၂၀၁၄ တိုးဒီဖရန့် စက်ဘီးပြိုင်ပွဲ ဗြိတိန်သားတွေပဲ ဆက်ဗိုလ်စွဲမှာလား

၂၀၁၄ တိုးဒီဖရန့် စက်ဘီးပြိုင်ပွဲ ဗြိတိန်သားတွေပဲ ဆက်ဗိုလ်စွဲမှာလား

၁၉၀၃ ခုနှစ်ကာလကတည်းက စတင်ကျင်းပ လာခဲ့တဲ့ အကျော်ဒေးယျ တိုးဒီဖရန့်စက်ဘီး
ပြိုင်ပွဲကြီးဟာ ဇူလိုင် ၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ အသင်းပေါင်းများစွာနဲ့ ပြင်သစ် မြေမှာ
ခြိမ့်ခြိမ့်သဲသဲ ကျင်းပဆင်နွှဲနေပြီပဲဖြစ် ပါတယ်။

ကမ္ဘာ့စက်ဘီးအဖွဲ့ချုပ်ရဲ့ UCI World Tour ပြိုင်ပွဲတစ်ရပ်ဖြစ်သလို အစဉ် အလာ ဂုဏ်သိက္ခာ
ကြီးမားလှတဲ့ ကမ္ဘာကျော် ပြိုင်ပွဲတစ်ရပ်ဖြစ်တာကြောင့် ဒီပွဲမှာ ကမ္ဘာ့ ထိပ်တန်းစက်ဘီးစူပါစတား
တွေ အားလုံး မပျက်မကွက် ၀င်ရောက်ယှဉ်ပြိုင်ကြစမြဲပဲ ဖြစ်ပါတယ်။ တိုးဒီဖရန့်ပြိုင်ပွဲ ရာပြည့်နှစ်
ဖြစ်တဲ့ ၂၀၁၃ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့သူက Team Sky စတား တစ်ဦးဖြစ်သူ ခရစ္စဖရွန်းဖြစ်ပြီး အင်္ဂလန်
ဂုဏ်ဆောင် စက်ဘီးချန်ပီယံတစ်ဦးပဲဖြစ်ပါ တယ်။

၂၀၁၂ မှာ ဦးဆောင်ဗိုလ်စွဲခဲ့သူက လည်း အင်္ဂလန်သား ဆာဘရက်ဒလေဝစ်ဂင် ဖြစ်သလို
Team Sky နဲ့ပဲ အောင်ပွဲခံခဲ့တာ ဖြစ်တာကြောင့် အခုနှစ်မှာရော အင်္ဂလန် သားတွေပဲ ဆက်
လက်သရဖူဆောင်းဦးမှာ လားလို့ Telegraph က မေးခွန်းထုတ် လာခြင်းပဲ ဖြစ်ပါတယ်။

(၁၀၁) ကြိမ်မြောက် တိုးဒီဖရန့် စက်ဘီးပြိုင်ပွဲကို စတင်တာလွှတ်ခဲ့ တာက အနောက် ယော့ခ်ရှိုင်း
ယားဒေသ Leed မြေကနေဖြစ်ပြီး ခရီးအကွာအဝေး ၂,၂၇၆ မိုင်ကို အဆင့်ပေါင်း ၂၁ ဆင့် ခွဲခြား
ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ နာမည်ကြီး Team Sky အဖွဲ့အပါအဝင် UCI လက်အောက် ခံ
စက်ဘီးအဖွဲ့ပေါင်း ၁၈ ဖွဲ့ ပါ၀င်ယှဉ်ပြိုင် ကြမှာဖြစ်ပြီး လိဒ်စ်မြို့ ဂုဏ်ဆောင် First Direct Arena
ကနေ စတင် တာလွှတ်ခဲ့တာကို ရုပ်သံလိုင်း တော်တော်များများက တိုက်ရိုက် လွှင့်ထုတ်ပြသ
ခဲ့ကြပါတယ်။

အဆင့်(၁)ပြိုင်ပွဲ Flat Stage  ခရီး အကွာအဝေး ၁၁၈ မိုင် ပြိုင်ပွဲမှာ ဂျာမနီစတား ကီတဲလ်
ဗိုလ်စွဲခဲ့ပြီး အဆင့်(၂) Medium Mountain Stage ခရီးအကွာ အဝေး ၁၂၅ မိုင် ပြိုင်ပွဲမှာတော့
အီတလီချန်ပီယံ နီဘာလီ အောင်ပွဲခံ ခဲ့တာတွေ့ရပါတယ်။ အဆင့် (၃) ကင်းဘရစ်ချ်ကနေ
လန်ဒန်အထိ ၉၆ မိုင် Flat Stage ပြိုင်ပွဲမှာ ပြန်ဗိုလ်စွဲသူက ဂျာမနီ သား ကီတဲလ်ဖြစ်ခဲ့ပြီး
ပြင်သစ်မြေအဝင် ခရီး အဆင့်(၄) ၁၀၂ မိုင် ပွဲစဉ်မှာလည်း ဂျာမနီ စတား ကီတဲလ်ပဲ ဆက်လက်
ဦးဆောင်ပန်းဝင်ခဲ့တာကြောင့် အခုနှစ်မှာ အင်္ဂလန်သားတွေ လက်ထဲက ချန်ပီယံဆုဖလားဟာ
ဂျာမနီကို လက်လွှဲရဖို့ များနေပြီလို့ ကောက် ချက်ချသူတွေက ချနေ ကြရခြင်းပါပဲ။

တိုးဒီဖရန့်ကို ခုနစ်ထပ်ကွမ်းစံချိန်တင် ဗိုလ်စွဲခဲ့သူ အမေရိကန်သား လင့်အမ်းစထ ရောင်းရဲ့
တားမြစ်ဆေးဝါးသုံးစွဲမှုပြဿနာက နှစ်ပေါင်းများစွာ ကြာမြင့်ပြီးမှ ပေါ်ပေါက် လာခဲ့ပေမယ့်
ရရှိခဲ့တဲ့ ဆုတံဆိပ်အားလုံး ပြန်လည်ရုပ်သိမ်းခံခဲ့ရသလို တရားစွဲဆိုမှု တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ဖြစ်
ရပ်ဟာလည်း တိုးဒီ ဖရန့်ရဲ့ ဂုဏ်သိက္ခာကိုတော့ ညစ်နွမ်းစေခြင်း မရှိခဲ့ပါဘူး။

အဝါရောင်စာမျက်နှာတွေနဲ့ ထုတ်ဝေတဲ့ ပြင်သစ်သတင်း စာ L'Auto Velo ရဲ့ promotion
ပွဲလို့ သတ်မှတ်နိုင်တဲ့ ဒီကမ္ဘာကျော် စက်ဘီးပြိုင်ပွဲ မှာ ရိုးသားသန့်ရှင်းစွာ ယှဉ်ပြိုင်ပြီး မိခင်နိုင်ငံ
ဂုဏ်ဆောင်ကြဖို့ ကမ္ဘာ့စက်ဘီးအဖွဲ့ချုပ်က လည်း တိုက်တွန်းနှိုးဆော်လွှာ ထုတ်ပြန်ထား ခဲ့ပြီ
ပဲဖြစ်ပါတယ်။

ကမ္ဘာစစ်ပွဲကြီး နှစ်ကြိမ် ဖြစ်တဲ့နှစ်တွေမှာသာ ရပ်နားခဲ့တဲ့ သက်တော် ရှည်စက်ဘီးပြိုင်ပွဲမှာ
ဗိုလ်စွဲမယ်လို့ ရေပန်းစား နေတဲ့အသင်းတွေ ကတော့ Team Sky eam Saxo Bank, BMC
Racing Team, Astana နဲ့Shimano တို့ဖြစ်ပြီး ပွဲဦးထွက်တွေမှာ ဗိုလ်စွဲခဲ့တဲ့ ကီတဲလ်ဟာ
Shimano Team အဖွဲ့သားတစ်ဦးပဲဖြစ်ပါတယ်။ နိုင်ငံတကာ စက်ဘီးချန်ပီယံ ၂၀၀ နီးပါး
၀င်ရောက်ဆင်နွှဲ ပြီး မိုင်နှစ်ထောင်ခရီးကို ၂၁ ရက်ကြာ ကျား ကုတ်ကျားခဲ ယှဉ်ပြိုင်ကြရမယ့်
ဒီစက်ဘီး ပြိုင်ပွဲဟာ ဥရောပ ပရိသတ်တွေအတွက် အသည်းအသန် အားပေးကြရတဲ့ ပွဲတစ်ပွဲ
လို့ ဆိုရမှာပါပဲ။

အခုနှစ် စက်ဘီး ပြိုင်ပွဲရာသီမှာ Dubai Tour နဲ့ အတူ ထင်ရှားလာတဲ့ ဂျာမနီ စတား ကီတဲလ်က
"ကျွန်တော် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်နေပါတယ်။ ကြမ်းတမ်း ရှည်လျားတဲ့ ဒီပွဲစဉ်ဟာ
စက်ဘီးသမားတွေကို အဓိက စိန်ခေါ်နေတဲ့ ပြိုင်ပွဲစဉ်ပါပဲ။ နိုင်ငံ့ ဂုဏ်ဆောင်ဖို့နဲ့ တစ်ဖွဲ့လုံး
ပျော်ခွင့်ရဖို့ အစွမ်းကုန် အားထုတ်သွားမှာပါ"လို့ ESPN နဲ့ တွေ့ဆုံခန်းမှာ ဖြေကြားသွား ပါတယ်။

ယှဉ်ပြိုင်မှုတွေ ပြင်းထန်လှတဲ့ ယနေ့ ကမ္ဘာမှာ တိုးဒီဖရန့်ချန်ပီယံ ဘယ်သူဖြစ်လာဦး မလဲဆိုတာ
ရင်ခုန်စောင့်စားရင်း ဇူလိုင်မိုးစက် တွေကို နှုတ်ဆက် ကြပါစို့လား...။



ဖတ်ရှုမှုအများဆုံး