ပြီးခဲ့သောရာသီကို ပြန်ပြောင်းကြည့်လိုက် လျှင် ရိုးမားသည် ဘောလုံးရာသီအစပိုင်း သုံးချိုး
တစ်ချိုးထိ တောက်လျှောက်ဦးဆောင် နိုင်ခဲ့ပြီးမှ ဂျူဗင်တပ်အောက်သို့ ရောက်သွား ပြီး ဘောလုံး
ရာသီပြီးဆုံးချိန်၌ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။
ထိုစဉ်က ဂျူဗင်တပ်ကို အောင်မြင်စွာဦးဆောင်ခဲ့သော နည်းပြ ကွန်တီ နုတ်ထွက်သွားခြင်းကြောင့်
ရိုးမားကို အလိုအလျောက် အားတက်အောင် လုပ်ပေးလိုက်သကဲ့သို့ ရှိသည်။ ယမန်နှစ် မြင်ကွင်း
တစ်ချက်ကို ပြန်ပြောင်း ကြည့်ပါက ဂျူဗင်တပ်သည် ခရစ္စမတ်မတိုင်မီ ရိုးမားအသင်း ခြေချော်
လက်ချော်ဖြစ်ခဲ့သော အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သွားသည် ကို တွေ့ရသည်။
ရိုးမားသည် ခရစ္စမတ်မတိုင်မီ ခြောက်ပွဲဆက်တိုက်တွင် ငါးပွဲသရေကျခဲ့ခြင်း ကြောင့် အဖိုးတန်
၁၀ မှတ် ဆုံးရှုံးခဲ့ရသည်။ တစ်ဖန် ဇန်နဝါရီ ၅ ရက် စီးရီးအေပွဲစဉ်များ ပြန်လည်စတင်သောအခါ
ဂျူဗင်တပ်သည် အိမ်ကွင်းတွင် ရိုးမားကို ၃ဪဝ ဖြင့် အပြတ် အသတ် အနိုင်ရလိုက်သည်။
ခရစ္စမတ်မတိုင်မီ ရိုးမား ငါးပွဲသရေကျပြီး နှစ်သစ်ကူး ပထမဆုံးပွဲတွင် သုံးဂိုးပြတ်နိုင် လိုက်ခြင်း
တို့သည် ဂျူဗင်တပ်အနေဖြင့် ရိုးမား ကို ပီပြင်စွာ အရှိုက်ထိုးနှက်လိုက်ခြင်းဖြစ်ပြီး ယင်းအချက်
ကပင် ဗိုလ်စွဲမည့်အသင်းကို အဖြေထုတ်ပေးလိုက်သည်ဟု အီတလီဘောလုံးကျွမ်းကျင်သူများ
က ကောက်ချက် ဆွဲကြသည်။ ပြီးခဲ့သော ရက်သတ္တပတ်ထဲတွင် ဂျူဗင်တပ် ကို သုံးနှစ်ဆက်
တိုက် ချန်ပီယံဖြစ်အောင် ဦးဆောင်ခဲ့သည့် နည်းပြကွန်တီ ရုတ်တရက် နုတ်ထွက်သွားခြင်း
ကြောင့် ဖြစ်ပေါ်လာ သော အခွင့်အရေးကို ရိုးမားသည် 'အမြတ်ထုတ်' နိုင်မည့် အနေအထား
တွင် ရှိသည်။
စီးရီးအေ ထိပ်တန်း အသင်းကြီးများ၏ နည်းပြများ အနေ အထားကို ပျမ်းမျှ ခြံုငုံကြည့်လိုက်ပါက
အတွေ့အကြံုရော လုပ်ရည်ကိုင်ရည်ပါ 'ကွာဟချက်' ကြီးကြီးမားမားမရှိတော့ခြင်း ကြောင့်
ယင်းအခြေအနေသစ်တစ်ရပ်ကပင် ရိုးမားကို အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ရောက်အောင်
တွန်းပို့နေသယောင် ရှိသည်။
လာမည့်ရာသီအတွက် ကစားသမားသစ် များ ခေါ်ယူ ပြင်ဆင်ရာတွင် ရိုးမားသည် ကစား သမား
ခေါ်ယူအားဖြည့်မှု မူဝါဒ (အမညျေ်နမ စသူငခပ) စနစ်တကျ ချမှတ်ကာ စီးရီးအေနှင့် ချန်ပီယံ
လိဂ်ပြိုင်ပွဲ နှစ်ပိုင်းခွဲ၍ သုံးသပ် လုပ်ဆောင်နေကြောင်း အီတလီ ဘောလုံး ကျွမ်းကျင်သူများက
ထောက်ပြကြသည်။ ချယ်လ်ဆီး ဘယ်တောင်ပံခံစစ်မှူး အက်ရှ် လေကိုးလ် (၃၃ နှစ်)၊ ဗလင်စီ
ယာ ကွင်းလယ်လူ ကီတာ (၃၄ နှစ်)၊ အီမန်နျူရယ်ဆင် (၂၈ နှစ်) တို့ကို ခေါ်ယူလိုက်ခြင်းမှာ
သာမန်အားဖြင့် ကြည့်လျှင် အခြားအသင်းကြီးများက မလိုအပ် တော့သည့် 'အကျ' များကို
ခေါ်ယူခြင်းဟု ယူဆ ရဖွယ်ရှိသည်။ သို့ရာတွင် ဂျူဗင်တပ်ဘက်က 'ဆွဲထုတ်' နှိုင်းယှဉ်ပြလိုက်
တော့မှ ရိုးမား၏ ခေါ်ယူမှုသည် နည်းဗျူဟာကျကျ ခေါ်ယူခဲ့ ခြင်းဖြစ်ကြောင်း ပေါ်လွင်သွားသည်။
လာမည့်ရာသီတွင် ဂျူဗင်တပ်သည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အာရုံစိုက်ရမည် ဖြစ်သော်လည်း
နည်းပြသစ် အယ်လီဂရီက သူ့အသင်းတွင် ချန်ပီယံပြိုင်ပွဲကို အခြားအသင်းများ၌ ကစားခဲ့
ဖူးသော 'သမ္ဘာရင့်'ကစားသမားဟူ၍ အေစီမီလန် ကစားသမားဟောင်း ပီယာလိုနှင့် မန်ယူ၊ မန်စီးတီးကစားသမားဟောင်း တေဗက်ဇ်တို့ နှစ်ယောက်သာရှိကြောင်း ထောက်ပြလိုက်
သည်။
ယင်းရှုထောင့်က ကြည့်လိုက်ပါက ရိုးမား ခေါ်ယူလိုက်သော အက်ရှ်လေကိုးလ်၊ ကီတာ၊
အီမန်နျူရယ်ဆင်တို့သည် အခြားအသင်း များတွင် ရှိစဉ်ကတည်းက ချန်ပီယံ လိဂ်ပြိုင်ပွဲကို
ကစားဖူးသော ကြောင့် 'ချန်ပီယံလိဂ် အတွေ့အကြံု' များ ပြားသူတွေ ဖြစ်ကြသည်။
ထို ကစားသမားများသည် နည်းပြဂါစီယာ လက်ထက်တွင် ပထမဆုံးအကြိမ် ချန်ပီယံ လိဂ်ပြိုင်ပွဲ
၀င်မည့် ရိုးမားအတွက် အရေးကြီး သော အတွေ့အကြံုများကို ယူဆောင်လာ မည့်သူများဖြစ်ကြ
သည်။
တစ်နည်းဆိုသော် ၎င်းတို့သည် လာမည့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ၌ ရိုးမားအတွက် အားထားရ
သော ဘောလုံးသမားများ ဖြစ်လာဖွယ်ရှိသည်။ ၎င်းတို့သည် အသင်းကို ထိန်းကျောင်း ပေးနိုင်ပြီး
အတွေ့အကြံုများဖြင့် ရိုးမား အသင်း၏ ဟန်ချက်ကို 'ကျားကန်'ပေးနိုင်မည် ဖြစ်သည်။
တစ်ဖန် ထိုကစားသမားများကို တော့တီ၊ ဒီရော့စီ၊ ဂျာဗင်ဟို၊ မိုင်ကွန် အစရှိသော ချန်ပီယံလိဂ်
အတွေ့အကြံုရှိ ဘောလုံးသမား များ၊ နည်းပြဂါစီယာ၏ ချန်ပီယံလိဂ် အတွေ့ အကြံုများဖြင့်
ပေါင်းစပ်လိုက်သောအခါတွင် ရိုးမားကို ချန်ပီယံလိဂ်ပြိုင်ပွဲတွင် လျှော့တွက် လို့မရနိုင်ကြောင်း
ကျွမ်းကျင်သူများက သုံးသပ်ပြသည်။
ရိုးမားအနေဖြင့် အက်ရှ်လေကိုးလ်၊ ကီတာ၊ အီမန်နျူရယ်ဆင် အစရှိသူများကို ခေါ်ယူခဲ့ ခြင်းမရှိ
ပါက ယမန်နှစ်ကလည်း ၎င်းတို့သည် ဥရောပ ပြိုင်ပွဲမဝင်ခဲ့ရခြင်းကြောင့် အတွေ့ အကြံုပိုင်း
'ခါးပြတ်'ကာ အသင်းလိုက် အနေ အထားတွင် ချန်ပီယံလိဂ်နှင့် 'စိမ်း'သွားနိုင်ကြောင်း ကျွမ်းကျင်
သူများက တစ်ဆက်တည်း သုံးသပ်ကြသည်။
အက်ရှ်လေကိုးလ်ကို ခေါ်ယူ နိုင်ခြင်းကြောင့် ရိုးမားခံစစ်ကြောင်း ကျစ်လျစ်သွားပြီး ဘယ်ခြမ်းပါ
အားပြည့် သွားသည်။ အက်ရှိလေကိုးလ်အနေဖြင့် စီးရီးအေတွင် ဖိအားနှင့် နယ်မြေစိမ်းနေခြင်း
များကို ကျော်လွှားနိုင်ဖို့သာ လိုအပ်သည်။ ဗလင်စီယာကွင်းလယ်လူ ကီတာသည် ကွင်းလယ်
ဘယ်ခြမ်း ကစားသမားဖြစ်သော ကြောင့် ယမန်နှစ်က လစ်ဟာခဲ့သော ရိုးမား ဘယ်ခြမ်းကို
အားဖြည့်ပေးနိုင်မည်ဖြစ်ပြီး လိုအပ်ပါက ဒီရော့စီနေရာကိုပါ အစားထိုး ပေးနိုင်မည် ဖြစ်သည်။
တစ်ဖန် အီမန်နျူရယ်ဆင်သည် အေဂျက်ဇ်၊ အေစီမီလန်စသော ထိပ်တန်းအသင်းကြီးများတွင်
ကစားဖူးပြီး ကွင်းလယ် ၌ နေရာစုံကစားနိုင် သောကြောင့် ရိုးမား အတွက် echnical-gifted play-
er ဖြစ်လာဖွယ် ရှိသည်။
လာမည့်ရာသီသစ်အတွက် ကစားသမား အပြောင်းအရွှေ့ဈေးကွက်တွင် ရိုးမားအနေဖြင့် ဂျူဗင်
တပ်ကို တစ်ချက် အလဲထိုးနိုင်ခဲ့သည်မှာ အာဂျင်တီးနားတိုက်စစ်မှူး ဂျူအန်အီတာဘီကို ယူရို
၂၂ သန်းဖြင့် ခေါ်ယူလိုက် နိုင်ခြင်း ဖြစ်သည်။ အသက် ၂၁ နှစ်အရွယ် အလားအလာ ကောင်း
သော ဗီရိုနာအသင်းမှ အာဂျင်တီးနား တိုက်စစ်မှူး ဂျူအန်အီတာဘီကို ဂျူဗင်တပ် သည် အစော
ပိုင်းကတည်းက ခေါ်ယူရန် ကြိုးပမ်းခဲ့သည်။ ရုန်းအားကောင်းပြီး နေရာအတော်များများ ပြောင်း
ရွှေ့ကစားနိုင်စွမ်း ရှိသော အီတာဘီ ရောက်ရှိလာခြင်းကြောင့် ရိုးမားတိုက်စစ်အင်အားစုသည်
တောင့်တင်း သွားသည်။ လက်ရှိအနေအထားတွင် တိုက်စစ်အင်အား စုဖွဲ့မှုချင်း နှိုင်းယှဉ်ပါက
ဂျူဗင်တပ် တွင် 'ကျလူ' များပြားနေပြီး ရိုးမားတွင် 'တက်လူ' များပြားနေသည်။
ထိုအချက်က လာမည့်ရာသီ တွင် ချန်ပီယံလိဂ်နှင့် စီးရီးအေပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်တည်း
'ဖွင့်' ကစားသောအခါတွင် ဂျူဗင်တပ်နှင့် ရိုးမားတို့အကြား အဆုံးအဖြတ်ပေးသွားမည့်အချက်
ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြသည်။
သို့ရာတွင် ရိုးမားအနေဖြင့် လတ်တလော တွင် အဓိကဖြေရှင်းရမည့် အချက်နှစ်ချက် ရှိသည်။
ပထမအချက်မှာ ဂျူအန်အီတာဘီ အပါ အဝင် ကစားသမားသစ်များ ခေါ်ယူလိုက်ခြင်း ကြောင့်
သုံးစွဲလိုက်ရသော 'ဘတ်ဂျက်' ကာမိစေရန် ကစားသမားအချို့ကို ထုတ်ရောင်းရဖွယ် ရှိနေ
သည်။
ပြီးခဲ့သော ရာသီကဆိုလျှင် ရိုးမားသည် မာကွင်းဟို (ပီအက်ဂျီ ယူရို ၃၁ ဒသမ ၅ သန်း)၊ အဲရစ်
လာမေးလား (စပါး ယူရိုသန်း ၃၀)၊ အော့စဗဲလ်ဒို (ဆောက်သမ်တန် ယူရို ၁၅ သန်း) တို့ကို
ထုတ်ရောင်း ခဲ့ခြင်းကြောင့် နောက်ခံလူ ဘီနာတီယာနှင့် မိုင်ကွန်၊ ကွင်းလယ်လူများဖြစ်ကြ
သော၊ကီဗင်စထရုမင်း၊ နီယန်ဂိုလန်နှင့် အဒမ် လာဂျစ်၊၊၊၊တိုက်စစ်မှူး ဂျာဗင်ဟို၊၊၊အစရှိသော
အရေးပါသူများကို ခေါ်ယူအားဖြည့်နိုင် ခြင်း မဟုတ်ပါလား။
သို့ကလိုကြောင့် ယခုရာသီတွင်လည်း ကစားသမားသစ်များကို ခေါ်ယူရာတွင် ငွေကြေးသုံးစွဲ
ခဲ့သော ရိုးမားသည်အသင်း၏ ငွေပေးငွေယူရှင်းတမ်း တည်ငြိမ်မှုရှိအောင် ဘီနာတီယာ၊ အဒမ်
လာဂျစ် အစရှိသော ဈေးကောင်းရမည့် ကစားသမားများကို ပြန်လည်ရောင်းချရဖွယ်ရှိသည်။
ထိုသို့ ရောင်းချရာတွင် အရေးကြီးသောအချက်မှာ အသင်းတည်ငြိမ်မှု မထိခိုက်အောင် ယမန်
နှစ်ကကဲ့သို့ မှန်ကန်စွာ ရောင်းချနိုင်ဖို့ လိုအပ်သည်။ ဒုတိယအချက်မှာ အသစ်ရောက်လာသူ
များနှင့် ပေါင်းစပ်လိုက်သောအခါ ရိုးမားတွင် တော့တီ၊ ဒီရော့စီ၊ အက်ရှ်လေကိုးလ်၊ မိုင်ကွန်၊
ကီတာ အစရှိသော 'သမ္ဘာကြီး'တွေ များပြား လာခြင်း ဖြစ်သည်။
ရိုးမားသည် ၎င်းတို့၏ အတ္တ၊ မာန်မာနများ ပြိုင်ဆိုင်ရာ 'ခတ်ကွင်း' မဖြစ်သွားဖို့ အရေးကြီးသည်။
'သမ္ဘာကြီး'တွေ များပြားလာခြင်းကြောင့် အတ္တလွန်ကဲမှု ကြီးထွားလာပြီး တစ်ကိုယ်ကောင်းဆန်မှု
များပြားလာမည်ကိုတော့ စိုးရိမ်ရသည်။ လာမည့်ရာသီ ရိုးမား၏ အလားအလာ သည် ထိုနှစ်ချက်
ကို နည်းပြရူဒီဂါစီယာ တစ်ယောက် မည်မျှထိ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်မည် နည်းဆို
သော အနေအထား ပေါ်တွင် မူတည်နေသည်။
ယင်းနှစ်ချက်ထဲ တွင် ပထမအချက်သည် နည်းပြဂါစီယာ တစ်ယောက်တည်း ဖြေရှင်းရမည့်
တာဝန် မဟုတ်ဘဲ အမှုဆောင်အရာရှိချုပ်နှင့် အားကစားဒါရိုက်တာတို့ အဓိက ဖြေရှင်းရ မည့်
အပိုင်း ဖြစ်သည်။ သို့ရာတွင် ိမနျျငညါမသသာ ဟု ခေါ်သော အဝတ်လဲခန်းတွင် ဖြစ်ပေါ်လာမည့်
ဒုတိယ အချက်ကိုတော့ နည်းပြဂါစီယာ တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းရမည် မဟုတ်ပါလား။















