၂၀၁၄ ဂလပ်စ်ဂို ဓနသဟာယ အားကစား ပြိုင်ပွဲကြီး (The Glasgoe 2014 Common wealth
Games) ကတော့ စကော့တလန်မြေ မှာ တခမ်းတနားနဲ့ ကျင်းပပြီးစီးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
လေးနှစ်တစ်ကြိမ် အလှည့်ကျ ကျင်းပတဲ့ ဒီအားကစားပွဲတော်ကို ဇူလိုင် ၂၃ ရက်ကနေ ဩဂုတ်
၃ ရက်နေ့ထိ ၁၁ ရက်ကြာ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ရ၁ နိုင်ငံက အားကစားမောင်မယ်
၆,၅၀၀ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြတာဟာ တကယ့်ကို အကြိတ်အနယ်ရှိလှတဲ့ အားကစားပွဲတော်
တစ်ရပ်ပါလို့ ဘီဘီစီက ကောင်းချီးပေးပါ တယ်။ ၁၉၃၀ ပြည့်နှစ်မှာ ဒီပြိုင်ပွဲကြီး စတင်ခဲ့တာ
ဖြစ်ပြီး ၁၉၄၂ နဲ့ ၁၉၄၆ တို့မှာတော့ ဒုတိယ ကမ္ဘာစစ်ကြောင့် ရပ်နားခဲ့ရပြီး လေးနှစ် တစ်ကြိမ်
ပုံမှန်ကျင်းပလာခဲ့တာ ယနေ့တိုင် အောင်ပဲဖြစ်ပါတယ်။
Commonwealth Games Federation က ကြီးမှူးကျင်းပပြီး အိမ်ရှင်နိုင်ငံ လက်ခံကျင်းပခွင့်ကို
ဒီ ဃွင်္ ကပဲ မဲစနစ်နဲ့ ရွေးချယ်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ Humanity-Equality-Destiny ဆောင်ပုဒ်
နဲ့အတူ ကျင်းပလာခဲ့တဲ့ ဒီဓနသဟာယနိုင်ငံ များပြိုင်ပွဲဟာ သက်တမ်းအားဖြင့် ၈၄ နှစ် တိုင်ခဲ့ပြီ
ဖြစ်သလို အခုနှစ်ဂလပ်စ်ဂိုရဲ့ ပြင်ဆင် ဧည့်ခံပုံဟာ ကျင်းပခဲ့သမျှ ဃွ ပြိုင်ပွဲတွေ ထဲမှာ အကြီး
အကျယ်ဆုံး အခမ်းနားဆုံး ဖြစ်တယ်လို့လည်း စာစောင်တွေက ရည်ညွှန်း ထားပါတယ်။
Hampden Park မှာ ကျင်းပ ခဲ့တဲ့ CG အားကစားပွဲတော်ပိတ်ပွဲမှာ Queen of Pop အဖြစ်
တင်စားခံရတဲ့အထဲမှာ အဆို ကျော် ကိုင်လီ မင်နော့ရဲ့ ရင်သပ်ရှုမော ဖျော်ဖြေပုံကလည်း
ဂလပ်စ်ဂို ပရိသတ်တွေ အတွက် ဘဝင်ခွေ့စရာဖြစ်ခဲ့ရပါတယ်။ စကော့တလန် ဂီတငွေကြယ်ပွင့်
တွဖြစ်တဲ့ Lu Lu နဲ့ Dougie Maclean ၊ Auld Lang Syne တို့ Prides တို့ရဲ့ တင်ဆက်ပုံက
လည်း ဂလပ်စ်ဂိုပွဲတော်ကို မြူးကြွအသက်ဝင်လှပ စေခဲ့တာ အမှန်ပါပဲ။
CGF ဥက္ကဋ္ဌ တွန်ကူ အာမင်နဲ့ ၂၀၁၄ ဂလပ်စ်ဂိုပြိုင်ပွဲဥက္ကဋ္ဌဖြစ်သူ လော့ဒ်စမစ်တို့ရဲ့ အသီးသီး
နှုတ်ဆက်မိန့်ခွန်း စကားတွေဟာလည်း အားကစားမောင်မယ် တွေအတွက်ရော၊ ပရိသတ်တွေ
အတွက်ပါ ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ CGF အမှုဆောင် အရာရှိချုပ် မိုက်ဟော့ပါးကလည်း
အခုလို အမှတ်တရစကားဆိုသွားပါတယ်။
"စကော့ တလန်မြေမှာ ၁၁ ရက်ကြာခဲ့တဲ့ ပြိုင်ပွဲပုံရိပ် တွေဟာ အားလုံးရဲ့ ရင်ထဲမှာ ထာဝရ
အမှတ် ရစရာ အမှတ်တရရှိနေကြမှာပါ။ တားမြစ် ဆေးဝါးပြဿနာကင်းစင်ခဲ့သလို ဖြူစင်
သန့်ရှင်းစွာ ကြိုးစားယှဉ်ပြိုင်ခဲ့ကြသူတွေ အားလုံးအတွက်လည်း ဂုဏ်ယူဝမ်းမြောက် မိပါတယ်။
ဂလပ်စ်ဂိုသားတွေကိုယ်စား လည်း ဂုဏ်ယူကျေနပ်မိပါတယ်။ Thank you Glasgow &
Scotlandလို့ပဲ ပြောချင်ပါတယ်"လို့ နှုတ်ဆက်စကားဆိုသွားပါတယ်။
အခုနှစ် ဓနသဟာယပြိုင်ပွဲမှာ ရွှေဆု ၅၈ ဆုနဲ့ စုစုပေါင်း ၁၇၄ ဆု ရခဲ့တဲ့ အင်္ဂလန်ဟာ ဆုအများဆုံး
ရရှိခဲ့တဲ့ နိုင်ငံအဖြစ် မျက်နှာဝင့် နိုင်ခဲ့ပြီး ၂၈ နှစ်ကြာ မျက်နှာပန်းမလှခဲ့မှုကို ဂလပ်စ်ဂိုမြေမှာ အဆုံး
သတ်နိုင်ခဲ့ပြီဆိုတာကို လည်း ြဃြ က ချီးကျူးထားပါတယ်။ ဩစ တြေးလျက စုစုပေါင်း ၁၃၇
ဆုနဲ့ ဒုတိယနေရာ မှာရှိခဲ့ပြီး ကနေဒါက ၈၂ ဆုနဲ့ တတိယရခဲ့ သလို အိမ်ရှင်စကော့တလန်က
ရွှေဆု ၁၉ ဆု အပါအဝင် စတုတ္ထအဆင့်မှာရှိခဲ့တာ အိမ်ရှင်ပရိသတ်တွေအတွက် ဂုဏ်ယူကြည်နူး
စရာလို့ ဆိုရမှာပဲမဟုတ်ပါလား။ အာရှဒေသ က အိန္ဒိယက ရွှေဆု ၁၅ ဆု စုစုပေါင်း ၆၄ ဆုနဲ့
ပ ဉ္စမရခဲ့သလို စင်ကာပူကလည်း ရွှေဆုရှစ်ဆု စုစုပေါင်း ၁၆ ဆုနဲ့ အဆင့်(၁၁)မှာရှိခဲ့တာ
အာရှပရိသတ်တွေအတွက်လည်း ဂုဏ်ယူ စရာလို့ ဆိုရဦးမှာပါပဲ။
ကျင်းပခဲ့သမျှ CG ပွဲတွေမှာ အမြဲတမ်းပါ၀င်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံက ခြောက်နိုင်ငံရှိခဲ့ပြီး
အင်္ဂလန်၊ ကနေဒါ၊ စကော့တလန်၊ နယူးဇီလန်၊ ဝေးလ်နဲ့ ဩစတြေးလျတို့ပဲဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဃွ ပြိုင်ပွဲ အိမ်ရှင် အဖြစ် အောင်အောင်မြင်မြင် လက်ခံကျင်းပ ပေးနိုင်
ခဲ့သလို စတုတ္ထအဆင့်မှာ ရပ်တည် နေနိုင်ခဲ့တဲ့ စကော့တလန်အားကစားအဖွဲ့ အတွက်လည်း
ဒီဂလပ်စ်ဂိုပြိုင်ပွဲဟာ လာမယ့် ၂၀၁၈ ပြိုင်ပွဲအတွက် အားဆေးတစ်ခွက်လို့ ဆိုရမှာပဲမဟုတ်ပါ
လား။
ဩစတြေးလျနိုင်ငံ ွသိူ ဃသေျအ မှာ လာမယ့် လေးနှစ်အကြာမှာ ကျင်းပဖို့ စီစဉ်ဆောင်ရွက်
နေပြီဖြစ်တဲ့ CG မှာရော အင်္ဂလန်အသင်း ဆက်လက်သရဖူ ဆောင်းနိုင်မလား၊ လက်ရှိ ဒုတိယ
ရခဲ့တဲ့ ဩစတြေးလျကပဲ ထိပ်ဆုံးနေရာကို အရောက် တက်လှမ်းလာနိုင်မလားဆိုတာ...။















