မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပလျက်ရှိသော ၂၀၁၄ မြန်မာနေရှင်နယ်လိဂ်(၂)
ပြိုင်ပွဲ၏ ချန်ပီယံဆုဖလားကိုဟံသာဝတီယူနိုက်တက်အသင်းက ရှုံးပွဲမရှိစံချိန်ဖြင့် ဆွတ်ခူးရရှိခဲ့
သည်။
အဆိုပါ ဆုဖလားပေးအပ်ပွဲကို ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က ပဒုမ္မာကွင်းတွင် ကျင်းပပြု
လုပ်ခဲ့သော ဟံသာဝတီယူနိုက်တက်အသင်းနှင့် ှငူလနမ ှအမေ အသင်းတို့၏ ပွဲစဉ်အပြီးတွင်
ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဟံသာဝတီ ယူနိုက်တက်အသင်းသည် ၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ၁၈ ပွဲကစား
၁၅ ပွဲနိုင်၊ သုံးပွဲသရေ၊ ရှုံးပွဲမရှိ ရမှတ် ၄၈ မှတ်ဖြင့် မြန်မာနေရှင်နယ်လိဂ် (၂)အမှတ်ပေးဖလား
ကို ဆွတ်ခူးနိုင်ခဲ့ရာ လာမည့်ရာသီတွင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲသို့ တန်းတက်ကစားခွင့်
ရရှိခဲ့သည်။
ဟံသာဝတီ ယူနိုက်တက်အသင်းနှင့်အတူ ဒုတိယရရှိခဲ့သော ရခိုင်ယူနိုက်တက်အသင်းသည်
လည်း မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲသို့ တန်းတက်ခွင့်ရရှိခဲ့သည်။ ဟံသာဝတီ ယူနိုက်တက်
အသင်းသည် ၂၀၀၉ ခုနှစ်မှစတင်၍ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဥဿာယူနိုက်တက်အသင်း
အမည်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ငြ်္င်္ ရှုံးထွက်ဖလားချန်ပီယံတစ်ကြိမ်ဖြစ်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် မြန်မာ နေရှင်နယ်လိဂ်မှ မြန်မာနေရှင်နယ်လိဂ်(၂) သို့ တန်းဆင်း
သွားခဲ့ပြီး တစ်နှစ်အကြာတွင် မြန်မာနေရှင်နယ်လိဂ်(၂) အမှတ်ပေး ဆုဖလားနှင့်အတူ လာမည့်
၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသို့ တန်းတက်လာနိုင် ခဲ့ပြီဖြစ်သည်။
"မနှစ်က ကျွန်တော်တို့အသင်း မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲကနေ တန်းဆင်း ခဲ့ရပေမယ့် တစ်နှစ်
တည်းနဲ့ တန်းပြန်တက် နိုင်ရမယ်လို့ ယုံကြည်ချက်ရှိခဲ့ပါတယ်။ကျွန်တော်တို့အသင်း ပြုပြင်
ပြောင်းလဲမှု တွေလည်း အများကြီးလုပ်ခဲ့ပါတယ်။ နောက်နှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ
၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်မှု တွေ ပြုလုပ်သွားမှာပါ။
အသင်းအတွက် နေရာအလိုက် ပြည်တွင်းကစားသမားနဲ့ နိုင်ငံခြားသားကစားသမားတွေကို
ခေါ်ယူ အားဖြည့်သွားမှာပါ"ဟု ဟံသာဝတီယူနိုက် တက်နည်းပြ ဦးငွေထွန်းက ပြောသည်။
"ဒီလို ရလဒ်ကောင်းတွေရရှိခဲ့တာ အသင်းတစ်သင်းလုံးကောင်းလို့ ရရှိတာပါ။ ကျွန်တော်
ဒီရာသီမှာ အသင်းအတွက်အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ နောက်လာမယ့်ရာသီမှာ
လည်း အသင်း အတွက် အကောင်းဆုံးကြိုးစားကစားသွား မှာပါ"ဟု ဟံသာဝတီအသင်း
အိုင်ဗရီကို့စ် တိုက်စစ်မှူ းဘမ်ဘာက ပြောသည်။
ဘမ်ဘာ သည် ယခုနှစ်ရာသီတွင် ဟံသာဝတီယူနိုက် တက်အသင်းအတွက် အကောင်းဆုံး
ခြေစွမ်းပြကစားခဲ့ပြီး ၂၃ ဂိုး သွင်းယူပေးခဲ့ သည်။ ဟံသာဝတီယူနိုက်တက်အသင်း သည် ၂၀၁၄
မြန်မာနေရှင်နယ်လိဂ်(၂) ပြိုင်ပွဲတွင် သွင်းဂိုး ၅၅ ဂိုးရရှိခဲ့ပြီး အသင်း၏ တိုက်စစ်မှူးဘမ်ဘာက
၂၃ ဂိုး၊ ချီကာက ၁၀ ဂိုးသွင်းယူပေးခဲ့သည်။
ဟံသာဝတီ ယူနိုက်တက်အသင်းသည် လာမည့် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများကို
အိမ်ကွင်းတွင် လက်ခံကျင်းပ နိုင်ရန်ပြင်ဆင်လျက်ရှိသည်။ "ဘောလုံးကွင်းကတော့ ၉၉ ရာခိုင်နှုန်း
ပြီးနေပါပြီ။ အဆောက်အအုံပိုင်းပဲ လိုပါ တော့တယ်။ အိမ်ကွင်းရှိတဲ့ အသင်းက အားသာချက်
တွေ အများကြီးရှိပါတယ်။
ပရိသတ်အားလည်းရှိတယ်။ မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲတစ်လျှောက်ကို ကြည့်မယ် ဆိုရင်
အိမ်ကွင်းရှိတဲ့ အသင်းတွေက အားသာချက်တွေ ရကြတာကိုတွေ့ရပါတယ်။ လာမယ့်ရာသီ
ဒုတိယအကျော့ လောက်ကစပြီး အိမ်ကွင်းမှာ ကျင်းပခွင့်ရအောင် ကြိုးစားနေပါတယ်။ ကံကောင်း
ရင်တော့ ပထမအကျော့ကတည်းက ကျင်းပ ခွင့်ရမှာပါ"ဟု ဟံသာဝတီယူနိုက်တက်အသင်း
မန်နေဂျာ ဦးထွန်းထွန်းလင်းက ပြောသည်။















