အင်္ဂလန်မြေ လိဒ်ကနေ စတင်တာလွှတ်ခဲ့ပြီး အနုပညာ မြို့တော်ပါရီမှာ ပန်းဝင်စမြဲဖြစ်တဲ့ ကမ္ဘာ
ကျော် Tour de France စက်ဘီးပြိုင်ပွဲ ကြီးကတော့ ဇူလိုင် မိုးစက်တွေနဲ့အတူ ပြီးဆုံး သွားခဲ့ပြီပဲ
ဖြစ်ပါတယ်။
အကွာအဝေးမိုင်ပေါင်း ၂,၂၇၆ မိုင်ခရီးကို အဆင့်ပေါင်း ၂၁ ဆင့် စီးနင်းယှဉ်ပြိုင်ရတဲ့ ဒီခက်ခဲလှ
တဲ့ စက်ဘီး ပြိုင်ပွဲမှာ အင်္ဂလန်သားတွေ နှစ်နှစ်ဆက် ဗိုလ်စွဲခဲ့ပေမယ့် အခုနှစ်မှာတော့ ၂၀၁၃
ချန်ပီယံ ဖရွန်းဟာ ဒဏ်ရာကြောင့် ပွဲစဉ်(၅)အပြီးမှာ နုတ်ထွက်သွားခဲ့ရပြီး အဆင့်တိုင်းမှာ
အကောင်းဆုံးစီးနင်းယှဉ်ပြိုင် ခြေစွမ်းပြနိုင် ခဲ့သူ အီတလီစက်ဘီးငွေကြယ်ပွင့် ဗင်းဆင့်ဆို
နီဘာလီဟာ ၂၀၁၄ တိုးဒီဖရန့် ချန်ပီယံဆု ဖလားရယူသွားနိုင်ခဲ့တာကို ရောမမီဒီယာတွေ က
တခမ်းတနားဂုဏ်ပြုဖွဲ့နွဲ့နေကြပါတယ်။
UCI နိုင်ငံတကာစက်ဘီးအဖွဲ့ချုပ် လက် အောက်ခံ စက်ဘီးအဖွဲ့ပေါင်း ၂၄ ဖွဲ့ ပါ၀င် ယှဉ်ပြိုင်ခဲ့ပြီး
ပြိုင်ပွဲအစမှာ Team Sky အသင်း နဲ့ Shimano အသင်းတို့ ရေပန်းစားခဲ့ပေမယ့် အခုနှစ်မှာ အောင်ပွဲ
ခံခဲ့တဲ့ အီတလီသားရဲ့ အသင်းကတော့ ထိပ်တန်းအသင်း တစ်သင်း ဖြစ်တဲ့ Astana Team ပဲဖြစ်ပါ
တယ်။ အီတလီ စက်ဘီးစတား တွေနဲ့ ကင်း ကွာ နေတာ ၁၆ နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ တိုးဒီဖရန့်ဆု
ဖလား ကို စစ္စလီသား ဗင်းဆင့် ဆိုဟာ စုစုပေါင်းစီးနင်းချိန် ၈၉ နာရီ၊ ၅၉ မိနစ်၊ ၀၆ စက္ကန့်နဲ့
လှမ်းဆွတ်ယူငင်နိုင်ခဲ့တာဖြစ်ပြီး နိုင်ငံ တကာ စက်ဘီး အားကစားစာမျက်နှာမှာ အီတလီသား
တွေရဲ့ အခန်းကဏ္ဍ မှေးမှိန်နေ တာကို ပြန်လည် ၀င်းပစေနိုင်ခဲ့ပြီပဲဖြစ်ပါ တယ်။
၂၀၀၅ ကာလမှာ ပရော်ဖက်ရှင်နယ် ကမ္ဘာကို စတင်ဝင်လာခဲ့သူ ဗင်းဆင့်ဆိုဟာ အရင်အသင်း
တွေဖြစ်တဲ့ Bortolo နဲ့ရော၊ Liquigas Team နဲ့ပါ အောင်မြင်မှုမရရှိခဲ့ဘဲ အခုအသင်းသစ်
Astana နဲ့မှ ကမ္ဘာကျော် ဘဝကို လှမ်းတက်လာနိုင်ခဲ့ခြင်းကိုလည်း စစ္စလီစာစောင်တွေက
ဂုဏ်ပြုမဆုံးရှိနေကြ ပါတယ်။ ပူပူနွေးနွေး တိုးဒီဖရန့်စက်ဘီးချန်ပီယံ ဗင်းဆင့်ဆိုဟာ အီတလီ
စက်ဘီးပရိသတ်တွေ ကြားမှာ The Shark အမည်ပြောင်နဲ့ ထင်ရှား သူ ငွေကြယ်ပွင့်တစ်ပွင့်
ပဲဖြစ်ပါတယ်။
၁၉၉၈ မှာ အီတလီ စတား ပန် တာနီ ပါရီမြေ မှာ သရဖူဆောင်း ခဲ့ပြီးနောက်မှာ တိုးဒီ ဖရန့်ဆုနဲ့
၁၆ နှစ်ကြာ ဝေးခဲ့ကြပြီး အခု မိုးထဲရေထဲမှာ ကျားကုတ်ကျားခဲ နွှဲခဲ့ကြတဲ့ ၂၀၁၄ ပြိုင်ပွဲမှာမှ
ရောမဂုဏ်ကို ပြန်ဆောင်နိုင်ခဲ့ကြ တာပါလို့ ESPN က ကောင်းချီးပေးလာပါ တယ်။
Astana Team ရဲ့ အသင်းခေါင်းဆောင် အဝါရောင်ဂျာစီကို အဆင့်(၁၉)ကနေ (၂၁) အထိ
တောက်လျှောက်ဝတ်ဆင်စီးနင်း အောင်ပွဲခံသွားသူ အီတလီသား ဗင်းဆင့်ဆို က "ကျွန်တော့်
ဘဝမှာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့ ပျော်ရွှင်မှုပါပဲ။ မိခင်မြေ အီတလီ ဂုဏ်ကို ပြန်ဆောင်
နိုင်ခဲ့သလို Astana အသင်း ရဲ့ဂုဏ်ကိုပါ ဆောင်နိုင်ခဲ့တာ ကြည်နူးစရာပါ။
Astana အသင်းပိုင်ရှင် ဗီနိုကိုရော့ဗ်အတွက် လည်း ဒီအောင်ပွဲကို ရည်ညွှန်းလိုပါတယ်။ တကယ့်
ကို ခက်ခဲတဲ့အဆင့်အမြင့်ဆုံးပြိုင်ပွဲ တစ်ရပ်မှာ အခုလို သရဖူဆောင်းခွင့်ရတာ ပရိသတ်တွေရော၊
အသင်းဖော်တွေ အားလုံးရဲ့ အားပေးမှုကြောင့်ပါ"လို့ ပွင့်ပွင့် လင်းလင်း ၀မ်းမြောက်စကားဆိုသွား
ပါတယ်။ 2010 Vuelta a Espana ဆုဖလား၊ 2013 Girod' Italia ဆုဖလားနဲ့ 2014 Tourde
ဆုဖလားတို့ကို အသက် ၂၉ နှစ်အရွယ် မှာ ရယူနိုင်ခဲ့သူ ဗင်းဆင့်ဆိုဟာ ဂန္ထဝင် စက်ဘီးချန်ပီယံ
ငါးဦးသာ ရှိသေးတဲ့ Grand Tours Championship List မှာ ဆဋ္ဌမမြောက် ငွေကြယ်ပွင့်သစ်အ
ဖြစ် မှတ်တမ်းသစ်ရေးထိုး နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
၂၀၁၄ အီတလီ ပြည်တွင်း ပြိုင်ပွဲမှာ ပွဲဦးထွက်ချန်ပီယံဆုဖလားရယူနိုင် ခဲ့သလို အခုပါရီမြေမှာပါ
ဆက်လက်သရဖူ ဆောင်းနိုင်သူရဲ့ ၂၀၁၄စက်ဘီးအောင်ပွဲ ခရီးကို စောင့်စားအားပေးရင်း ...။















