ကမ္ဘာ့ဖလား လေးကြိမ်မြောက်ရယူနိုင်ခဲ့သည့် ဂျာမနီအသင်း

ကမ္ဘာ့ဖလား လေးကြိမ်မြောက်ရယူနိုင်ခဲ့သည့် ဂျာမနီအသင်း

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သော ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျာမနီအသင်း
က အာဂျင်တီးနားအသင်းကို အချိန်ပို၌ ၁ဪဝ ဂိုးဖြင့် အနိုင်ရရှိပြီး ကမ္ဘာ့ဖလားဆုဖလားကြီးကို
ရယူနိုင်ခဲ့သည်။

ဂျာမနီအသင်းသည် ၁၉၅၄၊ ၁၉၇၄၊ ၁၉၉၀ ပြည့်နှစ်တို့တွင်လည်း ကမ္ဘာ့ဖလားဆုဖလားကြီးကို
ရယူနိုင်ခဲ့ရာ ယခုအကြိမ် ရရှိခြင်းသည် ၎င်းတို့အတွက် လေးကြိမ်မြောက်ဆွတ်ခူးရရှိခြင်းလည်း
ဖြစ်သည်။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဘရာဇီးလ်နိုင်ငံရှိ မြို့ကြီး ၁၂ မြို့တွင် ဇွန်လ ၁၂ ရက်နေ့မှ
ဇူလိုင်လ ၁၃ ရက်နေ့အထိ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး