၂၀၁၄-၁၅ ဘွန်ဒက်စ်လီဂါဘောလုံးရာသီရဲ့ အကောင်းဆုံး စိတ်ဝင်စားဖွယ်ရာများကို မျှော်တွေးမြည်းစမ်းခြင်း

၂၀၁၄-၁၅ ဘွန်ဒက်စ်လီဂါဘောလုံးရာသီရဲ့ အကောင်းဆုံး စိတ်ဝင်စားဖွယ်ရာများကို မျှော်တွေးမြည်းစမ်းခြင်း

မကြာခင်မှာ ဘွန်ဒက်စ်လီဂါရဲ့ ၂၀၁၄-၁၅ ဘောလုံးရာသီကို စတင်တော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါမှာ ဘိုင်ယန် မြူးနစ်က ချန်ပီယံဖြစ်ခဲ့တာ အားလုံးအသိပါ။
ဒီနှစ်က ဂျာမနီတွေ စန်းထနေတယ်လို့ ပြောရ မယ်။ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်း ကြီး
အောင်ပွဲရခဲ့သလို ယူ-၁၉ မှာလည်း ဂျာမနီ လူငယ်တွေက ပေါ်တူဂီကို အလဲထိုးခဲ့တယ်။ဒါကြောင့်
အခုရာသီ ဘွန်ဒက်စ်လီဂါဟာ အရင်ကထက်ပိုပြီး ပရိသတ်တွေရဲ့ အာရုံ စိုက်ခြင်းကို
ခံရတော့မှာကတော့ သေချာ သလောက်ဖြစ်နေပါပြီ။

အာမခံချက် ဘာမှမရှိဘူး
မနှစ်က ဘိုင်ယန်မြူးနစ်ဟာ စံချိန်တင် အမှတ်အသားတွေနဲ့ မတ် ၂၅ မှာ ချန်ပီယံဆု ကို ရပြီးနေပြီ။
ဒါပေမဲ့ ဂျာမန်ချန်ပီယံဟာ ၂၀၁၀-၁၁ နဲ့ ၂၀၀၆-၀၇ တွေမှာ အဆင့်(၃) နဲ့ အဆင့်(၄)နေရာတွေ
ရောက်ခဲ့ဖူးတယ် ဆိုတာကို အသိအမှတ်ပြုရလိမ့်မယ်။ ဂွာဒီ ယိုလာကတောင် သူ့အနေနဲ့ ဖလား
တစ်လုံးမှ မရရင် နည်းပြအဖြစ် ဆက်တည်ရှိခွင့်ဆိုတာ မသေချာဘူးလို့ ပြောသွားတယ်။

ဒါကြောင့် နိုင်လိုစိတ်တွေ ဆူဝေပြင်းထန်နေတဲ့ ဘွန် ဒက်စ်လီဂါမှာ ချန်ပီယံဖြစ်ခဲ့လို့ ချန်ပီယံဖြစ်ဖို့
အခွင့်အရေးများမယ်ဆိုတဲ့ အတွေးမျိုးထား ရင် မှားသွားပါလိမ့်မယ်။ ဘိုင်ယန်မြူးနစ်လို အသင်းမျိုး
တောင်မှ ဒီနှစ်ချန်ပီယံပြန်ဖြစ်ဖို့ ဘာအာမခံချက်မှမရှိပါဘူး။

အထောက်အပံ့ပေးနိုင်တဲ့ ကြယ်ပွင့်
တွေ ဘိုင်ယန်ကတော့ ဒီနှစ်မှာ ဒယီးဒယိုင် ဖြစ်နိုင်တယ်ဆိုတဲ့ အမြင်တွေတောင်ရှိတယ်။
ထားလိုက်ပါတော့။

အပြောင်းအရွှေ့ ဈေးကွက်ကလည်း မပိတ်သေးပါဘူး။ ဒေါ့မွန် ကတော့ လီဝမ်ဒေါစကီးကို ဆုံးရှုံး
လိုက်ရ တယ်။ ရှော်လ်ကေးကတော့ အေဒရီယန် ရာမို့စ်နဲ့ ဂျီဒေါင်ဝန်းကို ထိုးသုတ်လိုက်တယ်။
လေဗာကူဆင်ဟာ ဟာကန်ကယ်ဟာနိုဂလူး ကို ခေါ်ဖို့ နည်းလမ်းရှာဖွေနေတယ်။ ၀ုဖ်ဘတ်က
အေရွန်ဟန့်ကို ကောက်စားနိုင် လိုက်တယ်။ ဒါကြောင့် ဒီရာသီပြိုင်ပွဲဟာ မြင်းငါးကောင်ပြေးတဲ့
ပြိုင်ပွဲလို့ ဆိုသူတွေက ဆိုနေကြတယ်။

တန်းတက်လာသူများ
SC ပက်ဒါဘွန်း ၀၇ ဟာ ၁၉၆၃ ကတည်းက စတင်ခဲ့တဲ့ ဘွန်ဒက်စ်လီ
ဂါပြိုင်ပွဲမှာ အဆင့် မြင့်တန်းကစားဖူးတဲ့ ၅၃ သင်းမြောက်ကလပ် ဖြစ်လာတယ်။ သူတို့ဟာ
မြောက်ပိုင်း ရိုင်းမြစ် ၀က်စ်ဖာလီယန်းကလပ်တစ်ခုလည်း ဖြစ် တယ်။ အော့စ်ဘတ်နဲ့ ဟော့ဖန်
ဟိမ်းတို့လို လုပ်ပြနိုင်မလားဆိုတာကတော့ စောင့်ကြည့် ရဦးမယ်။ အော့စ်ဘတ်က ၂၀၁၁-၁၂ မှာ
တန်းတက်လာပြီး တန်းပြန်ဆင်းမသွားသလို ဟော့ဖန်ဟိမ်းကလည်း ၂၀၀၈-၀၉ မှာ တန်းတက်
လာပြီး မထင်မှတ်တာတွေလုပ်ပြ ခဲ့တယ်။အဲဒီလိုနောက်ထပ်လုပ်ပြနိုင်ဖို့ ပက်ဒါဘွန်းတို့အတွက်
မလွယ်လောက် ပါဘူး။

ဂိုးတွေ ဘယ်လောက်သွင်းပြကြမလဲ
၂၀၁၁-၁၂ ဘောလုံးရာသီမှာ ဘွန်ဒက်စ် လီဂါမှာ ဂိုးတွေ ၈၇၅ ဂိုးသွင်းခဲ့ပြီး ၂၀၁၃-၁၄ မှာတော့
ဂိုးပေါင်း ၈၉၈ ဂိုး သွင်းခဲ့တာကို နှိုင်းယှဉ်ထားတယ်။

ဂျာမနီအဆင့်မြင့်တန်း မှာ ဂိုးပေါင်း ၁,၀၀၀ ကျော်တဲ့ နှစ်တစ်နှစ် ရှိခဲ့ဖူးတယ်။ အဲဒါက ၁၉၈၄-၈၅
မှာဖြစ်ပြီး ၁,၀၇၄ ဂိုး သွင်းခဲ့ကြတယ်။ ပြီးခဲ့တဲ့ရာသီက သွင်းခဲ့တဲ့ဂိုးတွေရဲ့ ၂၁ ရာခိုင်နှုန်းဟာ ပွဲပြီး
ခါနီး ၁၈ ကိုက်စည်းထဲကနေ သွင်းယူခဲ့တာ ဖြစ်တယ်လို့ ဆိုတယ်။

နွေရာသီဈေးကွက်လှုပ်ရှားမှု
ဘွန်ဒက်စ်လီဂါကလည်း နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ကို လှမ်းမျှော် ကြည့်ပြီး ၀င်ရောက်
လှုပ်ရှားနေပါတယ်။

မွန်ချင်ဂလက်ဘတ်က ဆွစ်ရဲ့ ယန်ဆွန်းမား၊ ဟာသာဘာလင်က ဗယ်လင်တင်စတုတ်ကာ၊
မိန့်ဇ်က ချီလီရဲ့ ဂွန်ဇာလိုဂျာရာ၊ ဟာသာ ဘာလင်က ဒတ်ချ်ရဲ့ ဂျွန်ဟိုက်တင်ဂါ၊ ဘိုင်ယန် က
စပိန်ရဲ့ ဂျူအန်ဘားနက်၊ လေဗာကူဆင်က ဆမ်ဘာကြယ်ပွင့် ၀င်းန်ဒဲလ်၊ မိန့်ဇ်က ဂရိ လက်ရွေးစင်
စတီဖင်နော့စ်ကာပီနိုတို့ကို ခေါ်ယူဖို့ စိတ်ဝင်စား ကြိုက်နှစ်သက်နေကြ ပါတယ်။

အဲ...မွန်ချင်ကတော့ ဘယ်လ် ဂျီယံကြယ်ပွင့် သော်ဂန်ဟာဇက်ကို အငှားနဲ့ ခေါ်ဖို့ စိတ်ဝင်စားပါ
သတဲ့။

ပစ်ဇာရို စံချိန်ချိုးနိုင်မလား
ဘိုင်ယန်ရဲ့ ကလောဒီယိုပစ်ဇာရို တစ် ယောက် ရှေ့ကစံချိန်တွေကို ချိုးနိုင်မလား ဆိုတဲ့ မေးခွန်း
ကလည်း မြည်းကြည့်ချင်စရာ ကောင်းတဲ့ Menu တစ်ခုပါပဲ။

ဘွန်ဒက်စ် လီဂါရဲ့ ထာဝရသွင်းဂိုးရှင်တွေထဲမှာ နံပါတ်(၅)နေရာဆိုလို့ရှိရင် ကိုင်စတန် (ULF
Kirsten) က ၁၈၂ ဂိုးနဲ့ ရပ်တည်နေ ပါတယ်။ ပစ်ဇာရိုက လက်ရှိအချိန်မှာ ၁၇၆ ဂိုးသွင်းထားတာ
ဆိုတော့ နံပါတ်(၅)နေရာကို ကျော်တက်ဖို့ ခုနစ်ဂိုးလိုနေပါသေးတယ်။

အခုဒီရာသီမှာ ပစ်ဇာရို ဂိုးတွေ ဘယ်လောက် သွင်းမလဲဆိုတာကလည်း စဉ်းစားချင်စရာ
တစ်ခုဖြစ်နေပါတယ်။ ခြံုပြီးတော့ ပြောရမယ်ဆိုရင် စိတ်ဝင်စား စရာတွေကတော့ အများကြီး
ရှိပါတယ်။ ချန်ပီယံ ဘယ်အသင်းဖြစ်မှာလဲ၊ ချန်ပီယံလိဂ် ၀င်ခွင့်ကို ဘယ်အသင်းတွေက ရမှာလဲ၊
ယူရိုပါလိဂ်ဝင်ခွင့်အတွက်ရော...၊ ဘယ် အသင်းတွေ တန်းဆင်းသွားရနိုင်လဲ၊ ချန်ပီယံ လိဂ်မှာရော
အောင်မြင်မှုရပါ့မလား... မေခွန်းတွေက အများကြီးရှိပါတယ်။ အခုမှ တန်းတက်လာတဲ့ ပက်ဒါ
ဘွန်းဆိုရင် သူနဲ့ အက်ဖ်စီကိုလုံးအသင်းနှစ်သင်းရဲ့ပရိသတ် ၆၅,၀၀၀ အတွက် လုံလောက်တဲ့
စတေဒီယမ် တွေရှိပါတယ်။

ဘွန်ဒက်စ်လီဂါမှာ အနည်းဆုံး ပရိသတ် ၄၂,၆၀၉ လောက်ကတော့ လာကြည့်တတ်ပါတယ်။
အထက်က တင်ပြခဲ့ သလို ကမ္ဘာ့ဖလားနဲ့ ဥရောပ ယူဪ၁၉ မှာ အောင်မြင်ခဲ့တဲ့ ဂျာမနီမြေကို
ဘယ်သူတွေ ထပ်ရောက် လာနိုင်သေးသလဲနဲ့ ဘယ်သူတွေ ကို ဘယ်အသင်းတွေက အလစ်
သုတ် ထိုးနှက် သွားကြမလဲဆိုတာကတော့ အပြောင်းအရွှေ့ ဈေးကွက်တွေ မပိတ်ခင်မှာ
ကြည့်ရမယ့် Saga တစ်ပုဒ်ပေပဲပေါ့။



ဖတ်ရှုမှုအများဆုံး