ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်နဲ့ မျိုးဆက်သစ် ဂလက်တီကို့စ်

ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်နဲ့ မျိုးဆက်သစ် ဂလက်တီကို့စ်

ပြီးခဲ့တဲ့ရာသီကတော့ ပီရက်ဇ်အတွက် ကျေနပ်စရာ ရာသီတစ်ခုလို့ ပြောနိုင်တယ်။ သူ့လက်
ထက်မှာ ရီးယဲလ်ဟာ ချန်ပီယံလိဂ်ဖလားကို ပြန်ယူပြနိုင်ခဲ့တဲ့အပြင် အဆစ်အဖြစ် ကိုပါ ဒယ်
ရေးဖလားကိုပါ ယူလိုက်နိုင်တယ်။ ဒါဟာ ပီရက်ဇ်ကို တွန်းအားပေးလိုက်သလိုဖြစ်သွားတယ်။

ပီရက်ဇ်ဆိုတဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဋ္ဌဟာ အပြောင်းအရွှေ့ဈေးကွက်မှာတော့
သူလိုချင်တဲ့သူကို ရအောင်ခေါ်နိုင်တဲ့သူအဖြစ် နာမည်ကြီးတယ်။ နာမည်ကြီးသလို သူက
လည်း ကောင်းပေ့ဆိုတဲ့ကစားသမား တိုင်းကို မရရအောင်ခေါ်ပြတတ်တယ်။ သူ့လက်ထက်
မှာတင် ရီးယဲလ်အတွက် ကစားသမားခေါ်ယူမှုမှာ ပြောင်းရွှေ့ကြေး စံချိန်တွေတင်နေရတာကို
သူကျေနပ်နေတဲ့ပုံပါပဲ။ သူတင်တဲ့စံချိန်ကို သူပြန်ချိုး နေရတာ က သူ့အတွက် တကယ့်ကို
စိန်ခေါ်မှုကြီး တစ်ခုလို့ပဲလို့တောင် ပြောနိုင်တယ်။

၂၀၀၀ ပြည့်လွန်နှစ်တွေမှာ ပီရက်ဇ်ဟာရီးယဲလ်ကို စကြဝဠာ ပြင်ပက အသင်းတစ်သင်း အဖြစ်
သမုတ်ခံရ အောင် ပုံဖော်ပြနိုင်ခဲ့တယ်။ သူ့ရဲ့ဂလက်တီကို့စ်လို့ အမည်ရတဲ့အသင်းက လည်း
ဥရောပဘောလုံးလောကကို လွှမ်းမိုး ပြနိုင်ခဲ့တယ်။ အခု သူ့အတွက် နောက်ထပ် မျိုးဆက်သစ်
ဂလက်တီကို့စ်အသင်းတစ်သင်း ကို တည်ထောင်ပြဖို့ အခွင့်အရေးရလာခဲ့ ပြန်ပါပြီ။ ဖီဂို၊ ရော်နာဒို၊
ဇီဒန်း၊ ဘက်ခမ်းတို့ခေတ်လွန် အခုမျိုးဆက်သစ် အသင်းတစ်သင်းအဖြစ် ရော်နာဒို၊ ဘေးလ်တို့နဲ့
စတင်အကောင် အထည် ဖော်ထားခဲ့တဲ့ ပီရက်ဇ်ဟာ ဒီရာသီ မှာတော့ သူ့အတွက် နောက်ထပ်
မျိုးဆက်သစ် ဂလက်တီကို့စ်အသင်းတစ်သင်းကို မရရ အောင်ထပ်ပြီး ပုံဖော်ပြတော့မယ့်ပုံပါပဲ။

ကမ္ဘာ့ဖလားပွဲပြီးတာနဲ့ ကမ္ဘာ့ချန်ပီယံဂျာမနီ အသင်းမှာ ခြေစွမ်းအပြနိုင်ဆုံးလို့ သတ်မှတ် ခံထား
ရတဲ့ တိုနီခရူးစ်ကို အရခေါ်ယူနိုင်ခဲ့ပြီး တဲ့နောက် နောက်ထပ်သူ့ရဲ့ပစ်မှတ်ဟာ ကမ္ဘာ့ ဖလားပွဲမှာ
ဂိုးအများဆုံးသွင်းနိုင်ခဲ့တဲ့အပြင် ခြေစွမ်းအားဖြင့်လည်း အကောင်းဆုံးအနေ အထားကိုပြခဲ့တဲ့
ကိုလံဘီယာ ကွင်းလယ် လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ ကမ္ဘာ့ဖလားမှာ ဒဏ်ရာကြောင့် ပါ၀င်ခွင့်မရခဲ့
ပေမယ့် ပြီးခဲ့တဲ့ရာသီကတည်းက အလိုရှိခဲ့တဲ့ ကိုလံဘီယာတိုက်စစ်မှူးဖယ်လ်ကာအိုတို့ကို
ခေါ်ယူပြီး အသင်းကို အားဖြည့်ဖို့ ပီရက်ဇ်တစ်ယောက်ကြိုးစားနေပြန်ပါတယ်။သူ့ရဲ့ ကြိုးစားမှု
ဟာ အရာ ထင်နိုင်ပါ့မလား။ သူလိုချင်ပြီ ဆိုရင် မရရအောင် ခေါ်ပြတတ်တဲ့ ပီရက်ဇ် အတွက်
ဂျိမ်းစ်ကိုတော့ ခေါ်ယူဖို့ သဘောတူညီမှု ယူထားပြီလို့ သတင်းထွက်နေပေမယ့် ဖယ်လ်ကာအို
ကတော့ ရေရာမှုမရှိသေးပါဘူး။

ရိုဒရီဂွက်ဇ်

ကမ္ဘာ့ ဖလားမစမီကတည်းက ဖယ်လ်ကာအိုကို ခေါ်ချင်တယ်လို့သတင်းတွေ ထွက်နေခဲ့
ပေမယ့်လည်း ကာယကံရှင် ကစားသမား ကိုယ်တိုင်ကတော့ ဒီသတင်းတွေကို ငြင်းဆန်ပြီး
သူ့အသင်း မိုနာကိုမှာပဲ ဆက်ရှိနေမယ့်အကြောင်း ထုတ်ပြော ထားပါတယ်။ ဒါပေမဲ့ တကယ်
တမ်း ပီရက်ဇ် လိုချင်လာပြီဆိုရင်တော့ ဖယ်လ်ကာအိုကို ခေါ်ယူနိုင်ဖို့ဆိုတာ ပီရက်ဇ်အတွက်
သိပ်မခက်လှပါဘူး။ ပီရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီကတည်းက ဖယ်လ်ကာအိုကို ခေါ်ချင်နေပေမယ့် သူ့ရဲ့အဓိကပစ်မှတ်က တော့တင်ဟမ်က ဘေးလ် ဖြစ်နေတဲ့အတွက် ဖယ်လ်ကာအိုကို အဆုံးရှုံး
ခံ ထားခဲ့တာပါ။

ဘေးလ်အတွက် သုံးရဖို့ငွေတွေ ကို ဖယ်လ်ကာအိုအတွက် သုံးခဲ့ရင် ပဲ့ပါသွား မှာ စိုးရိမ်ခဲ့လို့
ဖယ်လ်ကာအိုကို လက်လွှတ် ထားပုံပါပဲ။ ပြီးခဲ့တဲ့ရာသီကတော့ ပီရက်ဇ်ဟာ ရီးယဲလ် အသင်းကို
စပိန်လူငယ်ကစားသမားတွေနဲ့ စုဖွဲ့တော့မယ့် အရိပ်အယောင်မျိုးပြခဲ့ပေမယ့် လည်း ဒီရာသီမှာ
တော့ သူ့ရဲ့အကြံအစည်က ပြောင်းသွားပြန်ပါတယ်။

လက်ရှိအချိန်မှာ ပြီးခဲ့တဲ့ရာသီက သူခေါ်ယူထားတဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ကာဆီမဲရိုး
ကို ပေါ်တို ကို ရောင်းချထားပြီး အစ္စကိုကိုလည်း ပြန် ရောင်းဖို့ပြင်နေပြီဆိုတော့ ပီရက်ဇ်အနေနဲ့
အသင်းကို သူ့လက်ထက်ဒုတိယမြောက်ဂလက်တီကို့စ် အသင်းတစ်သင်းအဖြစ် ပုံသွင်း တော့
မယ့် အနေအထားကလည်း ပိုပြီးပေါ်လွင် လာပါတယ်။ လက်ရှိအချိန်မှာ ခရူးစ် တစ်ယောက်
တည်းကိုပဲ ခေါ်ထားနိုင်သေး တယ်ဆိုပေမယ့် ခရူးစ်အတွက်သုံးရတဲ့ငွေ ဟာ သူ့အတွက်တော့
ဘာမှမဟုတ်လောက် သေးပါဘူး။ အဓိက က ဂျိမ်းစ်ရိုဒရီဂွက်ဇ် အတွက် ယူရို ရ၅ သန်းလောက်
သုံးလိုက်ရပြီ ဆိုရင်တော့ သူ့အတွက်ဖယ်လ်ကာအိုကို ခေါ်ဖို့ ငွေကြေးထပ်ဖြည့်ဖို့ လိုလာပါပြီ။

ဒါကြောင့်လည်း လက်ရှိအချိန်မှာတော့ ကွင်းလယ်က ခီဒီရာနဲ့ ဒီမာရီယာလို အဓိက ကစားသမား
တွေကို ရောင်းချဖို့ ပြင်ဆင်မှုတွေ လုပ်လာတာပဲဖြစ်ပါတယ်။ ဘာပဲပြောပြော စပိန်မီဒီယာတွေက
တော့ အခုဆိုရင် ဖယ်လ်ကာအိုပါ၀င်နေတဲ့ ဂလက်တီ ကို့စ်အသင်း တစ်သင်းရဲ့ ပုံကိုတောင်ဖော်
နေ ကြပါပြီ။

ဂိုးသမားနေရာမှာ လိုပက်ဇ်၊ နောက်တန်းနေရာမှာ ကာဗာဟယ်၊ ဗာရာနီ၊ ရာမို့စ်၊ မာဆယ်လို၊
သူတို့လေးယောက်ရှေ့ မှာမှ ခရူးစ်နဲ့ မိုဒရစ်၊ ပြီးရင်တော့ ရော်နာဒို၊ ဂျိမ်းစ်နဲ့ ဘေးလ်တို့ကိုထားပြီး
အထောင် တိုက်စစ်မှူးအဖြစ် ဖယ်လ်ကာအိုကို ကစားစေ မယ့် ရီးယဲလ်ရဲ့ ဂလက်တီကို့စ်ပုံစံ
အသစ်ဟာ မီဒီယာတွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။ ဒီနေရာမှာ စဉ်းစားစရာကောင်းလာတာ
က ရီးယဲလ်ရဲ့ အဲဒီဂလက်တီကို့စ်အသင်းပုံစံ ဟာ တကယ်ပဲ အလုပ်ဖြစ်နိုင်ခြင်းရှိ၊ မရှိဆိုတဲ့
အချက်ပါပဲ။

ပုံစံကွက်ထဲမှာတော့ ရီးယဲလ်ရဲ့ အင်အားဟာ အကောင်းဆုံးအနေအထားမှာ ရှိနေပေမယ့်
တကယ်လို့သာ ခီဒီရာနဲ့ ဒီမာရီယာတို့လို ကစားသမားတွေကို ရောင်းချခဲ့ မယ်ဆိုရင် ရီးယဲလ်ရဲ့
အရန်အင်အားဟာ တောင့်တင်းမှုရှိပါ့ဦးမလားဆိုတာ စဉ်းစား စရာဖြစ်လာတယ်။ သူတို့သာမရှိ
တော့ရင် ကွင်းလယ်မှာ အမာခံကစားသမားဆိုလို့ အလွန်ဆိုနဲ့ အီယာရာမန်ဒီတို့နှစ်ယောက်
သာ ကျန်ခဲ့တော့မှာဖြစ်ပြီး ဒီအနေအထားဟာ ရီးယဲလ်ကွင်းလယ်အတွက် အရန်အင်အား
တောင့်တင်းနေတယ်လို့ ပြောလို့မရတဲ့အနေ အထားမျိုးပါ။

ဒါပေမဲ့ ပီရက်ဇ်ကတော့ သူဖြစ်ချင်တဲ့ အလုပ်တစ်ခုကို မဖြစ်ဖြစ်အောင်လုပ်ပြဖို့ အမြဲကြိုးစားနေ
သူဆိုတော့ သူဖြစ်ချင်တာ ကိုပဲ ဦးစားပေးမှာသေချာတယ်။ အသင်းရဲ့ ကွင်းအတွင်း ပြင်ဆင်မှု
အလုပ်ကတော့ အန်ဆယ်လော့တီရဲ့ အလုပ်ဖြစ်သွားပါပြီ။ ပီရက်ဇ်လုပ်ပြနေသလောက်လည်း
အသင်း ဟာ ပြီးခဲ့တဲ့ရာသီက အောင်မြင်မှုကိုယူနိုင်ခဲ့ပြီ ဆိုတော့ ပီရက်ဇ်အတွက်လည်း နောက်
ထပ် သူလိုချင်တာတွေ လုပ်ပြနိုင်ဖို့အတွက် လက်နှေးနေမှာလည်း မဟုတ်ပါဘူး။

ဒီတော့ ရီးယဲလ်ရဲ့ ဒီရာသီပြုပြင်ပြောင်းလဲမှုဟာ ပိုပြီးစိတ်ဝင်စားစရာလည်း ကောင်းလာပါတယ်။
အထူးသဖြင့် မဟာပြိုင်ဘက်အသင်း ကြီး ဘာစီလိုနာရဲ့ ဒီရာသီပြုပြင် ပြောင်းလဲမှု တွေကလည်း
တစ်ဖက်မှာ ပီရက်ဇ်အတွက် တွန်းအားလိုဖြစ်လာစေဖို့လည်း ရှိနေလို့ ပီရက်ဇ်အတွက် အခုရာသီ
ဟာ မဖြစ်မနေ ငွေသုံးရဦးမယ့် ရာသီတစ်ခုလို့ပဲ ပြောရတော့ မယ်ထင်ပါတယ်။

ပီရက်ဇ်ရဲ့ နောက်ထပ် မျိုးဆက်သစ် ဂလက်တီကို့စ်အသင်းတစ်သင်း ကို ပုံဖော်နိုင်မှု
ဘယ်လောက်အထိ ထိရောက်မှု ရှိမလဲဆိုတာ စောင့်ကြည့်ကြရဦးမှာပါ။



ဖတ်ရှုမှုအများဆုံး