ပြီးခဲ့တဲ့ရာသီက လာလီဂါချန်ပီယံဆုအတွက် အပြိုင်ဖြစ်ခဲ့ကြတဲ့ အသင်းကြီးသုံးသင်း ဒီရာသီမှာ
လည်း ဆက်ပြီးအပြိုင်အဆိုင် ဖြစ်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒီအသင်းကြီးသုံးသင်းကို
ကြည့်ရင် ပြီးခဲ့တဲ့ ရာသီက တတိယနေရာရခဲ့တဲ့ ရီးယဲလ်မက်ဒရစ် က ဒီရာသီအတွက် အပြောင်းအလဲအနည်းဆုံး ဖြစ်နေတဲ့အပြင်ကစားသမားကောင်းတွေကိုလည်း ခေါ်ဖြည့်ထားနိုင်
တယ်။
အလက်တီကို ကတော့ အဓိက ကစားသမားတချို့ကို လက်လွှတ်ထားခဲ့ရပေမယ့် နည်းပြဆီမြွန်နီ
ဆက်ရှိနေပြီး ကစားသမားကောင်းတွေ ထိုက်သင့်သလောက်လည်း ပြန်ဖြည့်ထားနိုင် ခဲ့လို့ အခြေ
အနေက သိသာစွာပြောင်းလဲသွားမယ်မထင်ဘူး။ စိတ်ဝင်စားဖို့ကောင်းတာက ဘာစီလိုနာဖြစ်လာ
တယ်။
ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ရာသီမှာ ဘာစီလိုနာအသင်းဟာ ဂွာဒီယိုလာ လက်ထက်
အောင်မြင်မှုရခဲ့တဲ့ အသင်း တစ်သင်းရဲ့ ပြိုလဲမှုကိုမြင်ခဲ့ရပြီး ဒီပြိုလဲမှုဟာ စပိန်လက်ရွေးစင်အသင်း
အထိပါ ရိုက်ခတ်ခဲ့ လို့ ရာသီသစ်မှာ ဘာစီလိုနာ ဘယ်လိုအပြောင်း အလဲတွေနဲ့ ပေါ်ထွက်လာ
မလဲဆိုတာ စောင့် ကြည့်ချင်စရာကောင်းလာပါတယ်။
ဘာစီ လိုနာအသင်း ပြောင်းလဲမှုအတွက် အဓိက ဦးဆောင်ပဲ့ကိုင်ရမှာကလည်း လူးဝစ္စ အင်းနရစ်
ဆိုတဲ့ နည်းပြသစ်တစ်ယောက်ဖြစ်လာလို့ အင်းနရစ်ဟာ ဘာစီလိုနာအသင်းကို ဘယ်လိုအပြောင်း
အလဲ လုပ်ပေးနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာဖြစ်လာတယ်။ ရီကတ်လက်ထက်မှာ အစပြုခဲ့တဲ့
ဘာစီလိုနာရဲ့ မျိုးဆက်တစ်ခုဟာ ဂွာဒီယိုလာလက်ထဲမှာတော့ အတောက်ပဆုံးရွှေရောင်
မျိုးဆက်တစ်ခုအဖြစ် ရပ်တည်ပြနိုင်ခဲ့တယ်။
ဒါပေမဲ့ ဘာစီလိုနာမှာ ဂွာဒီယိုလာထွက်သွားပြီးနောက်မှာတော့ ဘာစီလိုနာဟာလည်း
တဖြည်းဖြည်းအကျဘက်ကို ပြလာခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာတော့ အဆိုးရွားဆုံး အခြေ အနေ
တစ်ခုကို ကြံုလိုက်ရပြီး ဖလားလက်မဲ့ ရာသီတစ်ခုအဖြစ်လည်း အဆုံးသတ်ခဲ့ရ တယ်။
ဒါဟာ ဘာစီလိုနာရဲ့ မျိုးဆက်တစ်ခုကို အပြောင်းအလဲလုပ်ဖို့အချိန်တန်ပြီလို့ သတိ ပေးလိုက်
သလိုလည်း ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာရဲ့ အပြောင်းအလဲ တစ်ခုအတွက် နောက်
ထပ် ဘာစီလိုနာထွက်နည်းပြ တစ်ဦးလက်ထဲကို အသင်းကိုထည့် လိုက်တယ်။
ဘာစီလိုနာကစားသမားဟောင်း ဂွာဒီယိုလာနဲ့ခေတ်တစ်ခေတ် တည်ဆောက် နိုင်ခဲ့တဲ့ ဘာစီလို
နာဟာ အခုလည်း ဘာစီလိုနာကစားသမားဟောင်း လူးဝစ္စအင်းနရစ် နဲ့ ခေတ်ပြောင်းအခြေအနေ
တစ်ခုကို အကောင်းဆုံး ဖန်တီးပေးနိုင်မလားဆိုတာ လည်း မေးခွန်းထုတ်ချင်စရာဖြစ်လာတယ်။
အမှန်တော့ အင်းနရစ်ဟာ ဂွာဒီယိုလာနဲ့အတူ ဘာစီလိုနာမှာ တွဲကစားဖူးတဲ့အပြင် ဘာစီလိုနာကို
လည်း နည်းပြအဖြစ် ၂၀၀၈ ခုနှစ်မှာ အတူရောက်လာခဲ့ကြတာပါ။
ဒါပေမဲ့ အဲဒီအချိန်က ဂွာဒီယိုလာက အသင်းကြီး နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး အင်းနရစ်ကတော့
လူငယ်အသင်းနည်းပြအဖြစ် တာဝန် ယူခဲ့ပါတယ်။ အင်းနရစ်ဟာ လူငယ်နည်းပြအဖြစ် ၂၀၁၁
ခုနှစ်အထိ တာဝန်ယူပြီးတဲ့ နောက်မှာတော့ ရိုးမားကို ပြောင်းခဲ့တယ်။ ရိုးမားအသင်းရဲ့နည်းပြ
အဖြစ် တာဝန်ယူခဲ့ ပေမယ့် အင်းနရစ်ဟာ အီတလီမှာတော့ အောင်မြင်မှုမရခဲ့သလို တစ်ရာသီပဲ
ရိုးမားကို ကိုင်တွယ်ပြီးနောက် လာလီဂါကိုပြန်ရောက် လာခဲ့ပြီး ဆယ်လ်တာဗီဂိုအသင်းကို
တာဝန် ယူခဲ့ပြန်တယ်။
တကယ်တော့ အဲဒီအချိန်မှာ ဘာစီလိုနာ ကလည်း ဗီလာနိုဗာကို နည်းပြအဖြစ်မှ လက်လွှတ်
ထားရတဲ့ အချိန်ဖြစ်လို့ အင်းနရစ် ကို နည်းပြအဖြစ် ခန့်အပ်ချင်ပေမယ့်လည်း အင်းနရစ်က ရာသီ
ကုန်ပြီးချင်းမှာပဲ ဆယ်လ် တာ နည်းပြတာဝန်ကို လက်ခံခဲ့တဲ့အတွက် အနှုတ်အသိမ်းတွေများပြီး
ဘာစီလိုနာနည်းပြ ရာထူးကို လက်လွှတ်ခဲ့တယ်။ ဘာစီလိုနာက လည်း သူ့ကိုတစ်ရာသီလောက်
အတွေ့အကြံု ပိုရစေလိုတဲ့ သဘောမျိုးနဲ့ အတင်းအကျပ်ခေါ်ယူတာမျိုးမလုပ်တော့ဘဲ မာတီနို
လက်ထဲ ကို ဘာစီလိုနာကို အပ်လိုက်တာပါ။
ဒါပေမဲ့ ဘာစီလိုနာရဲ့ ရာသီသိမ်းခါနီး ရလဒ်အနေအထားတွေအရ ဘာစီလိုနာတာဝန်ရှိသူတွေ
ဟာ ရာသီမကုန်မီကတည်း အင်းနရစ်ကိုခေါ်ယူဖို့ ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီး ရာသီကုန် တဲ့အချိန်မှာ
ချက်ချင်းဆိုသလို မာတီနိုရဲ့နေရာ အစားထိုးလိုက်တာပါ။ အင်းနရစ်ကို ခေါ်ယူခဲ့တာနဲ့အတူ
အသင်း အတွက် လိုအပ်တဲ့နေရာတွေကိုလည်း အင်အားဖြည့်မှုတွေကို အရင်ရာသီတွေထက်
ပိုလုပ်လာခဲ့တာ တွေ့ရတယ်။ ဆွာရက်ဇ် လို ကမ္ဘာကျော်တိုက်စစ်မှူး တစ်ယောက်ကို ခေါ်ယူ
အားဖြည့်နိုင်ခဲ့သလို ၂၀၀၉ ခုနှစ် နောက်ပိုင်း အားဖြည့်မှုလုံးဝမရှိခဲ့တဲ့ ဘာစီ လိုနာရဲ့ အားအနည်း
ဆုံးနေရာလို့ ပြောနိုင်တဲ့ ခံစစ်အတွင်းလူနေရာကိုပါ အားဖြည့်မှုတွေ ပြုလုပ်လာတာကိုကြည့်ရင်
ဘာစီလိုနာတာဝန်ရှိသူတွေဟာ အင်းနရစ်အတွက် လိုအပ်တဲ့အသင်းတစ်သင်းကို ဖြည့်ဆည်း
ပေးနိုင်ဖို့ ကြိုးစားခဲ့ကြတာ ပေါ်လွင်ခဲ့တယ်။
ဒါကြောင့်လာမယ့် ရာသီသစ်မှာ ဘာစီလိုနာအသင်းရဲ့ ပြန်လည်နိုးထမှုမှာ အဓိကကျမယ့် သူက
အင်းနရစ်ဖြစ်လာခဲ့ပါပြီ။ ကစားသမားဘဝမှာ ရီးယဲလ်နဲ့ ဘာစီလိုနာ နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးပြီး
တိုက်စစ် အားသန်တဲ့ ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်ခဲ့တဲ့ အင်းနရစ်ဟာ ဂွာဒီယိုလာနဲ့ကွာတာ
ကတော့ အနည်းငယ်သွေးဆူလွယ်တဲ့သူ တစ်ဦး ဖြစ်နေတာပါပဲ။ ဒါကြောင့်လည်း ဘာစီ လိုနာ
အသင်းရဲ့ ကစားပုံဟာ ဂွာဒီယိုလာ လက်ထက်က ဘောလုံးပိုင်ဆိုင်မှုအသားပေးပြီး ဂိုးရဖို့
စိတ်ရှည်လက်ရှည်ကစားတဲ့ ပုံမျိုးနဲ့တော့ မတူနိုင်ဘဲ ကွဲထွက်လာနိုင် တယ်။
အင်းနရစ်ဟာ ရိုးမားနဲ့ ဆယ်လ်တာဗီဂိုအသင်းတွေကို ကိုင်တွယ်စဉ်ကလည်း တိုက်စစ်ပိုင်းကို
အဓိက အသားပေးခဲ့ပြီး ခံစစ်ပိုင်းမှာတော့ ပုံဖော်မှု အနည်းငယ် အားနည်းတတ်တာတော့ရှိတယ်။
နောက်ပြီး သူကိုင်ခဲ့တဲ့ နှစ်သင်းစလုံးဟာ အစပိုင်းမှာ အထနှေးလေ့ရှိပြီး နောက်ပိုင်းသာ တဖြည်း
ဖြည်း အရှိန်ရလာတာကိုလည်း တွေ့ထားရတဲ့အတွက် ဘာစီလိုနာဟာလည်း ဒီလိုပုံမျိုးပဲ ပွဲထွက်လာမလားဆိုတာလည်း စောင့်ကြည့်ချင်စရာ ကောင်းလာပါတယ်။
လောလောဆယ် ဘာစီလိုနာရဲ့ ခြေစမ်းပွဲ ရလဒ်တွေကိုကြည့်ရင်တော့ သိပ်အားရစရာ မကောင်း
သေးပါဘူး။ အသင်းဟာ လူစုံတက်စုံ နဲ့ ပြင်ဆင်နိုင်ဖို့ အခုမှ စတင်နေတဲ့ ပုံမျိုး လည်း ပေါ်နေပါ
တယ်။ အင်းနရစ်ဟာ စိတ်ဆတ်သူတစ်ဦးပီပီ ဘာစီလိုနာကိုလည်း အခုကတည်းက တင်း တင်း
ကျပ်ကျပ်ကိုင်တွယ်ဖို့ စပြီးကြိုးစား လာနေတာကိုလည်း ကစားသမားတွေအတွက် သူထုတ်ပြန်
ခဲ့တဲ့ စည်းကမ်းတွေကိုကြည့်ရင် သိသာ နေပါတယ်။ ကစားသမားတွေ လေ့ကျင့်ကွင်းကို အနည်း
ဆုံး တစ်နာရီ ကြိုပြီးရောက်ရမယ် ဆိုတာကစပြီး နှင်းလျှောမစီးရ၊ ဆိုင်ကယ်မစီးရဆိုတဲ့ စည်းကမ်း
မျိုးတွေကိုပါ ထုတ်ပြန်ခဲ့တာ ကြည့်ရင် ဘာစီလိုနာကို အင်းနရစ် စည်းကမ်းပိုင်းနဲ့ စပြီးကိုင်တွယ်
နေတဲ့ ပုံပါပဲ။
ဒီလို ကိုင်တွယ်ရတာကလည်း ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာ ကစားသမားတွေရဲ့ စည်းကမ်း ပိုင်း
လျော့ရဲမှုတွေအပေါ် ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားတာလို့လည်း ထင်ပါ တယ်။ ဒါ့ပြင် အသင်း
မှာ သူ့စိတ် ကြိုက်မတွေ့တော့တဲ့ ကစားသမားတွေကို လည်း ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး
ဒီအထဲ မှာ အဲလ်ဗက်စ်နဲ့ ဆောင်းတို့လို ကစားသမား တွေပါနေတဲ့အပြင် ဒီကစားသမားနှစ်
ယောက် ကို အလွတ်ထွက်ခွာခွင့်ပေးဖို့အထိ စဉ်းစားနေတာကိုကြည့်ရင် အင်းနရစ်ရဲ့ ပြုပြင်
ပြောင်းလဲမှုတွေဟာ ပြင်းထန်ဖို့ရှိနေတယ်။
အသင်းရဲ့ကစားပုံနဲ့ ပတ်သက်လို့ ရိုးမားနဲ့ ဆယ်လ်တာဗီဂိုတုန်းက အင်းနရစ်ဟာ ခံစစ်တန်း
သုံးယောက်နဲ့ ၃ဪ၄ဪ၃ ပုံစံကို အသုံးပြုလေ့ရှိတဲ့ နည်းပြတစ်ဦးဖြစ်သလို ဘာစီလိုနာ
ကိုလည်း ဒီလိုပုံမျိုး ပုံသွင်းလာဖို့ ရှိတယ်။ ခံစစ်သုံးယောက်ကစားပုံကို ဂွာဒီ ယိုလာ လက်ထက်
တုန်းကလည်း ဘာစီလိုနာ ကစားသမားအများစု ရင်းနှီးပြီးသားဖြစ်လို့ ဒီကစားကွက်ဟာ အသင်း
အတွက် သိပ်ပြီး တော့ စိမ်းနေမယ်မထင်ပါဘူး။
ဒါပေမဲ့ အင်း နရစ်အတွက် စိန်ခေါ်မှု ရှိနေတာက ခံစစ်နေရာအတွက်ပါပဲ။ ခံစစ်နေရာအတွက်
မက်သယူးအပြင် နောက်ထပ်ခံစစ်သမားတွေ ကိုပါ အားဖြည့်ဖို့ပြင်ဆင်နေလို့ အင်းနရစ်ဟာ
ဘာစီလိုနာရဲ့ ခံစစ်ကြောင်းကိုတော့ အဓိက ပြင်ဆင်ပေးမယ့်ပုံပါပဲ။ ဒါပေမဲ့ ရိုးမားနဲ့ ဆယ်လ်
တာဗီဂိုတို့မှာ ခံစစ်ပိုင်းပြင်ဆင်ပုံ အားနည်း ခဲ့တဲ့ အင်းနရစ်အတွက် ဘာစီ လိုနာရဲ့ခံစစ်ကို
စိတ်ချရတဲ့အနေအထားမျိုးရောက်တဲ့ အထိ ပြင်ဆင်နိုင်ဖို့ ဆိုတာကတော့ သိပ် လွယ်လှမယ်
မထင် ပါဘူး။ ဒါကြောင့် ထုံးစံအတိုင်း တိုက်စစ်ကို အသားပေး ထားဦးမယ့် အင်း နရစ်ရဲ့
ဘာစီလိုနာအသင်းသစ်ဟာ ဒီရာသီမှာ ဘယ် လောက်အထိ အောင်မြင်နိုင် မလဲဆိုတာ
စောင့်ကြည့်ရ မှာပါ။















