၂၀၁၄ အော်ရီဒူး ရှုံးထွက်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များပြီးဆုံး

၂၀၁၄ အော်ရီဒူး ရှုံးထွက်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များပြီးဆုံး

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဥသမနိသသ တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် 2014 MFF
Ooredoo Cup ပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ်များကို ပြီးခဲ့သည့် ဇူလိုင်လ ၂၀၊ ၂၁ ရက် များ
တွင် ကျင်းပပြုလုပ်ခဲ့ရာ ရတနာပုံ၊ နေပြည်တော်၊ ဧရာဝတီယူနိုက်တက်နှင့် ချင်းယူနိုက်တက်
အသင်းတို့က နိုင်ပွဲ ကိုယ်စီရရှိခဲ့ကြပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြသည်။

ရတနာပုံအသင်းသည် ရန်ကုန်ယူနိုက်တက်အသင်းကို ၂ဪ၁ ဂိုးဖြင့်လည်းကောင်း၊ ချင်း
ယူနိုက်တက်အသင်းက ဟံသာဝတီ ယူနိုက်တက်အသင်းကို ၁ဪဝ ဂိုးဖြင့် လည်းကောင်း၊
ဧရာဝတီယူနိုက်တက်အသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကို ၁ဪဝ ဂိုးဖြင့်လည်းကောင်း၊
နေပြည်တော် အသင်းက မကွေးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့်လည်းကောင်း အနိုင်ရရှိ
ခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲစဉ်များကို လာမည့် ဩဂုတ်လ ၆ ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမည်
ဖြစ်ပြီး ရတနာပုံအသင်းနှင့်ဧရာဝတီယူနိုက်တက်အသင်း၊ နေပြည်တော်အသင်းနှင့် ချင်းယူနိုက်
တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါ ၂၀၁၄ MFF Ooredoo Cup ပြိုင်ပွဲကို ပြီးခဲ့သည့် ဧပြီလမှ စတင်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်အသင်းများနှင့် မြန်မာနေရှင်နယ်လိဂ်(၂)
အသင်းများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က MFF Digicel Cup အမည်ဖြင့် ကျင်းပပြုလုပ်ခဲ့သော ပြိုင်ပွဲတွင်
ကမ္ဘောဇအသင်းက အနိုင်ရ ဗိုလ်စွဲခဲ့သည်။



ဖတ်ရှုမှုအများဆုံး