့် ခံစစ်ကြောင်းကြီးက အတော့်ကို
အားနည်းတဲ့အသင်း ဖြစ်နေခဲ့ပါတယ်။ ဒါဟာ ဗန်ဟားလ်အတွက် ပြဿနာပါ။ ဒီပြဿနာကို
ဘယ်လိုဖြေရှင်းမလဲ စဉ်းစားရင်းက နောက် ဆုံးမှာ ၄ဪ၃ဪ၃ ကစားကွက်အခြေခံ
တည်ဆောက်ထားတဲ့ total football ကို တော်လှန်ဖို့ ဖြစ်ပေါ်လာခဲ့ရတာပဲ ဖြစ်ပါတယ်။

၄-၃-၃ ကစားကွက်၊ ၄-၂-၃-၁ ကစားကွက်တွေကိုအခြေခံထားခဲ့မယ့်ဆိုရင် ဗန်ဟားလ်ဟာ
သူကြံုတွေ့နေရတဲ့ ခံစစ်ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒီပြဿနာကို မဖြစ်မနေ
ဖြေရှင်းဖို့ ဆုံးဖြတ်ချက်ချလိုက်နိုင်တာက တော့ ပြီးခဲ့တဲ့မတ်လထဲမှာ ခြေစမ်းပွဲကစား သွားတဲ့
ပြင်သစ်ဪနယ်သာလန် ပွဲအပြီးမှာပဲ ဖြစ်ပါတယ်။ အဲဒီခြေစမ်းပွဲမှာ နယ်သာလန် ဟာ
ပြင်သစ်ကို ၂ဪဝ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ နောက်တန်းခံစစ် အားနည်းနေချိန်မှာ
ခံစစ်အကူကစားသမား ကီဗင်စတူးမင်းကပါ အဲဒီပွဲမှာ ဒဏ်ရာရသွားပြီး ဘရာဇီးလ်ကမ္ဘာ့ဖလားပွဲ
လွဲသွားခဲ့တဲ့အတွက် နောက်ဆုံးမှာ ဗန်ဟားလ် ဟာ နယ်သာလန်အသင်းကို ၅-၃-၂ ကစားကွက်
အခြေခံပြီး ဘရာဇီးလ်ကမ္ဘာ့ဖလားပွဲကို ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။

တကယ် ဒတ်ချ်တို့ စွဲလန်းနေတဲ့ total football ဟာ လုံးလုံးပျောက်သွားတဲ့ ခံစစ်ကိုဦးစားပေး၊
တောင်ပံတိုက်စစ် လိုက်ထောက်ဟန်က ဗန်ဟားလ်အတွက်တော့ စွန့်စားခန်းပဲ ဖြစ်ပါ တယ်။
ဒါပေမဲ့ သူအောင်မြင်သွားခဲ့ပြီ ဖြစ်ပါ တယ်။ ဝေဖန်ပြောဆိုဖို့ စောင့်နေတဲ့ ဂျိုဟန် ခရိုက်တို့အုပ်စု
အသံတိတ်သွားခဲ့ပါတယ်။ ပွဲဦးထွက် စပိန်နဲ့ပွဲမှာတင် ဗန်ဟားလ် အောင်မြင်မှုရရှိသွားခဲ့ပါတယ်။
စပိန်ကိုသရေကစားနိုင်ပါ့မလား အဆင့်လောက်သာ ရှိတဲ့ ဟော်လန်အသင်းဟာ စပိန်ကို နာလန်
မထူနိုင်အောင်ကို ကစားပစ်လိုက်ပါတယ်။

ဒီပွဲ အနိုင်က ဗန်ဟားလ်အောင်မြင်ဖို့၊ နယ်သာလန် အသင်း အောင်မြင်ဖို့ ဖြစ်လာခဲ့တာပဲဖြစ်ပါ
တယ်။ ဗန်ဟားလ်ဟာ ၅ဪ၃ဪ၂ အခြေခံကစားကွက်နဲ့ စပိန်ကို ရင်ဆိုင်လိုက်တာပါ။
နယ်သာလန်နောက်တန်းကို ကြည့်လိုက်ရင် တော့ အားနည်းလှတဲ့ ဒတ်ချ်လိဂ်က မထင် မရှား
လူငယ်ကစားသမားတွေပဲ ဖြစ်နေတာ ကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဗာရစ်ဂျ်၊ ဘလင်း၊ မာတင်၊
ဂျမ်းမတ်၊ ရွန်ဗလာတို့ဆိုတာ ဘယ်က ကစားသမားတွေမှန်းတောင်မသိရတဲ့ အခြေ အနေမျိုးနဲ
့ ဗန်ဟားလ်ရဲ့ ခံစစ်ကြောင်းဖြစ်ပါ တယ်။ဒီခံစစ်ကြောင်းကို စပိန်တွေမကျော်နိုင် ဘဲ နောက်ဆုံးမှာ
၅-၁ နဲ့အရှုံးပေးလိုက်ရတာ က နယ်သာလန်အတွက် မဟာအောင်မြင်မှု၊ တစ်နည်းအားဖြင့်
ဗန်ဟားလ်ရဲ့အောင်မြင်မှု ပဲ ဖြစ်ပါတယ်။

ဗန်ဟားလ်ဆိုတဲ့ ပုံရိပ်ကြီး ကလည်း အရင်ကထက် ပိုတက်လာခဲ့ တော့ တယ်။ "ဒီပွဲမှာ သူဘယ်
လောက်ပြင်ဆင်ထား တယ်။ ဘယ်အထိရောက်အောင် သွားမယ်၊ ဘယ်လောက်ပြင်းပြတယ်ဆို
တာကို မြင်တွေ့ လိုက်ကြရမှာပါ။ တကယ့်မယုံနိုင်စရာ ဟော်လန်ခြေစွမ်းပါ'' လို့ ဗန်ပါစီက
ဗန်ဟားလ် ကို ချီးကျူးသွားတာ တွေ့ရပါတယ်။ စပိန်ကိုနိုင်၊ နောက်ပွဲဩစတြေးလျကိုနိုင်
ပြီးတော့ နောက်တစ်ဆင့်တက်သွားပြီးတဲ့အခါမှာတော့ ချီလီနဲ့တွေ့တဲ့ပွဲမှာ ဗန်ဟားလ် ဟာ
တစ်မျိုး ပြင်ဆင်ပြီး ကစားသွားခဲ့ပြန်ပါ တယ်။

အုပ်စုဗိုလ်ဖြစ်ချင်တဲ့ ချီလီဟာ အစွမ်း ကုန် ကစားအားတင်ပြီး ဖိကစားထားတာကို ဗန်ဟားလ်
ဟာ ခံစစ်ဦးစားပေးပြီး ချီလီတိုက်စစ် ကို ထိန်းချုပ်ကစားသွားခဲ့ပါတယ်။ ပြီးတော့မှနောက်ဆုံး
၁၅ မိနစ်မှာ ကစားအားတင်ပြီး ချီလီကို နှစ်ဂိုးသွင်းသွားခဲ့တာလည်း ခံစစ် ဦးစားပေးပြီး တန်ပြန်
ထိုးဖောက်တဲ့စွမ်းရည် ကို ပြသွားနိုင်ခဲ့ပါတယ်။ ချီလီနောက်တန်းရဲ့ ကစားသမားတွေ အရပ်နိမ့်
တဲ့အားနည်းချက် ကို ကောင်းကောင်းအသုံးချသွားခဲ့တာပါ။ ''ဗန်ဟားလ်ဟာ ကိုယ်ကိုယ်ကိုယ်
ယုံကြည်မှု ရှိတယ်။တစ်ကြောင်းတည်းသော စိတ်အောက် မှာ ဆုံးဖြတ်ချက်တိုင်းအပေါ်မှာ ပူပန်မှု
မရှိသူဖြစ်တယ်''လို့ အလန်ဟန်ဆင်က သုံးသပ်သွားခဲ့ပါတယ်။

မက္ကဆီကိုနဲ့ ရှုံးထွက်ပွဲမှာလည်း နယ်သာ လန်ဟာ မိနစ် ၈၀ အထိ ရှုံးနေခဲ့တာပါ။မိနစ် ၈၀
ရောက်ပြီးမှာ မက္ကဆီကိုက ခံစစ်ဆီကို သွားနေပါပြီ။ အဲဒီအချိန်မှာ ဗန်ဟားလ်ဟာ ကပ္ပတိန်
ဗန်ပါစီကို ထုတ်ပစ်လိုက်ပြီး ဟန်တယ် လာကို ထည့်လိုက်တာကလည်း ထူးခြားမှုပဲ ဖြစ်ပါ
တယ်။


 

အဓိက ကစားသမားကို တကယ် အရေးပါချိန်မှာ ထုတ်ဖို့ဆိုမလွယ်တဲ့အရာဖြစ်ပေမယ့်
ရေသောက်ချိန်တစ်မိနစ်ပေးထားမှုအခွင့်အရေးကောင်းကို ဗန်ဟားလ် ဟာ ထိထိမိမိအသုံးချ
လိုက်ခြင်းဖြစ်သလို ပြိုင်ဘက်စိတ်စွမ်းရည်ကိုလည်း ပြောင်းလဲ လိုက်တဲ့ အိုင်ဒီယာပဲဖြစ်ပါတယ်။

ညာတောင်ပံ က ရော်ဘင်က တစ်ကိုယ်တော်အစွမ်းနဲ့ ဖောက်၊ ဟန်တယ်လာနဲ့ ဒါ့ကောက်က
ကွင်းလယ်က ရှနိုက်ဒါရဲ့အဝေးဘောလုံးတွေနဲ့ ဖိအားပေးနဲ့နောက်ဆုံးမှာ မက္ကဆီကိုဟာ
ရော်ဘင်ရဲ့မာယာလှည့်စားမှုနဲ့ ဖြားယောင်းခံ လိုက်ရပါတယ်။ အုပ်စုသုံးပွဲနဲ့ ရှုံးထွက်ပွဲတွေ
အပြီးမှာ ဟော်လန်ဟာ ၁၂ ဂိုးသွင်းပြီး လေးဂိုး အသွင်းခံခဲ့ရပါတယ်။ ထူးခြားတာက ဒုတိယ
ပိုင်းရောက်ရင် ဟော်လန်ဟာ ဂိုးတွေသွင်းနိုင် တာပဲဖြစ်ပါတယ်။ ကော်စတာရီကာနဲ့ ကွာတား
ဖိုင်နယ်ပွဲမှာ နယ်သာလန်ဟာ ဂိုးမသွင်းတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ ကစားကွက်အသာစီးနဲ့ ကစားနိုင်
ပေမယ့် ဂိုးမရခဲ့လို့ နောက်ဆုံးမှာ ပင်နယ်တီအဆုံး အဖြတ်ကစားသွားခဲ့တော့ ဗန်ဟားလ်ရဲ့
ဆုံးဖြတ်ချက်က ထူးခြားနေခဲ့ပြန်ပါတယ်။

ပင်နယ်တီဂိုးဖမ်းဖို့ ဂိုးသမားကို လူစားလဲ လိုက်တာက အထူးအဆန်းဖြစ်သွားစေပါ တယ်။
လူစားဝင်ဂိုးသမား တင်ကာရူးလ်က လည်း နှစ်ကြိမ်လက်စွမ်းပြသွားပြီး ဟော်လန် ဟာ ဆီမီး
ဖိုင်နယ်ကိုတက်သွားခဲ့ပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို နည်းပြအတော်များများ ဟာ လုပ်လေ့ရှိတာ
မဟုတ်ပါဘူး။ အာဂျင် တီးနားနဲ့ ပွဲမှာလည်း ပင်နယ်တီအဆုံးအဖြတ် လုပ်တော့ တင်ကာရူးလ်
သာ လူစားလဲမယ် ဆိုရင် အရှုံးနဲ့ကြံုတွေ့ချင်မှ ကြံုတွေ့နိုင်မှာ ဆိုတာက အခုအခါမှာ
တွေးစရာဖြစ်သွားစေခဲ့ ပါတယ်။ဒါပေမဲ့ အဲဒီနေ့မှာတော့ ဗန်ဟားလ် ဟာ လူစားမလဲဘဲ
ဆီလက်ဆန်နဲ့ပဲ စခန်းသွား လိုက်တာ နောက်ဆုံးမှာ နယ်သာလန်ရှုံးသွား ခဲ့ရပါတော့တယ်။

ဆဲလ်ဖို့ဒ်ယူနီဗာစီတီက စိတ်ပညာရှင် ဒေါက်တာတင်ဖောဆက်က "ဗန်ဟားလ်က နောက်ဆုံး
အခြေအနေအထိ အတွက်ကို မဟာဗျူဟာရှိထားပြီးတဲ့သူ၊ ဆုံးဖြတ်ချက်အတွက် ဝေဝါးသွားတဲ့
သူမဟုတ် ဘူး။ ရဲရင့်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့သူ"လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ ဟော်လန်
အနေနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲကို မရောက်ခဲ့ပေမယ့် ဗန်ဟားလ်ရဲ့ စွမ်းဆောင် ရည်တွေ
ကြောင့် ဆီမီးဖိုင်နယ်အထိရောက်ခဲ့ သလို ထူးခြားတဲ့ပြောင်းလဲမှုတွေ၊ ဆုံးဖြတ်မှု တွေ လုပ်နိုင်ခဲ့
တာက နောက်ထပ်ခြေတစ်လှမ်း ဖြစ်တဲ့ မန်ယူခရီးအတွက်တော့ ပြည့်စုံတဲ့အားအင်တွေ ဖြစ်လာ
စေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

ဗန်ဟားလ်ကတော့ မန်ယူကို လက်ရှိ နယ်သာလန်အသင်းရဲ့ စိတ်ဓာတ်မျိုးဖြစ်စေ ချင်တယ်လို
စတင်ပြောဆိုလိုက်ပြီဖြစ်ပါ တယ်။ ဒေးဗစ်မိုယက်ကြောင့် ကွဲပြားပျောက် ဆုံးသွားတဲ့ သရဲနီစိတ်
ဓာတ်ပြန်ရဖို့အတွက် ဗန်ဟားလ်ဟာ ပြန်လည်တည်ဆောက်ပေးရ တော့မှာဖြစ်ပါတယ်။ ဒါဟာ
မန်ယူကို အရင်ဆုံး တည်ဆောက်ရမယ့်အချက်ပဲ ဖြစ်ပါတယ်။ အခြေအနေက မန်ယူဟာ
နယ်သာလန်နဲ့ ဆင်တူနေပါတယ်။ နယ်သာလန်ကလည်းနောက်တန်းအားနည်းနေသလို
မန်ယူကလည်း နောက်တန်းအားနည်းနေတဲ့ အသင်းဖြစ်နေ ပါတယ်။

ဗန်ဟားလ်အနေနဲ့ မန်ယူခံစစ်အတွက် အသစ်တည်ဆောက်ခြင်းမလုပ်ဘဲ နယ်သာလန်ကို
တည်ဆောက်ပေးခဲ့တဲ့အတိုင်း ၅ဪ၃ဪ၂ ကစားကွက်ကိုပဲ တည်ဆောက်မလား
ဆိုတာ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ မန်ယူ တောင်ပံက ဗလင်စီယာနဲ့ အသစ်ဝယ်ထား
တဲ့ လုခ်ရှောတို့ဟာ ဗန်ဟားလ်အတွက် အဓိက ကစားသမားတွေဖြစ်လာနိုင်တဲ့ တိုက်စစ်
လိုက်ထောက်ကစားတဲ့ နောက်တန်း ဘယ်ဪ ညာအစွန်ကစားသမားတွေ ဖြစ်လာဖွယ်ရှိနေ
ပါတယ်။

မန်ယူကစားသမားဟောင်း ပေါလ် စခိုးလ်ကတော့ ဘရာဇီးလ်မှာ ဗန်ဟားလ်ရဲ့ စွမ်းဆောင်ရည်
ကောင်းတွေကြောင့် လော လောဆယ်မှာ မန်ယူကစားသမားတွေရဲ့ စိတ်စွမ်းရည်ဟာ ၂၅ ရာခိုင်
နှုန်းအထိ မြင့်တက်လာနိုင်တယ်လို့ သုံးသပ်နေတာတွေ့ရပါတယ်။ အသစ်တွေ တည်ဆောက်ပေး
ရာမှာ ထူးချွန်တဲ့ ဗန်ဟားလ်ရဲ့ မန်ယူနဲ့ ခြေလှမ်း သစ်ခရီးဟာ အမြန်ဆုံးအောင်မြင်လာနိုင်ခြေ
များနေတာတော့ သေချာပါရဲ့...။



ဖတ်ရှုမှုအများဆုံး