နိုင်ငံတကာ ဒိုင်စာမေးပွဲ မြန်မာဒိုင်သုံးဦး အောင်မြင်

နိုင်ငံတကာ ဒိုင်စာမေးပွဲ မြန်မာဒိုင်သုံးဦး အောင်မြင်

အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံစားပွဲ တင် တင်းနစ်နှင့် ကမ္ဘာ့စားပွဲတင်တင်းနစ်
အဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ပြီးခဲ့သည့် ဧပြီလက နေပြည်တော်၌ နိုင်ငံတကာ စားပွဲတင်
တင်းနစ်ပြိုင်ပွဲများတွင် တာဝန်ယူ ကိုင်တွယ်နိုင်မည့် နိုင်ငံတကာအဆင့် ဒိုင်သင်တန်းနှင့် စာမေး
ပွဲကို ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ သင်တန်းသို့ မြန်မာနိုင်ငံက ပြည်တွင်း စားပွဲတင်တင်းနစ်ဒိုင်လူကြီး ၁၉ ဦး တက်ရောက်
သင်ကြားခဲ့ပြီး နိုင်ငံတကာ ဒိုင်စာမေးပွဲကို မြန်မာနိုင်ငံက ဒိုင်လူကြီး သုံးဦး ၀င်ရောက်ဖြေဆိုခဲ့ကြ
သည်။

အဆိုပါ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲကို ၀င်ရောက်ဖြေဆိုသော ဒိုင်လူကြီး သည် စားပွဲ
တင်တင်းနစ် စည်းမျဉ်း၊ စည်းကမ်း များကို ကျွမ်းကျင်နားလည်ပြီး အင်္ဂလိပ်စာ အရည်အသွေး
ကောင်းမွန်ရန် လိုအပ်ကြောင်း သိရသည်။ မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက် ဖြေဆိုသည့်
ဒိုင်လူကြီး သုံးဦးစလုံး အဆိုပါ စာမေးပွဲကို အောင်မြင်ခဲ့ကြပြီး နိုင်ငံတကာ စားပွဲတင် တင်းနစ်ပြိုင်
ပွဲများတွင် တာဝန်ယူ နိုင်မည့် ပထမဦးဆုံး မြန်မာလူမျိုး နိုင်ငံ တကာ ဒိုင်များဖြစ်လာခဲ့သည်။

"ဒီ စာမေးပွဲကို ဖြေစဉ်က အကောင်းဆုံး ကြိုးစားဖြေခဲ့ပေမယ့် အောင်မယ်လို့ သေချာ ပေါက်
မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ အောင် စာရင်းထွက်လာတော့ ကျွန်တော်တို့ သုံးယောက်စလုံး
အောင်မြင်တယ်လို့ အကြောင်းကြားပါတယ်။ ဒီသတင်းကို ကြားရတော့ ကျွန်တော်အရမ်းပဲ
၀မ်းသာမိပါ တယ်။ ကျွန်တော်တို့နိုင်ငံက ပထမဆုံး အကြိမ် ၀င်ရောက်ဖြေဆိုပြီး ဒီအကြိမ်မှာပဲ
သူငယ်ချင်းသုံးယောက်စလုံး အောင်မြင် တယ်ဆိုတော့ အရမ်းဝမ်းသာမိပါတယ်"ဟု အောင်မြင်
သူသုံးဦးထဲက တစ်ဦးဖြစ်သည့် ကိုဘုန်းမြင့်က မြန်မာတိုင်း(မ်)ကို ပြော သည်။

"ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲကြီးကို မြန်မာ နိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ ကနေ ဒီလိုအခွင့်
အရေးတွေ ပေါ်ပေါက်လာ တာပါ။ ဒီပြိုင်ပွဲကြီးက နိုင်ငံတကာပြိုင်ပွဲကြီး ဆိုတော့ နိုင်ငံတကာက
ဒိုင်အဖွဲ့အစည်း တွေနဲ့ ချိတ်ဆက်မှုတွေရခဲ့ပြီး ဒီလိုသင်တန်း နဲ့ ဒီလိုစာမေးပွဲမျိုး ပေါ်ပေါက်လာ
တာပါ" ဟု မြန်မာနိုင်ငံ၏ ပထမဦးဆုံး နိုင်ငံတကာ စားပွဲတင် တင်းနစ်ဒိုင်လူကြီးတစ်ဦးဖြစ်လာ
သူ ကိုကြံုးဟရင်မန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ကျွန်တော်တို့ ဆီးဂိမ်းပြိုင်ပွဲမှာ တာဝန်ယူ စဉ်က နိုင်ငံတကာဒိုင်တွေဆီက အားကစား ကွင်းထဲ
ကို ၀င်ရင် ဘယ်လိုနေရမယ်ဆိုတာ ကျွန်တော်တို့ မသိခဲ့ဘူး။ ကွင်းထဲဝင်ရင် ဘယ်လိုနေရာယူ
ရတယ်။ ဒိုင်အချင်းချင်း ဘယ်လိုနှုတ်ဆက်ရတယ်ဆိုတာကို သင်ယူ ခဲ့ရပါတယ်။ နေပုံထိုင်ပုံတွေ
သင်ယူခဲ့ရပါ တယ်။ အဲဒီကတည်းက နိုင်ငံတကာ ဒိုင်လူ ကြီးတစ်ဦးအဖြစ် ရပ်တည်နိုင်ဖို့ မျှော်
လင့် ခဲ့ပါတယ်"ဟု ၎င်းက ဆက်ပြောကြားသည်။

ကြက်တောင်၊ မြန်မာ့ရိုးရာသိုင်းနှင့် စားပွဲတင် တင်းနစ် အားကစားတို့ကို ပြည်ထဲ ရေး လက်ရွေး
စင်အဖြစ်ကစားခဲ့ပြီး ယခု အချိန်မှာတော့ နိုင်ငံတကာ စားပွဲတင်တင်းနစ် ဒိုင်လူကြီးဖြစ်လာသူ
ရဲအုပ်သူဇာလွင်က "ကျွန်မတို့ နိုင်ငံတကာဒိုင်တွေဖြစ်လာတဲ့ အတွက် အရမ်းပဲဂုဏ်ယူမိပါတယ်။
ဒီလို ဖြစ်လာတဲ့အတွက် မြန်မာအားကစား သမားတွေကို နိုင်ငံတကာပြိုင်ပွဲအတွေ့ အကြံုတွေ၊
နိုင်ငံတကာမှာ ပြောင်းလဲနေတဲ့ နည်းစနစ်တွေအကြောင်းကို မျက်ခြည်မပြတ် ပြန်ပြောပြနိုင်မှာပါ"
ဟု ပြောသည်။

အဆိုပါ ဒိုင်သုံးဦးစလုံးသည် စားပွဲတင် တင်းနစ်ကစားသမားများအဖြစ် ပြိုင်ပွဲများ တွင် ကစား
ခဲ့ပြီးနောက် ပြည်တွင်းပြိုင်ပွဲများ တွင် ဒိုင်အဖြစ်တာဝန်ယူခဲ့သည်။ ပြီးခဲ့သည့် နှစ် မြန်မာနိုင်ငံတွင်
အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြုလုပ်ခဲ့သော (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား
ပြိုင်ပွဲနှင့် (၇)ကြိမ်မြောက် အရှေ့တောင်အာရှ မသန် စွမ်းအားကစားပြိုင်ပွဲများတွင် ဒိုင်အဖြစ်
တာဝန်ယူဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံက ဒိုင်လူကြီးသုံးဦးသည် ကမ္ဘာ့စားပွဲတင် တင်းနစ်အဖွဲ့ချုပ် (Inter-
national Table Tennis Federation-ITTF) က ဖိတ်ခေါ်ပါက နိုင်ငံတကာပြိုင်ပွဲများတွင်
တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး