၂၀၁၄-၁၅ မှာ ဂျူဗင်တပ် ဘာတွေပြင်ဆင်မလဲ

၂၀၁၄-၁၅ မှာ ဂျူဗင်တပ် ဘာတွေပြင်ဆင်မလဲ

 

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲသည် ဂျာမနီအသင်း ဗိုလ်စွဲသွားခြင်းနှင့်အတူ တစ်ခန်းရပ် ပြည်ဖုံး
ကားချသွားသည်။ ပရိသတ်အာရုံသည် ၂၀၁၄-၁၅ ရာသီ ဥရောပထိပ်တန်း အမှတ်ပေးပွဲများ
ဘက်သို့ ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်သည်။ ဥရောပထိပ်တန်းလိဂ်များတွင် စီးရီးအေ
သည်လည်း လာမည့်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်နေပြီ ဖြစ်သည်။

လတ်တလော စီးရီးအေတွင် ပရိသတ် အများဆုံး အာရုံစိုက်ခံနေရသောအသင်းမှာ ဂျူဗင်တပ်
ဖြစ်ကြောင်း မီဒီယာများက ဖော်ပြ ကြသည်။ လက်ရှိ စီးရီးအေတွင် ဂျူဗင်တပ်သည် လျှမ်းလျှမ်း
တောက် အောင်မြင်နေသည်။

နည်းပြ အန်တိုနီယိုကွန်တီ လက်ထက်တွင် ဂျူဗင်တပ်သည် ၂၀၁၁-၁၂၊ ၂၀၁၂-၁၃၊ ၂၀၁၃-၁၄
သုံးနှစ်ဆက်တိုက် အမှတ်ပေး ချန်ပီယံ ဖြစ်လာသည်။ ဂျူဗင်တပ်သည် ၁၉၃၀ ပြည့်နှစ်များက
ငါးနှစ်ဆက်တိုက် ဗိုလ်စွဲဖူး သည်။ သို့ရာတွင် ယင်းနောက်ပိုင်းတွင် သုံးနှစ် ဆက်တိုက် ဗိုလ်စွဲခြင်း
မှာ ယခုနည်းပြ ကွန်တီ လက်ထက်တွင် ပထမဆုံးအကြိမ် ဖြစ်သည်။ သို့ရာတွင် ပြီးခဲ့သော
ရာသီတွင် စီးရီးအေ သမိုင်း၌ ပထမဆုံးအကြိမ် အမှတ် ၁၀၀ ကျော် စံချိန်တင်နိုင်ခဲ့သည်။

အကယ်စင်စစ် ဂျူဗင်တပ်ရခဲ့သော ၁၀၂ မှတ်သည် ဥရောပ အတိုင်းအတာတွင်ပါ စံချိန်သစ်တင်
သွားသည်။ ယမန်နှစ်က ဂျူဗင်တပ်သည် ချန်ပီယံလိဂ် နှင့် စီးရီးအေပြိုင်ပွဲ နှစ်ခုစလုံးတွင် အောင်
ပွဲခံ နိုင်ဖို့ ရည်မှန်းခဲ့သည်။ သို့ရာတွင် စီးရီးအေပြိုင်ပွဲတစ်ခုတွင်သာ ဗိုလ်စွဲခဲ့ပြီး ချန်ပီယံလိဂ် တွင်
အရေးနိမ့်ခဲ့သလို တစ်ဆင့်နိမ့်သည့် ယူရိုပါလိဂ်သို့ ရောက်သွားသော်လည်း ဆီမီးဖိုင်နယ်တွင်
ဘင်ဖီကာကို အရေးနိမ့်ခဲ့ပြန်ရာ ဂျူဗင်တပ်၏ ရည်မှန်းချက်များသည် တစ်ဝက် အောင်မြင်ပြီး
တစ်ဝက်ကျဆုံးခဲ့ရသည် မဟုတ်ပါလား။ အီတလီမီဒီယာ အများစုက ချန်ပီယံလိဂ် ပြိုင်ပွဲ၌
ဂျူဗင်တပ်ကျဆုံးရခြင်းမှာ ၃-၅-၂ ကစားကွက်ကြောင့် ဖြစ်သည်ဟု ထောက်ပြကြသည်။

ယင်းကစားကွက်ကြောင့် ဂျူဗင်တပ် ၏ တောင်ပံနှစ်ဖက်တွင် 'ပျော့ကွက်'များ ဖြစ်ပေါ်လာပြီး
ကစားသမားများ၏ အကောင်း ဆုံး စွမ်းဆောင်ရည် (ဘနျအ စနမ်သမာညေခန)များ ထွက်ပေါ်
လာခြင်းမရှိကြောင်း အီတလီ ဘောလုံးကျွမ်းကျင်သူများက ဝေဖန်ခဲ့ကြ သည်။ ၎င်းတို့၏
ကျိုးကြောင်းဆီလျော်သော ဝေဖန်မှုများသည် ဂျူဗင်တပ်နည်းပြ ကွန်တီ ပေါ်တွင် ကြီးမားစွာ
ရိုက်ခတ်ခဲ့သည်။

သို့ကလို ကြောင့် လာမည့်ရာသီတွင် ဂျူဗင်တပ်သည် ၄-၃-၃ ကစားကွက်ကို ခင်းကျင်းအသုံးပြု
ရန် လေ့ကျင့့်ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။ သို့ရာတွင် ၄-၃-၃ ကစားကွက်သည်
ဂျူဗင်တပ်အတွက် အစိမ်းသက်သက်မဟုတ် ဘဲ နည်းပြကွန်တီ၏ ပထမဆုံးရာသီဖြစ်သော
၂၀၁၁-၁၂ ရာသီတွင် ယင်းကစားကွက်ကို ကျင့်သုံးခဲ့ဖူးသည်။

ကွန်တီ၏ ဒုတိယနှစ်ဖြစ် သော၂၀၁၂-၁၃ ရာသီတွင် ဂျူဗင်တပ်သည် စီးရီးအေတွင် ဗိုလ်စွဲပြီး
ချန်ပီယံလိဂ်တွင် လည်း ငါးပွဲဆက်တိုက် ဂိုးသွင်းမခံရခြင်းနှင့် အတူ ကွာတားဖိုင်နယ်အဆင့်ထိ
တက်ရောက် နိုင်ခဲ့သည်။ သို့ကလိုကြောင့် ၂၀၁၃-၁၄ ရာသီ တွင် ဂျူဗင်တပ်သည် ချန်ပီယံလိဂ်
ဘက်တွင် ပိုမိုအာရုံစိုက်သည့်အနေဖြင့် အောင်မြင်နေ သော ၄-၃-၃ မှ ၃-၅-၂ ကစားကွက်ကို
ပြောင်းလဲလိုက်ရာ ထင်သလို ဖြစ်မလာခဲ့ဘဲ အုပ်စုအဆင့်မှာပင် ကျဆုံးခဲ့ရသည် မဟုတ် ပါလား။

ယခုတစ်ဖန် ဂျူဗင်တပ်နည်းပြ ကွန်တီ သည် လာမည့်ရာသီတွင် ၄-၃-၃ ကစားကွက် သို့ ပြောင်း
လဲဖို့ ဆုံးဖြတ်ခဲ့ရာ 'စိတ်ချရပါ့ မလား'ဆိုသော ရှုထောင့်များ ပေါ်လာသည်။ အီတလီဘောလုံး
ကျွမ်းကျင်သူ အချို့က ဂျူဗင်တပ်အနေအထားကို အပိုင်းလိုက် သုံးသပ်ထားသည်။ အသက်
၃၆ နှစ်ရှိသော ဂိုးသမား ဘူဖွန် သည် လက်ရည် 'မကျ'သေးဘဲ သူ့ရှေ့တွင်ရှိသော ခံစစ်ကြောင်း
ကို လိုအပ်သော ညွှန်ကြားမှုများ ပြုလုပ်နိုင်စွမ်းရှိသည်။ ဒုတိယ ဦးစားပေးဂိုးသမား မာကိုစတို
ရာရီ သည် ကိုပါအီတာလျံပွဲများတွင် လက်စွမ်းပြ နိုင်ခဲ့ရာ ဂျူဗင်တပ်တွင် တတိယဦးစားပေး
ဂိုးသမားသာလျှင် လက်စွမ်းအမှန်ကို မသိနိုင် ဘဲ ရှိနေသည်။ လာမည့်ရာသီတွင် လေးယောက်
ခံစစ်ပုံစံ ကို ကျင့်သုံးဖြစ်သောကြောင့် ဂျူဗင်တပ်ညာတောင်ပံခံစစ်နေရာတွင် လစ်ချ်စတိန်းနာနှင့်
မာတင်ကာစီရက်စ်တို့အနက် မည်သူ့ကို ပွဲထုတ်မည်နည်းဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်လာ
သည်။

နှစ်ယောက်စလုံးသည် တိုက်စစ် အားသန်သော်လည်း ခံစစ်တွင် အားစိုက်ပြီး လိုက်ကစားပေး
သောကြောင့် တောင်ပံ အတက်အဆင်း ထောင့်စေ့အောင် ကစားပေးနိုင်ကြသည်။ နှစ်ယောက်
လုံး စွမ်းဆောင် ရည် မကွာခြားသောကြောင့် နည်းပြကွန်တီ ရွေးချယ်ရခက်ဖွယ်ရှိသည်။

သို့ရာတွင် ညာတောင်ပံထက်စာလျှင် ဘယ်တောင်ပံခံစစ်သည် အနည်းငယ် အားပျော့သော
ကြောင့် ပုံမှန်ပွဲထုတ်ခြင်း ထက် လူလဲလှယ်ကစားခဲ့သည်။ ချီလီနီ၊ အော့ ဘွန်နာတို့ကို ဘယ်
တောင်ပံခံစစ်တွင် နေရာချ ခဲ့သော်လည်း ပုံသေပွဲထုတ်ခြင်း မရှိခဲ့ပေ။ လာမည့်ရာသီအတွက်
မန်ယူမှ ပြင်သစ် နောက်ခံလူ ပက်ထရစ်အီဗရာကို ခေါ်ယူထား သောကြောင့် ဘယ်တောင်ပံ
ခံစစ်တွင် လုံခြံု ကျစ်လျစ်မှုမရှိလျှင်တောင်မှ လူအင်အား တောင့်တင်းသွားပြီ ဖြစ်သည်။

ဗဟိုနောက်ခံလူများသည် ဂျူဗင်တပ်ခံစစ် ကြောင်းတွင် အင်အားအကောင်းဆုံးနှင့် အသင်းကို
မောင်းနှင်နိုင်စွမ်းအရှိဆုံး ဖြစ် သည်။ ဂျူဗင်တပ်တွင် စီးရီးအေ၌ အကောင်း ဆုံး ဗဟိုခံစစ်မှူးသုံး
ယောက်ဖြစ်သော ဘိုနုချီ၊ ဘာဇာဂလီယာနှင့် ချီလီနီတို့ ရှိကြသည်။ ယင်းတို့အနက် ချီလီနီသည်
အီတလီ အသင်း ခေါင်းဆောင်ဟောင်း ကန်နဗာရိုနှင့် တွဲကစား ခဲ့ဖူးသောကြောင့် နည်းစနစ်ပိုင်း
'အောက်သက်ကြေ'သည်။ ဘာဇာဂလီနှင့် ဘိုနုချီတို့ နှစ်ယောက်တွင် အားနည်းချက်နှင့် အားသာ
ချက်များ အသီးသီးရှိကြသည်။

သို့ရာတွင် ၎င်းတို့သုံးယောက် ပေါင်းစပ်လိုက်သော အခါတွင် ဂျူဗင်တပ်ဗဟိုခံစစ်သည် တောင့်
တင်း ကျစ်လျစ်သောကြောင့် နည်းပြကွန်တီသည် ၎င်းတို့အားကိုးနှင့် ပြီးခဲ့ သော ရာသီက
သုံးယောက်ခံစစ်ဖြစ် သော ၃-၅-၂ ကစားကွက် ကို ပြောင်းလဲကစားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော ရာသီများတွင် ဂျူဗင်တပ် သည် ဥရောပ၌ အကောင်းဆုံးကွင်းလယ်ကို ပိုင်ဆိုင်ခဲ့သည်။
၀ါရင့်ကစားသမား ပီယာလို သည် ကစားကွက်ဖန်တီးနိုင်သည်။ တစ်ဖက် နောက်ခံလူများဖြင့်
'ကျပ်'နေသည့်ကြားမှ ဘောလုံး 'ခင်း'ပေးရာတွင် ပိရိသေသပ်သည်။ ဖရီးကစ် ကန်သွင်းရာတွင်
သေချာသည်။

ဂျူဗင်တပ်ကွင်းလယ်တွင် ချီလီကစား သမား အာကျူရိုဗီဒယ်သည် 'အခရာ' ဖြစ် သည်။ စွယ်စုံ
ရပြီး ထောင့်စေ့အောင် ကစားနိုင် သည်။ ဗီဒယ်ကို အီတလီလက်ရွေးစင် မာချီစီယိုနှင့် တွဲလိုက်
aသာအခါတွင် ဂျူဗင်တပ်ကွင်းလယ်သည် အပြစ်ကင်းသလောက် ဖြစ် သွားသည်။

တစ်ဖန် ပြင်သစ် လူငယ်ကစား သမား ပေါ့ဂ်ဘာသည် ဂျူဗင်တပ်ကွင်းလယ်တွင် တစ်ဟုန်ထိုး
တိုးတက်လာသည်။ 'အမြင်' ရှိပြီး ကစားအားနှင့် ရွေ့လျားမှုကောင်းမွန် သောကြောင့်
ပီယာလိုနှင့်တွဲသုံးခြင်းဖြင့် ဂျူဗင်တပ်ကွင်းလယ် ရွေ့လျားနှုန်း ကျဆင်းသွားခြင်းမရှိအောင်
'ကျားကန်'ပေးထား သည်။ ဂါနာလက်ရွေးစင် အဆာမိုကိုလည်း ကွင်းလယ်ကစားအား ကျ
ဆင်းလာသောအခါ များတွင် လူစားထည့်ပြီး ၎င်း၏ 'ညှစ်အား'ကို ရယူနိုင်သည်။

ဂျူဗင်တပ်ရှေ့တန်းမှ တီဗက်ဇ်-လော်ရန် တေး အတွဲသည်၊စီးရီး အေတွင် အကောင်း ဆုံး
တိုက်စစ်တွဲ ဖြစ်သည်။ ၎င်းတို့ နှစ်ယောက်ကြား ချိတ်ဆက် နား လည်မှု ကောင်း မွန်ပြီး
တီဗက်ဇ် သည် လိုအပ်ပါက တောင်ပံ တိုက်စစ်မှူးအဖြစ် အသုံးပြုနိုင်သည်။

သို့ကလိုကြောင့် ဂျူဗင်တပ်တွင် တေဗက်ဇ်- လော်ရန်တေးတိုက်စစ်တွဲကို ပင်တိုင်ထားပြီး
အရန်တိုက်စစ်မှူးများကိုသာ အလဲအလှယ်လုပ်ပေးရမည့် အနေအထားတွင် ရှိသည်။ ဆိုရပါလျှင်
ဂျူဗင်တပ်သည် ၃-၅-၂ ကစားကွက်မှ ၄-၃-၃ သို့ ပြန်ပြောင်းပါက အဓိက အာရုံစိုက်ရမည့်
နေရာနှစ်ခုသာရှိ သည်။ ပထမနေရာမှာ ဘယ်တောင်ပံ ခံစစ် ဖြစ်သည်။

သို့ရာတွင် ပြင်သစ်ဝါရင့်ကစား သမား အီဗရာကို ခေါ်ယူထားသောကြောင့် ၎င်းသည် ဂျူဗင်တပ်
ဘယ်တောင်ပံခံစစ်ကို မည်မျှထိ လုံခြံုမှုပေးနိုင်မည်နည်းဆိုသည် မှာ စောင့်ကြည့်ရတော့မည်။

ဒုတိယနေရာ မှာ တောင်ပံတိုက်စစ်ဖြစ်သည်။ ၄-၃-၃ ကစား ကွက်အရ ဘယ်၊ ညာတောင်ပံ
တိုက်စစ်မှူး များသည် လိုအပ်ချက်တစ်ခုဖြစ်လာသော ကြောင့် ယမန်နှစ်က ခြေစွမ်းပြခဲ့သော
ရှိရင်းစွဲ ကစားသမားများကို တောင်ပံ တိုက်စစ်သို့ ပြောင်းရွှေ့နေရာချထား မည်လော၊ သို့တည်း
မဟုတ် တောင်ပံ တိုက်စစ်မှူးသစ်များကို ထပ်မံခေါ်ယူ အားဖြည့်မည်လော ဆိုသည်မှာ လည်း
အခြားစောင့်ကြည့် ရမည့် အချက်ဖြစ်လာသည်။



ဖတ်ရှုမှုအများဆုံး