အင်္ဂလန်မြေ မာဆေးဆိုက်က Royal Liverpool Golf Club မှာ ကျင်းပမြဲဖြစ်တဲ့ Open
Championship ဂေါက်သီး ပြိုင်ပွဲဟာ ကမ္ဘာ့ ထိပ်တန်း ဂေါက်သီးစူပါစတားတွေ စုံညီတဲ့ ပွဲကြီး
တစ်ပွဲဖြစ် တာကြောင့် ဂေါက်သီး ကမ္ဘာမှာ အလေးအနက် ထားရတဲ့ အစဉ်အလာကြီး တဲ့
European Tour ပွဲစဉ် တစ်ရပ်ဖြစ်နေရခြင်းပါပဲ။
အခုနှစ်မှာ ကျောဒဏ်ရာ ကြောင့် ပရိသတ်မြင်ကွင်း အောက်က ပျောက်ကွယ်နေရတဲ့ ဂန္ထဝင်
တိုက်ဂါးဝုဒ်စ်ရဲ့ ပွဲဦးထွက် ပြိုင်ပွဲတစ်ရပ်ဖြစ်သလို ကမ္ဘာ့ အဆင့်(၁) အဒမ်စကော့၊ အဆင့် (၄)
ဂျပ်စတင်ရို့စ်၊ အဆင့်(၅) ဆာဂျီယို ဂါစီယာနဲ့ ရစ်ကီဖောင် လာတို့ကိုပါ စုံစုံညီညီမြင်ခဲ့ရ တာ
ကြောင့် မင်းပေါင်းခတဲ့ပွဲလို့ Daily Mirror က တင်စားလာရခြင်း ပါပဲ။ (၁၄၃)ကြိမ်တိုင်ခဲ့ပြီဖြစ်တဲ့
ဒီသက်တော်ရှည် မေဂျာဆုဖလား ပြိုင်ပွဲဟာ ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ ၁၀ သန်းနီးပါး ချီးမြှင့်
ပြီး ဗိုလ်စွဲသူက ဒေါ်လာ ၁ ဒသမ ၆ သန်း ပိုင်ဆိုင်ခွင့်ရတာကြောင့်လည်း မက်လောက် တဲ့
ဆုကြေးလို့ ဆိုကြရတာပဲဖြစ်ပါတယ်။
2014 Open Championship ဂေါက်သီး ပြိုင်ပွဲမှာ ကမ္ဘာ့ထိပ်တန်းဂေါက်သီးစတား ရ၂ ဦး
ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး ရ၂ ကျင်းကို လေးရက်တာစလုံး ခက်ခက်ခဲခဲကြိုးစား လက်စွမ်းပြရတဲ့
ဥရောပပြိုင်ပွဲစဉ်မှာ တည် တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးလက်စွမ်းပြ သွားနိုင်ခဲ့သူကတော့
မြောက်အိုင်ယာလန် စတား မက်အီရွိုင်းပဲဖြစ်ပါတယ်။ အခုနှစ် ပြိုင်ပွဲရာသီမှာ သိပ်မထင်ပေါ်ခဲ့တဲ့
မက်အီ ရွိုင်းဟာ အခုမာဆေးဆိုက်မှာတော့ အိုးပင်း ဆုဖလားနဲ့အတူ ကမ္ဘာ့မှတ်တမ်းသစ်တစ်ရပ်
ရေးထိုးဖွင့်လှစ်လိုက်နိုင်ပြီဖြစ်တယ်ဆိုတာကို ဘဲလ်ဖတ်စ်စာစောင်တွေက တဖွဲ့တနွဲ့ဂုဏ်ပြု
ချီးမွမ်းခန်းဖွင့်နေကြပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဘောလုံးအသင်းရဲ့ အမာခံ ပရိသတ်
တစ်ဦးဖြစ်သလို ဥရောပပြိုင်ပွဲစဉ်မှာ အသက်အငယ်ဆုံး ဆုကြေးဒေါ်လာ ၁၀ သန်းရသူအဖြစ်
စံချိန်တင်ထားခဲ့သူဟာ အခု မာဆေးဆိုက်မှာလည်း လေးရက်တာ ရိုက်ချက် ၂၇၁ ချက်နဲ့
သတ်မှတ်ရိုက်ချက် အောက် ၁၇ ချက်လျော့ရိုက်သွားပြီး ၂၀၁၄ ဥရောပ ပြိုင်ပွဲစဉ်ရဲ့ မေဂျာ
ဆုဖလားကို လှမ်းဆွတ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ကမ္ဘာကျော် Nike နဲ့ ပေါင်သန်း ၁၅၀ တန် ၁၀ နှစ်စာချုပ် ထားသူ ကမ္ဘာကျော်ဂေါက်သီးစတား
ဟာ အသက် ၂၅ နှစ်အရွယ်မှာတင် မတူညီတဲ့ ွှသကမ သုံးခုက မေဂျာဆုဖလားသုံးလုံးရယူနိုင်
ခဲ့ခြင်းဟာ ဂေါက်သီးကမ္ဘာမှာတော့ အရင်က တိုက်ဂါးဝုဒ်စ်ရယ်၊ ဂန္ထဝင် နစ်ကလောက်ရယ် နှစ်ဦး
ပဲရှိခဲ့ပြီး အခုလီဗာပူးအောင်ပွဲနဲ့အတူ မက်အီရွိုင်းက တတိယမြောက် အသက် အငယ်ဆုံး မေဂျာ
ဖလားသုံးဆုရှင်အဖြစ် စာမျက်နှာသစ်တစ်ရပ် ဖွင့်လှစ်လိုက်နိုင်ခြင်း ဟာ မြောက်အိုင်ယာလန်
ပရိသတ်တွေ အတွက်တော့ ဂုဏ်ယူဝမ်းမြောက်စရာလို့ ဆိုရမှာပဲမဟုတ်ပါလား။
2011 US Open မေဂျာဖလားကို ပွဲဦးထွက် လှမ်းယူပြခဲ့သလို ၂၀၁၂ ပီဂျီအေချန်ပီယံရှစ် မေဂျာ
ဖလားအပြင် အခု ၂၀၁၄ ဗြိတိသျှ အိုးပင်း မေဂျာဖလားကိုရယူသွားသူ ဟာ မာဆေးဆိုက်အောင်
ပွဲနဲ့အတူ လက်ရှိကမ္ဘာ့နံပါတ်(၂) နေရာကို ပြန်လည်လှမ်းတက်လာနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
နာမည်ကြီး Hoy-lake မြေမှာ ရခဲလှတဲ့ Claret Jug ဆုဖလားကို မိခင်ဖြစ်သူ ရိုစီအတွက် ရည်စူး
ရယူပေးခဲ့သူ မက်အီရွိုင်းက "မာဆေးဆိုက် အောင်ပွဲက ကျွန်တော့်အတွက် တကယ့်ကို မှတ်မှတ်
ရရ အောင်ပွဲလို့ ဆိုရမှာပါ။ လေးစားရတဲ့ တိုက်ဂါးရဲ့ ခြေလှမ်းတစ်ခုကို အမီလိုက်နိုင် ခဲ့သလို
Modern Career Grand Slam ဆုရှင်ဖြစ်ခဲ့တာကလည်း ကြည်နူးစရာပါပဲ။ကမ္ဘာ့နံပါတ်(၁)
ပြန်လည် ဖြစ်ဖို့ ဆက်ကြိုးစားသွားမှာပါ။ ဂေါက်သီးဟာ ကျွန်တော့်ရဲ့ဘဝပါပဲ"လို့ ESPN နဲ့
တွေ့ဆုံ ခန်းမှာ ဖြေကြားသွားပါတယ်။
၂၀၀၇ မှာ ပရော်ဖက်ရှင်နယ်ဂေါက်သီး ကမ္ဘာကို ခြေချလာခဲ့ပြီး ၂၀၁၂ မှာ PGA Tour ရဲ့
အသက်အငယ်ဆုံး ဆုကြေးရရှိ စံချိန် တင်ခဲ့သူ မက်အီရွိုင်းဟာ အခု အသက် ၂၅ နှစ် စွန်းစ
မှာတင် မေဂျာဆုဖလား သုံးလုံးရယူနိုင် ခဲ့တာ တကယ့်ကို လေးစားချီးကျူးစရာပါပဲ။ တန်ဖိုး
ကြီးလှတဲ့ Ferrari F 430 ပြိုင်ကားနဲ့ Lamborghini LP 560 တို့ကို လဲလှယ် စီးတတ် သူ
မက်အီရွိုင်းရဲ့ ၂၀၁၄ဂေါက်သီးအောင်ပွဲ ခရီးကို စောင့်စား အားပေးရင်း ...။















