ဒီရာသီ လာလီဂါအသင်းတွေထဲမှာ စိတ်ဝင်စား နေမိတာက ဘာစီလိုနာလည်းမဟုတ်ဘူး။
ရီးယဲလ်မက်ဒရစ်လည်းမဟုတ်ဘူး။ လက်ရှိ ချန်ပီယံဖြစ်တဲ့ အလက်တီကိုမက်ဒရစ်ကိုပါ။ ဘာစီ
လိုနာနဲ့ ရီးယဲလ်မက်ဒရစ် အသင်းတွေ ကစားသမားတွေဘယ်လိုပဲ ခေါ် ထားခေါ်ထား ငွေတွေ
ဘယ်လောက်ပဲသုံးသုံးဒါဟာ ထူးဆန်းတဲ့ကိစ္စ တစ်ခုမဟုတ်ပါဘူး။
လာလီဂါရဲ့ မဟာအသင်းကြီးတွေဖြစ်တဲ့အပြင် ကျန်အသင်းတွေထက်လည်း ငွေကြေး ကအစ
အဘက်ဘက်မှာ အသာရနေတဲ့အသင်းတွေပီပီ နှစ်တိုင်းလိုလိုလည်း ရာသီသစ်အတွက် ငွေတွေ
သုံးပြီး ကစားသမားကောင်းတွေခေါ်နေတာဟာ အထူးအဆန်းမဟုတ်ပါဘူး။ ကျန်တဲ့အသင်း
တွေထက်ခေါင်းတစ်လုံးထက်မက အသာရနေတဲ့ အသင်းတွေပီပီ လာလီဂါချန်ပီယံဆုဟာ
လည်း ဒီနှစ်သင်းရဲ့လက်ထဲမှာပဲ တစ်ဝဲလည်လည်နဲ့ ရှိနေခဲ့တာပါ။
ဒီနှစ်သင်းဆီက ချန်ပီယံဆုကို ပြီးခဲ့တဲ့ရာသီကတော့ အလက်တီကိုအသင်းက မထင်မှတ်ဘဲ
ဖောက်ထွက်လုယူပြနိုင်ခဲ့လို့ မဟာအသင်းကြီးနှစ်သင်းအတွက် ဒီရာသီမှာ လာလီဂါချန်ပီယံ
ဆုကို ပြန်ရဖို့ ငွေကြေး တွေပုံသုံးလာတာလည်း လုပ်နေကြ အလုပ်အတိုင်းပါပဲ။ ဒါကြောင့်
ရီးယဲလ်နဲ့ ဘာစီလိုနာ အသင်းတွေရဲ့ မထူးဆန်းလှတဲ့ ပြင်ဆင်မှုတွေ ထက် လက်ရှိချန်ပီယံ
ဆုကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားရမယ့် အလက်တီကိုရဲ့အနေအထား က ပိုလို့စိတ်ဝင်စား
စရာကောင်းလာခဲ့တာပါ။
အလက်တီကိုဟာ လာလီဂါမှာ အသင်းကြီးလို့ ပြောလို့ရတဲ့အသင်းဆိုပေမယ့် ဘာစီလိုနာနဲ့
ရီးယဲလ်ကိုတော့ ယှဉ်နိုင်တဲ့အဆင့်မျိုးမှာ အမြဲရှိနေတဲ့အသင်းမဟုတ်ပါဘူး။ ငွေကြေးတောင့်
တင်းမှုအပိုင်းမှာလည်း မဟာအသင်းကြီးနှစ်သင်းရဲ့ နောက်မှာပဲ အမြဲတမ်းရှိနေတဲ့အပြင်
ငွေကြေး အကျပ် အတည်းကိုလည်း လာလီဂါက တခြားအသင်း တွေလိုပဲ ရင်ဆိုင်နေခဲ့ရတဲ့
အသင်းမျိုးပါ။
ဒါပေမဲ့ အလက်တီကိုအသင်းဟာ နည်းပြ ဆီမြွန်နီရဲ့လက်ထက်မှာတော့ တဖြည်းဖြည်း၊
တစ်နှစ်ပြီးတစ်နှစ် တိုးတက်မှုတွေပြလာခဲ့ပြီး ပြီးခဲ့တဲ့ရာသီကဆိုရင် မဟာအသင်းကြီး နှစ်သင်း
ကိုကျော်ဖြတ်ကာ လာလီဂါချန်ပီယံ ဆုကို အရယူနိုင်တဲ့အပြင် ချန်ပီယံလိဂ်မှာ လည်း နောက်
ဆုံးဗိုလ်လုပွဲအထိ တက်နိုင် ခဲ့ပြီး ပြိုင်ဘက်ရီးယဲလ်မက်ဒရစ်ကို အချိန်ပို သွင်းဂိုးတွေကြောင့်သာ
အရှုံးပေးခဲ့ရလို့ အလက်တီကိုအတွက် ဘာပဲပြောပြော ပြီးခဲ့တဲ့ရာသီကတော့ အသင်းသမိုင်းမှာ
အောင်မြင်တဲ့ စံချိန်တင်နိုင်ခဲ့တဲ့ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ငွေကြေး အကျပ် အတည်း
တွေ ကြံု ရတတ်တဲ့အသင်း တစ်သင်းရဲ့ ထုံးစံ အတိုင်း ရာသီသိမ်း ချိန်မှာတော့ တခြား အသင်း
တွေက အသင်းရဲ့ အဓိက ကစားသမားတွေကို ခေါ်ယူဖို့ အပြိုင်ကြိုးစားလာမှုကို ခံခဲ့ရပါ တယ်။
ဒါကြောင့်လည်း ဒီယေဂိုကော်စတာ၊ ဖိလစ်ပီလူးဝစ္စ စတဲ့ကစားသမားတွေကို ရောင်းထုတ်ကာ
ငွေရှာခဲ့ရပြီး တချို့ကစားသမားတွေကျတော့လည်း အသင်းနဲ့ အငှား စာချုပ် ကုန်သွားခဲ့ကြလို့
သူတို့ရဲ့ ပိုင်ရှင် အသင်းတွေထံ ပြန်ပို့ခဲ့ရတယ်။ ဒီတော့ အလက်တီကိုအတွက် လျော့နည်းသွား
တဲ့ အဓိက ကစားသမားနေရာတွေအတွက် ပြန်အားဖြည့်မှုမျိုး အလုံး အရင်းနဲ့ လုပ်နိုင်ဖို့ ရှိပါ့
မလား။
လက်ရှိချန်ပီယံဘွဲ့ကိုရော ဆက် ထိန်းနိုင်မယ့် အင်အားတောင့်တင်း မှုမျိုးရှိနိုင်ဦးပါ့မလားဆိုတာ
ဟာ မေးခွန်းထုတ်ချင် စရာကောင်းလာခဲ့ပါတယ်။ ၁၉၉၅ နောက်ပိုင်းမှာ မာယော့ကာ၊ ဒီပို့တီဗို၊
ဆိုစီဒက်၊ ဗလင်စီယာလိုအသင်း တွေဟာ ရီးယဲလ်နဲ့ ဘာစီလိုနာကို အံတုပြ ရင်း ရှေ့ကို တိုး
ထွက်လာခဲ့ကြတာ မှန်ပေမယ့် ရေရှည်မခံခဲ့ကြပါဘူး။ မာယော့ကာ၊ ဒီပို့ တီဗိုနဲ့ ဆိုစီဒက်အသင်း
တွေဆိုရင် နောက်ပိုင်း မှာ တန်းဆင်းသွားရတဲ့အထိ အခြေအနေဆိုး သွားခဲ့ကြပြီး ဗလင်စီယာ
တစ်သင်းသာ အတတ်နိုင်ဆုံး တောင့်ခံနိုင်ခဲ့တာ တွေ့ရ တယ်။ ဒီလိုဖြစ်ရတာကလည်း ဒီအသင်း
တွေဟာ အောင်မြင်မှုကို ဆက်ထိန်း နိုင်ဖို့ အတတ်နိုင်ဆုံး အပြိုင်ကြိုးစား ရင်း ငွေကြေးအရာပိုင်း
မှာ ယှဉ်နိုင် ခြင်းမရှိဘဲ တဖြည်းဖြည်းနဲ့ အကြွေး တွေပိကာ ကျဆုံးတဲ့အထိ ဖြစ် သွားခဲ့ကြရတာ
ပါ။
အခု လည်း အလက်တီကို ဟာ လာလီဂါ ၁၀ ရာသီအတွင်းမှာ ပထမဦးဆုံး အကြိမ်အဖြစ်
ရီးယဲလ်နဲ့ ဘာစီ လိုနာကို ကျော် ဖြတ်ပြီး လာလီဂါချန်ပီယံဆိုကို ဖောက်ထွက် ရယူပြနိုင်
ခဲ့ပေမယ့် သူတို့ရဲ့ အနေအထားကလည်း အထက်မှာ ဖော်ပြခဲ့တဲ့ အသင်းတွေနဲ့ သိပ်မကွာတဲ့
ငွေကြေးအင်အားကိုသာ ပိုင်ဆိုင်ထားတဲ့ အသင်းမျိုး ဖြစ်လို့ ရေရှည်မှာ ရီးယဲလ် နဲ့ ဘာစီလိုနာ
ကို ယှဉ်နိုင် ဖို့ ဖြစ်နိုင်ပါ့မလားဆိုတာ သံသယဝင်စရာ ဖြစ်လာခဲ့ပါတယ်။
လက်ရှိအသင်းက ထွက်သွားတဲ့ ကစားသမားတွေနေရာအတွက် ဂိုးသမား နေရာမှာ ဘင်ဖီကာ
မှ အော့ဘ်လက်၊ ကော် စတာနေရာအတွက် ဘိုင်ယန်မြူးနစ်က မန်ဇူကစ်ကို ပြန်ဖြည့်ထားခဲ့တာ
မှန်ပေမယ့် ဒီပြင်ဆင်မှုနဲ့ အသင်းကြီးနှစ်သင်း ပြင်ဆင်မှုကို နှိုင်းယှဉ်ကြည့်ရင်တော့ သိသာတဲ့
ကွာဟ မှုတွေ ရှိနေသေးတာအမှန်ပါပဲ။ လောလောဆယ်မှာလည်း ဆိုစီဒက်က ဂရစ်ဇ်မန်းကို
ခေါ်ယူနိုင်ပြီဖြစ်လို့ အလက် တီကိုရဲ့တိုက်စစ်ပိုင်းဟာ ပြီးခဲ့တဲ့ရာသီကနဲ့ သိပ်မကွာလှတဲ့အနေ
အထားမှာ ဆက်ရှိနေ မှာပဲ ဖြစ်တယ်။
အလက်တီကိုဟာ တိုက်စစ်မှူး တွေမွေးထုတ်ပြီး ဈေးကောင်းနဲ့ ရောင်းချကာ ငွေရှာတတ်တဲ့
အသင်းတစ်သင်းဖြစ်သလို တိုက်စစ်မှူးတစ်ဦးထွက်သွားလည်း နောက် ထပ် တိုက်စစ်မှူးကောင်း
တစ်ဦး အမြဲလိုလို ပေါ်ထွက်လာခဲ့တတ်လို့ အခုလည်း မန်ဇူကစ် နဲ့ ဂရစ်ဇ်မန်းတို့ရဲ့အတွဲဟာ
အသင်းရဲ့ အစဉ် အလာကို ဆက်ထိန်းနိုင်မလားဆိုတာလည်း စိတ်ဝင်စားစရာကောင်းလာပါ
တယ်။ တော ရက်စ်အထွက် အဂွေရိုအဝင်၊ အဂွေရိုအထွက် ဖယ်လ်ကာအိုအဝင်နဲ့ ဖယ်လ်ကာ
အိုအထွက် ဒီယေဂိုကော်စတာ အဝင်တို့ကိုကြည့်ရင် အခု ကော်စတာအထွက်မှာ မန်ဇူကစ်ဟာ
အလက်တီကိုရဲ့တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်မှု ပေးနိုင်မလားဆိုတာလည်း စောင့်ကြည့်
ချင်စရာ ဖြစ်လာပါတယ်။
လောလာဆယ် ကစားသမားအင်အား အရလည်း ပြီးခဲ့တဲ့ရာသီက ကစားသမားအများစုကို
ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားနေပြီး နည်းပြ ဆီမြွန်နီကလည်း အသင်းကိုတည်ဆောက်တဲ့နေရာ
မှာ နာမည်ကြီးတွေကို အားကိုးတတ်တဲ့သူတစ်ယောက် မဟုတ်တဲ့ အချက်က အလက်တီကို
ဟာ ဒီရာသီမှာလည်း အတတ်နိုင်ဆုံးတော့ မဟာပြိုင်ဘက်အသင်းကြီးနှစ်သင်းကို ဖိအားဆက်
ပေးနိုင်ဖို့ ရှိနေဦး မှာပါ။
ဒါပေမဲ့ လက်ရှိချန်ပီယံဘွဲ့ကို ဆက်ထိန်း နိုင်ဖို့ဆိုတာကတော့ မဟာအသင်းကြီး နှစ်သင်းနဲ့
အပြိုင် ပြင်ဆင်မှုလိုက်မလုပ်နိုင်တဲ့ အချက်က အဓိကအားနည်းမှုဖြစ်နေလို့ သိပ်တော့မလွယ်
လှဘူး ထင်ပါတယ်။















