ဘယ်သို့ရည်ရွယ် ပြင်ဆင်နေသလဲ လီဗာပူး

ဘယ်သို့ရည်ရွယ် ပြင်ဆင်နေသလဲ လီဗာပူး

လီဗာပူးဆိုတာ ပရီမီယာလိဂ်လို့ နာမည်ပြောင်းပြီးနောက်ပိုင်းမှာ ကျိန်စာသင့်နေတဲ့ ထိပ်သီး
အသင်းတစ်သင်းပဲ ဖြစ်ပါတယ်။ နာမည်ပြောင်းပြီးနောက်ပိုင်းမှာ ပရီမီယာလိဂ် ချန်ပီယံဖလားကို
တစ်ခါမှမရဖူးသေးတာက လီဗာပူးပရိသတ်တွေအတွက်တော့ ခံပြင်း စရာပဲ ဖြစ်ပါတယ်။

မနှစ်ကရာသီတုန်းက တော့ အိပ်မက်လက်တစ်ကမ်းကို ရောက်လာ ပြီးမှ ကပ္ပတိန်ဂျရတ်ရဲ့
မှားယွင်းမှုကြောင့်၊ ချယ်လ်ဆီးမန်နေဂျာ မော်ရင်ညိုကြောင့် နောက်ဆုံးမှာ လီဗာပူးရဲ့ ချန်ပီယံ
အိပ်မက်က ပျောက်ဆုံးသွားခဲ့ရပြန်ပါတယ်။ ဒါပေမဲ့ မက်ခွင့်ရခဲ့တဲ့ အိမ်မက်လေးတစ်ခုကို
အကောင်းဆုံး မြင်တွေ့နိုင်ဖို့အတွက် လာမယ့် ရာသီ ၂၀၁၄-၁၅ ရာသီအတွက် လီဗာပူးဟာ
ပြင်ဆင်မှု ကြီးကြီးမားမားတွေလုပ်နေတာကိုတော့ မြင်တွေ့နေရပြီဖြစ်ပါတယ်။

လီဗာပူးရဲ့ လက်ရှိပြင်ဆင်နေမှုတွေအပေါ်မှာ လီဗာပူး ပရိသတ်တွေ အားရကျေနပ်ကြပါရဲ့လား
ဆိုတာကတော့ မေးခွန်းထုတ်စရာပဲ ဖြစ်ပါ တယ်။ အသင်းပိုင်ရှင်၊ အားကစားဒါရိုက်တာ၊ မန်နေ
ဂျာတို့ဟာ ချန်ပီယံဖြစ်ချင်ကြသူတွေ ဆိုပေမယ့် ပြင်ဆင်မှုဟာ ဘယ်လောက် စနစ်ကျသလဲ၊
အားရစရာကောင်း သလဲဆိုတာက အသင်းတစ်သင်း အောင်မြင်မှုရနိုင်ဖို့အတွက် အရေး ပါဆုံး
အချက်ပဲ ဖြစ်ပါတယ်။

မနှစ်ကရာသီဟာ လီဗာပူး အသင်း ချန်ပီယံဖြစ်ဖို့ အကောင်းဆုံးရာသီ ပဲ ဖြစ်ပါတယ်။ နောက်ဆုံး
မှာ လီဗာပူးဪချယ်လ် ဆီးပွဲမှာ ဂျရတ်အမှားကြောင့် ရှုံးနိမ့်သွားလို့ ဂျရတ်ဟာ ဓားစာခံဖြစ်သွား
ခဲ့ရပေမယ့် တကယ်တာဝန်အရှိဆုံးသူက မန်နေဂျာ ဘရန်ဒန်ရော်ဂျာပဲဖြစ်ပါတယ်။

လီဗာပူးရဲ့ ချန်ပီယံအဖြစ်နိုင်ဆုံးရာသီမှာ နောက်ဆုံး တော့ တိုက်စစ်မှူး ဆွာရက်ဇ်ပဲ အောင်မြင်မှု
အသီးအပွင့်တွေကို စားသုံးသွားနိုင်ခဲ့တာ ကတော့ နှမြောစရာပဲ ဖြစ်ပါတယ်။ ဆွာရက်ဇ် ရဲ့
အောင်မြင်မှု နောက်ဆက်တွဲက ဘာစီလိုနာ ကို ပေါင် ရ၅ သန်းနဲ့ရောင်းဖို့ ဖြစ်လာတာ တစ်ခုပဲ
လီဗာပူးရဲ့အမြတ်လို့ ဆိုရမှာပဲဖြစ်ပါ တယ်။ မနှစ်ကရာသီအစမှာ ဆွာရက်ဇ်ကို အာဆင်နယ်က
ပေါင်သန်း ၄၀ နဲ့ဝယ်ဖို့ ကမ်းလှမ်းစဉ်က လီဗာပူးဟာ လက်မခံခဲ့တာ က မှန်ကန်တဲ့ ဆုံးဖြတ်
ချက်ဖြစ်ခဲ့ပြီး အခုအခါ မှာ ဘာစီလိုနာက နှစ်ဆပေးတဲ့အခါမှာ ရောင်းလိုက်တာကလည်း မှန်
ကန်တဲ့ ဆုံးဖြတ် မှုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဆွာရက်ဇ် ရောင်းရ ငွေကို ဘယ်လိုအသုံးချမလဲဆိုတဲ့
နေရာမှာ တော့ လီဗာပူးရဲ့ စီမံပုံတွေက လီဗာပူးပရိသတ် တွေကို အားရစရာဖြစ်လာပါရဲ့လား။

ဆွာရက်ဇ် မရှိတော့လို့ လီဗာပူးတိုက်စစ်ကို ဖြည့်တင်းပေးရမှာဖြစ်ပေမယ့် ဘရန်ဒန်ရော်ဂျာ ဖြည့်
တင်းနေတဲ့ပုံစံက အားရစရာမကောင်း ဖြစ်နေပါတယ်။ မနှစ်က ဆွာရက်ဇ်ဪ စတားရစ်ချ်
အတွဲဟာ အကောင်းဆုံးတိုက်စစ်အတွဲ ဆိုတာ အားလုံးလက်ခံထားပြီးဖြစ်ပါတယ်။

အခုဆွာရက်ဇ်မရှိတော့တဲ့အတွက် စတားရစ်ချ်နဲ့တွဲဖို့ တိုက်စစ်မှူးဖြည့်တင်းရတော့မှာပါ။ ဒါပေမဲ့
ဖြည့်တင်းထားတဲ့တိုက်စစ်မှူးတွေ တစ်ကိုယ်တော် စွမ်းဆောင်နိုင်စွမ်းမှာ ထိပ်တန်းအဆင့်မရှိဖြစ်
နေတာက လီဗာပူး တိုက်စစ်ကို စိတ်ပျက်လာစေတော့မှာ ဖြစ်ပါ တယ်။ ဘရန်ဒန်ရော်ဂျာ ဖြည့်
တင်းနေတဲ့ ကစား သမားတွေကိုကြည့်လိုက်ရင် ဆောက်သမ် တန်ကစားသမားတွေကိုပဲ အဓိက
၀ယ်ယူ ဖြည့်တင်းနေတာကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။ လီဗာပူးအားကစားဒါရိုက်တာ၊ မန်နေဂျာ တို
့ဟာ လွယ်လွယ်ပေါ့ပေါ့လေးပဲ ကစားသမား တွေဖြည့်နေတဲ့သဘော ဖြစ်ပါတယ်။

ဆောက် သမ်တန်ကစားသမားတွေဖြစ်တဲ့ လာလာနာ၊ ရစ်ကီလမ်းဘတ်၊ လိုဗ်ရန်ဆိုတဲ့ မနှစ်က
ဆောက်သမ်တန်ကို ဦးဆောင်ကစားခဲ့တဲ့ ကစားသမားတွေကို ခေါ်ထားခဲ့တာက နောက်ဆုံးမှာ
လီဗာပူးဟာ ဆောက်သမ်တန် ကလုံးအသင်း ဖြစ်လာစေမှာ သေချာပါတယ်။ ဘာကြောင့် ဥရော
ပတိုက်ပေါ်ထွက်ပြီး ကစားသမားတွေကို မရှာဖွေခဲ့ပါသလဲဆိုတာက မေးခွန်းပဲဖြစ်ပါတယ်။

ရစ်ကီလမ်းဘတ်ရဲ့ အရည်အသွေးဟာ ဘယ်လောက်ရှိပါသလဲ၊ ဆွာရက်ဇ်မရှိလို့ ကျန်နေခဲ့သူ
စတားရစ်ချ်နဲ့ အကောင်းဆုံးကစားနိုင်ပါ့မလား၊ စတားရစ်ချ် ရဲ့ မရင့်ကျက်သေးတဲ့ အနေအထား
နဲ့တော့ လာမယ့်ရာသီ လီဗာပူးတိုက်စစ်ဆိုတာ မနှစ်ကလို တိုက်စစ်မျိုးမြင်တွေ့ရဖို့ဆိုတာ
မလွယ်ကူလှပါဘူး။

မနှစ်က လီဗာပူးအသင်းလိုက်ကောင်းခဲ့ပြီး တိုက်စစ်က အစွမ်းထက်ခဲ့တဲ့အထဲမှာ လီဗာပူးဟာ
ဘာပြိုင်ပွဲမှမကစား ရဘဲ ပရီမီယာလိဂ်တစ်ခုတည်းကိုပဲ အာရုံစိုက် ကစားခဲ့ရတဲ့အချက်ဟာ
တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ လီဗာပူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၀င်ခွင့်ရလို့ ပရီ
မီယာ လိဂ်နဲ့အတူ အပြိုင်ကစားရမယ့် ရာသီဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ဆွာရက်ဇ်နေရာအတွက် လမ်းဘတ်လောက်နဲ့ ဖြည့်တင်းထား ခြင်းကတော့
အတော့်ကို အားနည်းနေမှုပဲ ဖြစ်ပါတယ်။ စတားရစ်ချ် ကစားဟန်က မကြာခဏ ဒဏ်ရာရတတ်
လေ့ရှိတာကြောင့်စတားရစ်ချ်သာ ဒဏ်ရာရသွားခဲ့ရင် လီဗာပူး တိုက်စစ်ဟာ အခက်အခဲတစ်ပုံ
တစ်ပင်နဲ့ ဖြစ်လာတော့မှာပဲဖြစ်ပါတယ်။ လမ်းဘတ်ဟာ အသက် ၃၂ နှစ်ရောက်နေပါပြီ။ သူဟာ
ခြေစွမ်းကောင်းတယ်ဆိုတာ ဆောက်သမ်တန်လို အလယ်အလတ် အသင်းအဆင့်လောက်နဲ့သာ
သင့်တော်သူဖြစ်ပါတယ်။

လီဗာပူးလို ရည်မှန်းချက်ကြီးကြီးအသင်းမှာ ခြေစွမ်းပုံမှန်ရနိုင်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ပဲ
မြင်နေမိပါ တယ်။ မနှစ်က လီဗာပူးဟာ ဂိုး ၁၀၂ ဂိုးသွင်းခဲ့ပေမယ့် ဒီရာသီမှာတော့ လက်ရှိတိုက်
စစ် ပုံစံနဲ့တော့ ဂိုး ၆၀ ရဖို့ဆိုတာမလွယ်လောက် တဲ့ အနေအထားဖြစ်လာပါလိမ့်မယ်။ စတား
ရစ်ချ်၊ စတာလင်တို့လို မရင့်ကျက်သေးတဲ့ တိုက်စစ်မှူးတွေဟာ အရွယ်နဲ့မလိုက်တဲ့ တာဝန်တွေ
ကို ထမ်းပိုးထားရမယ့်ပုံမှာရှိလာ တော့မှာဖြစ်ပါတယ်။ လမ်းဘတ်ပြီးတော့ ရီမီကို ခေါ်လိုက်ပြန်
ပါသေးတယ်။ နောက်ဆုံးမှာရီမီဆေးကျလို့ မရလိုက်တာက လီဗာပူး အတွက် ကံကောင်းသွားခြင်း
ဖြစ်သွားပါ တယ်။

ပရီမီယာလိဂ်စတင်ဖို့ နီးစပ်လာချိန် အထိ လီဗာပူးဟာ တိုက်စစ်မှူးကောင်းကောင်း မဖြည့်
တင်းနိုင်သေးတာက ဒီရာသီပရီမီယာ လိဂ်ကို စိန်ခေါ်ဖို့အတွက်အားနည်းချက် ဖြစ်လာစေနိုင်ပါ
တယ်။ ဆွာရက်ဇ်မရှိတော့တဲ့နောက်မှာ လီဗာပူးဟာ အလားအလာကောင်း ရှိတဲ့ တိုက်စစ်မှူး
ကောင်းတစ်ယောက်ကိုခေါ်ရတော့မယ့်ကာလ ဖြစ်ပါတယ်။ ဒါပေမဲ့ လီဗာပူးရဲ့ အပြောင်းအရွှေ့
ပေါ်လစီက စိတ်ပျက်စရာမျိုးဖြစ်နေတာက မနှစ်က လီဗာ ပူးလို ပုံစံမျိုးမြင်တွေ့ရမယ် မထင်ပါ
ဘူး။ ဆောက်သမ်တန်ကွင်းလယ်က လာလာနာ ကို ပေါင် ၂၅ သန်းနဲ့ ခေါ်တာကတော့ လီဗာပူး
အနေနဲ့ များပြားလွန်းတဲ့ ခေါ်ယူမှုပဲဖြစ်ပါ တယ်။ လာလာနာကစားပုံ ကောင်းခဲ့တယ်ဆိုပေမယ့်
သူ့ရဲ့အရည်အသွေးအပေါ်မှာတော့ သံသယဝင်စရာပဲဖြစ်ပါတယ်။

လေဗာကူဆင်က ဂျာမန် ယူ-၂၁ လက်ရွေးစင် အမ်မရီကန်ကို ပေါင် ၁၀ သန်းနဲ့ခေါ်ထားခဲ့ပြီး ဖြစ်
သလို ဘင်ဖီကာက မာကိုဗစ်ကိုလည်း ပေါင်သန်း ၂၀ နဲ့ ခေါ်လိုက်ပြန်ပါတယ်။ လာလာနာ၊
အမ်မရီကန်၊ မာကိုဗစ် သုံးယောက် ပေါင်းကို ၅၅ သန်းတောင် သုံးခဲ့တာက လီဗာပူးအတွက်
များပြားလွန်းတဲ့ သုံးစွဲမှု ဖြစ်နေခဲ့ပါတယ်။ တကယ်လို့ လာလာနာကိုခေါ်ရင် မာကိုဗစ်ကိုခေါ်
စရာမလိုဘူးထင်ပါတယ်။ လီဗာပူး ကွင်းလယ်မှာ မနှစ်က ဂျရတ်၊ ဟင်ဒါဆင်၊ ရီဗာတို့အကောင်း
ဆုံး ကစားနိုင်သူတွေ ဖြစ်ခဲ့ပါတယ်။

မနှစ်က ခေါ်ထားတဲ့ အယ်လ်ဘာတို၊ အက်စ်ပါ တို့ကို အငှားနဲ့ အခြားအသင်း တွေကို ပို့သလို
မနှစ်က အငှား ချထားတဲ့ အဆာအီဒီ၊ ဘိုရီနီတို့ကိုကျတော့ ရောင်းဖို့ကြိုးစားနေတာက လီဗာပူး
အပြောင်းအရွှေ့ပေါ်လစီမှာ တစ်ခုခုမှားယွင်းနေတာ သေချာနေပါတယ်။ ဆောက်သမ်တန်
နောက်တန်းအတွင်းလူ လိုဗ်ရန်ကို ခေါ်လိုက်တာကတော့ နောက်တန်း ဟာ ပိုပြီးအားကောင်း
သွားစေခဲ့ပါတယ်။ လိုဗ်ရန်ကို ခေါ်လိုက်တဲ့အတွက် ဆာခိုနဲ့လိုဗ်ရန်ဟာ လီဗာပူးနောက်တန်း
အတွင်းမှာအဓိကကစားသမားတွေဖြစ်လာနိုင်ပြီး မနှစ်ကထက် နောက်တန်းဟာ ပိုတောင့်သွားပြီ
ဖြစ်ပါတယ်။

ကပ္ပတိန် ဂျရတ်အတွက်တော့ ဒီရာသီဟာ သူ့အတွက် နောက်ဆုံးရာသီဖြစ်လာနိုင်ပါ တယ်။
ဂျရတ်ဟာ ချယ်လ်ဆီးနဲ့ပွဲမှာ သူ့ကြောင့် ဂိုးပေးလိုက်ရတဲ့အဖြစ်အပျက်က စိတ်ဒဏ်ရာ ရသွား
စေပြီး နောက်ဆက်တွဲ ထိခိုက်သွား မှုကတော့ အင်္ဂလန်အသင်း ဘရာဇီးလ်မှာ တစ်ပွဲမှ နိုင်ပွဲ
မရဘဲ ပြန်လာခဲ့ရခြင်းပဲဖြစ်ပါ တယ်။ ဂျရတ်ရဲ့ဒီဒဏ်ရာတွေက အခုလာမယ့် ရာသီ လီဗာပူးရဲ့
ပွဲအစတွေမှာပါ သက်ရောက် မှုရှိလာနိုင်ဖွယ်ရှိနေလို့ ဆောက်သမ်တန်က ရောက်လာတဲ့
လာလာနာဟာ အဓိက အားထားသူဖြစ်လာဖို့ရှိနေခဲ့ပါတယ်။

ဒါပေမဲ့ ရာသီအစ လီဗာပူးပွဲတွေကို လာလာနာဟာ လွဲချော်ဦးမှာ ဖြစ်တဲ့အတွက် ဘရန်ဒန်
ရော်ဂျာရဲ့ ခေါ်ယူမှုတွေဟာ အဟောသိကံ တွေ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ မနှစ်က စပါး အသင်း
ဟာ ဂါရတ်ဘေးလ် ရောင်းရငွေနဲ့ ကစားသမားတွေ အများအပြားလှိမ့်ဝယ်ပြီး ပြိုင်ပွဲဝင်ခဲ့ပေမယ့်
နောက်ဆုံးမှာ အရာ မရောက်ဖြစ်သွားခဲ့ရပါတယ်။ အခုလည်း လီဗာပူးဟာ ဆွာရက်ဇ်ရောင်းရငွေ
တွေနဲ့ ကစားသမားတွေကို လှိမ့်ဝယ်နေတာကတော့ စပါးလိုဖြစ်မလားဆိုတာ စိတ်ဝင်စားစရာပဲ
ဖြစ်ပါတယ်။

ဘရန်ဒန်ရော်ဂျာအနေနဲ့ ၄-၃-၂-၁ ကစားကွက်အတွက် တိုက်စစ်မှူး ကွင်းလယ်ကစားသမားကိုပဲ
အားထားနိုင် တဲ့အတွက်ကြောင့် ကွင်းလယ်ကစားသမား တွေကို အားဖြည့်နေတာလို့ ထင်ရပေ
မယ့် မနှစ်က အက်စ်ပါ၊ အယ်လ်ဘာတိုတို့ နေရာ မရဖြစ်ခဲ့သလို အခုလည်း လီဗာပူးကွင်းလယ်
ဟာ ကစားသမားတွေများပြီး ဘယ်သူတွေ နေရာပျောက်သွားမလဲ ဆိုတာကလည်း စိတ်ဝင်စား
စရာပဲ ဖြစ်ပါတယ်။ မနှစ်ကရာသီမှာ လီဗာပူးဟာ ပွဲစုစုပေါင်း ၄၃ ပွဲသာ ကစားခဲ့ရတာပါ။

လာမယ့်ရာသီ မှာတော့ လီဗာပူးဟာ ပရီမီယာလိဂ် ၃၈ ပွဲနဲ့ အတူ ချန်ပီယံလိဂ်ပွဲ အနည်းဆုံး
ခြောက်ပွဲနဲ့ အက်ဖ်အေဖလားပွဲ၊ လိဂ်ပွဲတွေပါ ကစားရ တော့မှာ ဖြစ်ပါတယ်။ အားနည်းသွားတဲ့
တိုက်စစ်ကို အားဖြည့်မှုနည်းပါးပြီး ကွင်းလယ် ကို လှိမ့်ပြီးအားဖြည့်နေတာကတော့ လီဗာပူး ကို
ဒီရာသီမှာ သတိထားရတော့မှာပဲ ဖြစ်ပါ တယ်။ ပေါင် ရ၅ သန်းကို အကျိုးရှိအောင် ဘယ်လိုစီမံ
မလဲ စဉ်းစားရင်းက ဝေဝါးသွားခဲ့ တာကတော့ ဘောလုံးစီးပွားရေးအတွက် သတိပြုစရာပဲဖြစ်ပါ
တယ်။

မနှစ်က ပရီမီယာ လိဂ်မှာ ၂၆ ပွဲနိုင်၊ ခြောက်ပွဲသရေ၊ ခြောက်ပွဲ ရှုံး ၁၀၁ ဂိုးသွင်းခဲ့တဲ့ လီဗာပူးဟာ
ဒီနှစ်မှာ တော့ အဲဒီလိုရလဒ်တွေ ထပ်ထွက်လာဖို့ ဆိုရင် သန်း ၂၀ အနည်းလေးပေးရတဲ့ ထိပ်တန်း
တိုက်စစ်မှူးတစ်ဦး မဖြည့်လို့ကတော့ ဖြစ်လာ တော့မယ်မထင်ပါဘူး။ မနှစ်က ဆွာရက်ဇ်
ခြေစွမ်းပြတဲ့ ကာလတွေကိုပဲ တမ်းတရင်းသာ ရှိလာမယ်လို့ ယူဆနေမိပါရဲ့ ...။



ဖတ်ရှုမှုအများဆုံး