ဖမ်းစားထားသော သတင်းများ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါက တော့ အပြောင်းအရွှေ့ဈေး
ကွက်အတွင်းမှာ ဘွန်ဒက်စ်လီဂါက ဂျာမနီကစားသမားတွေနဲ့ အပြောင်းအရွှေ့ကိစ္စပြုလုပ်ရတာ
ဟာ သူ့ အတွက် အဆင်ပြေမှုရှိတယ်လို့ ပြောပါတယ်။ ဒါဟာ ထူးခြားမှုတစ်ခုဖြစ်ပြီး နောက်ထပ်
ဂျာမနီကစားသမားတွေကို ခေါ်ယူသွားနိုင် လိမ့်မယ်လို့လည်း အာစင်ဝင်းဂါးက မျှော်လင့် နေပါ
တယ်။
တကယ်တော့ အင်္ဂလန်နဲ့ ဂျာမနီ ဆိုတာဟာ သမိုင်းကြောင်းအရ အများကြီး ပြောစရာဆိုစရာ
ရှိခဲ့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ၂၀၀၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဂျာမနီမြေပေါ်မှာ ၁ဪ၅ ဂိုးရလဒ်နဲ့
နိုင်ခဲ့တဲ့ သာဓကတွေ၊ ၂၀၁၀ ကမ္ဘာ့ဖလားမှာ လမ်းပတ် အပြင်းကန်သွင်းတဲ့ ကန်ချက်ဟာ ဂိုးဝင်
သွားခဲ့ပေမယ့် အခု ၂၀၀၄ ရွှေလက်အိတ်ဆုရ ဂျာမနီဂိုးသမား နျူဟာက လိမ္မာပါးနပ်စွာ ဂိုးထဲက
ပုတ်ထုတ် ပြီး ဟန်ဆောင်ကောင်းခဲ့တာတွေက ဂျာမနီနဲ့ အင်္ဂလန်ကြားမှာ ဇာတ်လမ်းကောင်း
တွေ ဖြစ်ခဲ့ပါတယ်။
အာစင်ဝင်းဂါးက အင်္ဂလန် ဒါမှမဟုတ် ဗြိတိန်အခြေစိုက်နည်းပြတစ်ဦးတော့ မဟုတ် ပါဘူး။ သူက
ပြင်သစ်လူမျိုးနည်းပြတစ်ဦးသာ ဖြစ်ပါတယ်။ သူ့ဆီမှာ ဂျာမနီကစားသမား တွေအနေနဲ့ အိုဇေးလ်၊
မာတီဆက်ကာ၊ ပိုဒေါ စကီး ဒါ့ပြင် လူငယ်ကစားသမားတွေဖြစ်တဲ့ နာဘရီ၊ သောမတ်စ်အက်
ဖဲလ်စ်တို့လည်း ရှိနေကြတဲ့အတွက် အရင်က ပြင်သစ်သားတွေ ကိုသာ အားပြုတဲ့ ၀င်းဂါးက
ဂျာမနီဘွန်ဒက်စ် လီဂါဘက်ကို မျက်စိကျလာပြီလားလို့ မေးရ မှာဖြစ်ပါတယ်။
၀င်းဂါးဟာ စီးပွားရေး အကွက် မြင်တတ်သူနဲ့ တည်ဆောက်ရေးဗိသုကာ ဆိုတာလည်း ထည့်
တွက်ရမှာပါ။ အခမ်းနားဆုံး လှုပ်ခတ်မှု အခုပဲ ရီးယဲလ်က အပြောင်းအရွှေ့ရဲ့ စိန်ခေါ်မှုကို စတင်
လိုက်ပါတယ်။ အဲဒါက တော့ ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီကွင်းလယ်လူ တိုနီခရူးစ်ကို ပြောင်းရွှေ့
ကြေး ယူရိုသန်း ၃၀ နဲ့ ခြောက်နှစ်စာချုပ်တစ်ရပ်ချုပ်ဆို ခေါ်ယူ သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
တိုနီခရူးစ်ဟာ ဘိုင်ယန်မှာ လေးနှစ်ကြာကစားပြီး အမှတ်ပေး ဖလားသုံးကြိမ်နဲ့ ပိုကယ်ဖလား
သုံးကြိမ်တို့ အပြင် ၂၀၁၂ဪ၁၃ ဘောလုံးရာသီက စံချိန်တင် ဖလားသုံးကြိမ်ရရှိခဲ့သူလည်း
ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ဘရာဇီးလ်ဟာ ဘောလုံး သမားတင်ပို့တဲ့ ထုတ်ကုန်နိုင်ငံတစ်နိုင်ငံ
ဖြစ်ခဲ့သလို အခုလည်း ဂျာမနီဟာ ကျန်တဲ့ ဒေသဇုန်တွေကို အပထား ဥရောပဒေသ အချင်းချင်း
တော့ ဘောလုံးတင်ပို့တဲ့ ထုတ်ကုန် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရ ပါတယ်။
အခြားအကြောင်းအရာတစ်ရပ်ကတော့ ရီးယဲလ်မက်ဒရစ်ရဲ့ ဂျာမနီကွင်းလယ်လူ ခီဒီယာအတွက်
အာဆင်နယ်နဲ့ ချယ်လ်ဆီးက အပြိုင်လိုက်နေတာတွေ့ရပါတယ်။ ပြောင်းရွှေ့ ကြေးက ပေါင်သန်း
၂၀ ဈေးနှုန်းရှိပြီး သူ့ရဲ့ လုပ်ခလစာက တစ်ပတ်ပေါင် ၁၈၀,၀၀၀ ရှိတဲ့အတွက် အာဆင်နယ်အနေနဲ့
အပြောင်း အရွှေ့ပျက်ပြားဖို့ အနေအထားရှိပါတယ်။ ဒါပေမဲ့ ရီးယဲလ်မှာတုန်းက ခီဒီယာကို ခေါ်ခဲ့
တဲ့ မော်ရင်ညိုကတော့ ဒါဆိုရင် သူ့နဲ့ အတူ လာပေါင်းဖို့ ဖိတ်ခေါ်နေတာလည်း တွေ့ရပါတယ်။
ဘွန်ဒက်စ်လီဂါအပြောင်းအရွှေ့တွေကို ကြည့်လိုက်ရအောင် အခုအချိန်အထိ ဘွန်ဒက်စ်လီဂါ
အပြောင်း အရွှေ့တွေမှာ ပိုက်ဆံအသုံးနိုင်ဆုံးကတော့ ဒေါ့မွန်အသင်းဖြစ်ပြီး သူတို့ဟာ လက်
လွတ် ဆုံးရှုံးသွားရတဲ့ ချန်ပီယံဆုဖလားကို ပြန်လည် သိမ်းပိုက်ရရှိနိုင်ဖို့ ကြိုးစားဟန်ပြင်နေပါ
တယ်။ သူတို့ဟာ ဖရိုင်းဘတ်ကနေ နောက်ခံ လူ မာသီးယပ်စ်ဂျင်တန်ကို ယူရို ၁၀ သန်း၊
တောင်ကိုရီးယားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ၀န်ဂျီဒေါင်ကို အော့စ်ဘတ်ကနေ အလွတ် ပြောင်းရွှေ့
ကြေး၊ အီတလီ တိုက်စစ်မှူး အမ်မို ဘီလ်ကို တိုရီနိုကနေ ပြောင်းရွှေ့ကြေး ယူရို ၁၉ ဒသမ ၄ သန်း၊
ကိုလံဘီယာတိုက်စစ်မှူး အေဒရီယန်ရာမို့စ်ကို ဟာသာဘာလင်ကနေ ပြောင်းရွှေ့ကြေးယူရို
ကိုးသန်းနဲ့ ခေါ်ယူထား တာတွေ့ရပါတယ်။
အခြားခေါ်ယူမှုများ ဒုတိယအကြီးမားဆုံး ခေါ်ယူမှုကတော့ လေဗာကူဆင်ဖြစ်ပြီး ပြောင်းရွှေ့ကြေး
စုစုပေါင်း ယူရို ၂၁ ဒသမ ၃ သန်းသုံးစွဲထား ပါတယ်။ သူတို့ကတော့ တူရကီကွင်းလယ်လူ တစ်ဦး
ဖြစ်တဲ့ ဟာကန်ကယ်လ်ဟန်နိုဂလူးကို ဟမ်းဘတ်ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၄ ဒသမ ၅ သန်း
၊ ယူကရိန်းတိုက်စစ်မှူး ယူချင်ကို ကို ရှက်တာဒိုးနက်ကနေ ပြောင်းရွှေ့ကြေး ယူရို သုည ဒသမ ၃
သန်း၊ ခရိုအေးရှား နောက်ခံလူ ဂျီဗာဂျီကို ရိုးမားကနေ အငှား၊ ခရိုအေးရှားဂိုးသမား ကရီဆစ်ကို
မိန့်ဇ်ကနေ ပြောင်းရွှေ့ကြေးအလွတ်၊ ဘရာဇီးလ်နောက်ခံ လူ ၀င်ဒယ်လ်ကို ဂရီမီဂိုကလပ်ကနေ
ပြောင်း ရွှေ့ကြေး ယူရို ၆ ဒသမ ၅ သန်းနဲ့ ခေါ်ယူ ထားတာတွေ့ရမှာပါ။ မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့
ဘိုင်ယန်မြူးနစ် ကတော့ တိုနီခရူးစ်ကို ထုတ်ရောင်းခဲ့တာ တောင် အပြောင်းအလဲကြီးကြီးမားမား
မလုပ် ဘဲ ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်းပဲ သုံးထား ပါတယ်။ ဘိုင်ယန်ဟာ စပိန်နောက်ခံလူ
ဂျူအန်ဘားနက်ကို ဗလင်စီယာကနေ ယူရို ၁၀ သန်းသုံးပြီး ခေါ်လိုက်တာပါ။ ဘိုင်ယန် အတွက်
အတန်ဆုံးကတော့ ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ဒေါ့မွန်ကနေပြောင်းရွှေ့ ကြေးအလွတ်နဲ့
ရလိုက်တာဖြစ်ပါတယ်။
ဘိုင်ယန်ဟာ အသင်းကို အနည်းငယ်ပြုပြင် ပြီး အရင်ရစ်သမ်အတိုင်းပဲသွားမယ်လို့ ခန့်မှန်းရ
ပါတယ်။ အသင်းအတွေအနေနဲ့ သူတို့သုံးစွဲနိုင်တဲ့ ငွေကြေးအရ ကစားသမား ခေါ်ယူမှုတွေကို
ပြုလုပ်နေဦးမှာဖြစ်ပါတယ်။ အပြောင်းအရွှေ့ ရာသီကလည်း မပိတ်သေး လို့ ဂျာမန်ဘွန်ဒက်စ်
လီဂါက ကစားသမားတွေ ထွက်ခွာခွင့်ရှိနိုင်သလို ဘယ်သူတွေ ရောက် လာဦးမလဲဆိုတာ
စောင့်ကြည့်ရမှာပါ။















