ပရိသတ်တွေအတွက်ထူးခြားတဲ့ အစီအစဉ်တွေ ထည့်သွင်းထားတဲ့ မြန်မာပြည်ချန်ပီယံစိန်ခေါ်ပွဲ

ပရိသတ်တွေအတွက်ထူးခြားတဲ့ အစီအစဉ်တွေ ထည့်သွင်းထားတဲ့ မြန်မာပြည်ချန်ပီယံစိန်ခေါ်ပွဲ

လာမည့် ဩဂုတ်လ ၁၇ရက်နေ့တွင် ရန်ကုန်မြို့သုဝဏ္ဏမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြု
လုပ်မည့် မြန်မာပြည်ချန်ပီယံရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးတွင် ရိုးရာလက်ဝှေ့ပရိသတ်များအတွက်
ထူးခြားသော အစီ အစဉ်များထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ ရိုးရာလက်ဝှေ့ကိုအွန်လိုင်းမှ
အားပေးကြသော ပရိသတ်များအတွက် ရိုးရိုးတန်းကျပ် ၅၀၀၀တန်လက်မှတ် ကိုကျပ် ၄၀၀၀ ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီးရုံအတွင်းလာရောက်ကြည့်ရှုကြသည့် ပရိသတ်အတွက်
သက် သောင့်သက်သာရှိစေမည့် ထိုင်ခုံများကို ထည့်သွင်းထားကြောင်းသိရသည်။

"ကျွန်တော်တို့ရိုးရာလက်ဝှေ့ပရိသတ်တွေအတွက် ဖေ့ဘွတ်မှာ Fan Page တွေလုပ်ထားပါ
တယ်။ဒီ Fan Page တွေက ပရိသတ်တွေအတွက် ရိုးရိုးလက်မှတ် ကျပ်၅၀၀၀တန်ကို ကျပ်
၄၀၀၀နဲ့ရောင်းချပေးသွား မှာပါ။လူဦးရေ အကန့်အသတ်မရှိပါဘူး။နောက်ပြီး ဒီပွဲကို ပထမဦး
ဆုံးရောက်ရှိလာတဲ့ လူ(၆၀၀)ဦးကို မြန်မာပြည်ချန်ပီယံရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ အမှတ်တံဆိပ်
မှာ တီရှပ်တွေကို လက်ဆောင်ပေးသွားမှာပါ။

ပရိ သတ်တွေအတွက် သက်သောင့်သက်သာရှိစေမယ့် ထိုင်ခုံတွေကိုလည်း ထည့်သွင်းထားပါ
တယ်။ဒီထိုင်ခုံ က ကြိုးဝိုင်းနဲ့အထူးတန်းကြားမှာ ထည့်သွင်းထားတာဖြစ်ပြီး သုံးယောက်ထိုင်နိုင်
ပါတယ်။ သီးသန့်ထိုင်ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် စီစဉ်ပေးထားတာပါ။ဒီထိုင်ခုံမှာ အာလူး
ကြော်၊နေကြာစေ့၊စနိုးတာဝါနဲ့ရေသန့်ဗူး တွေကို စားပွဲခုံမှာ ထားပေးမှာပါ"ဟု Naing Moe
Entertainmentမှ စီစဉ်သူကို အောင်နိုင်မိုးက ပြောသည်။ အထူးစိန်ခေါ်ပွဲအဖြစ် ၀ါရင့်ရိုးရာလက်ဝှေ့ချန်ပီယံဟောင်းကြီးများဖြစ်သော ရွှေဝါထွန်း(ရွှေသောင်းရင်း)နှင့်လုံးချော
(သတ္တိ) တို့၏ ပွဲစဉ်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

"မြန်မာပြည်ချန်ပီယံဟောင်းကြီး နှစ်ဦးရဲ့ ထိုးသတ်ပုံ၊ပညာနဲ့သမ္မာ တွေကို ဒီခေတ် လူငယ်
လက်ဝှေ့သမား တွေလေးစားအားကျ အတုယူနိုင်ကြအောင် ဒီပွဲစဉ်ကို ထည့်သွင်းကျင်းပတာပါ"
ဟုပွဲစီစဉ်သူဦးစိုးသန်းဝင်းက ဩဂုတ်လ(၅)ရက်နေ့က စင်ထရယ်ဟိုတယ်တွင် ကျင်းပပြုလုပ်သော
မြန်မာပြည်ချန်ပီယံရိုးရာလက်ဝှေ့စိန်ခေါ်ပွဲသတင်းရှင်းလင်းပွဲ ၌ပြောသည်။

အဆိုပါစိန်ခေါ်ပွဲကြီး၏ အဓိကတွဲဆိုင်းအဖြစ် မြန်မာပြည်လက်ရှိချန်ပီယံစောငမာန်း(ရွှေဖူး)နှင့်
တူးတူး (န ဂါးမာန်)တို့ ရင်ဆိုင်ထိုးသတ်သွားမည်ဖြစ်ပြီး စောရွှေကျော်(ရွှေဖူး)နှင့်စောလယ်
ဘွယ်ထူး(T&T)၊သားအသဲတစ်ပွင့်(စွမ်းကေကေ) နှင့်အားမာန်(T&T)၊ဖိုးလပြည့်(ရွှေဖူး)နှင့်
စောအယ်လေး(ထော့မဲပါ)၊ကျားပေါက်(ရွှေသောင်းရင်း)နှင့်ရဲတံခွန်(အလင်းရောင်)၊ရဲရင့်အောင်
(နဂါးမာန်)နှင့်စောဂပရေမှူး(ထော့မဲပါ)၊ထွန်းထွန်း(၀ါဆို) နှင့်စောဂေါ်မူတို(သတ္တိ) တို့က
အသီးသီးရင်ဆိုင်ထိုးသတ်သွားကြမည်ဖြစ်သည်။

လက်မှတ်ဈေးနှုန်းများအဖြစ် ကျပ် ၅၀၀၀၊၁၅၀၀၀၊၂၀၀၀၀ အသီးသီးသတ်မှတ်ထားသည်။



ဖတ်ရှုမှုအများဆုံး