၂၀၁၄-၁၅ ရာသီကြို ခြေစမ်းပွဲများတွင် ထွက်ပေါ်ခဲ့သော စွမ်းဆောင်ရည်နှင့် ရလဒ် တွေက
အေစီမီလန်နှင့် အင်တာမီလန်တို့ကို ဆန့်ကျင်ဘက် လမ်းကြောင်းပေါ်သို့ တွန်းပို့ လိုက်သကဲ့သို့
ရှိသည်။
အေစီမီလန်သည် အိုလံပီယာကော့စ်ကို ၃-၀၊ မန်စီးတီးကို ၅-၁၊ လီဗာပူးကို ၂-၀ ဖြင့် သုံးပွဲ
ဆက်တိုက် အရေးနိမ့်ခဲ့ရာတွင် ၁၀ ဂိုး သွင်းခံလိုက်ရသည်။ တစ်ဖက်တွင် အင်တာ မီလန်
သည် ရီးယဲလ်မက်ဒရစ်နှင့် ၁-၁ သရေ ကျပြီး ပင်နယ်တီဖြင့် နိုင်သည်။
မန်ယူနှင့် ဂိုးမရှိသရေကျပြီး ပင်နယ်တီဖြင့် အရေးနိမ့် သည်။ တစ်ဖန် ရိုးမားကို ၂-၀ ဖြင့်နိုင်သည်။
ထိပ်သီးသုံးသင်းနှင့် ကစားရာတွင် အင်တာ မီလန်ခံစစ်ကြောင်းသည် တစ်ဂိုးသာ သွင်းခံရ သည်။
သို့ကလိုကြောင့် အေစီမီလန်သည် ခံစစ်ကြောင်းနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ ရှိလာချိန်တွင်
အင်တာမီလန်ကမူ ရာသီကြို ခြေစမ်းပွဲများမှတစ်ဆင့် ခံစစ်ကြောင်းအပေါ် ယုံကြည်မှုကို
စတင်တည်ဆောက်နိုင်ပြီဟု အီတလီမီဒီယာတချို့က နှိုင်းယှဉ်သုံးသပ်လာ ကြသည်။
လာမည့်ရာသစ်အတွက် အင်တာမီလန်၏ ပြင်ဆင်မှုကို ချဉ်းကပ်ကြည့်လျှင် ကွင်းတွင်း ကွင်းပြင်
ပြောင်းလဲမှုတွေရှိသလို ဘောလုံး အသင်းမှာရော၊ ဒါရိုက်တာဘုတ်အဖွဲ့မှာပါ ဆေးကြောသန့်စင်
မှုတွေ ပြုလုပ်ခဲ့သည်။ မကြာသေးမီက အင်တာမီလန်ဒါရိုက်တာ ဘုတ်အဖွဲ့တွင် ပိုင်ရှင်ဟောင်း
မိုရက်တီ၏ အခန်းကဏ္ဍကိုလည်း ရှင်းလင်းစွာ ပိုင်းခြား သတ်မှတ်လိုက်သည်။
မိုရက်တီသည် ပိုင်ရှင် သစ် အဲရစ်သိုဟာ ဦးဆောင်သော ဘုတ်အဖွဲ့ ၏ စီမံခန့်ခွဲမှုကို ၀င်ရောက်
စွက်ဖက်ခြင်း မရှိတော့ဘဲ ၁၈ နှစ်တာ ဦးဆောင်ခဲ့သော ၎င်း၏ပုံရိပ်နှင့် အခန်းကဏ္ဍများဖြင့်
အင်တာမီလန်ကို ကျရောက်လာမည့် ထိုးနှက်တိုက်ခိုက်မှုမှန်သမျှကို အစွမ်းကုန် ကာကွယ်ပေး
သွားမည် ဖြစ်သည်။ အသင်းတွင် ဩဇာရှိသော အသင်း ခေါင်းဆောင် ဟာဗီယာဇနက်တီကို
ဒုဥက္ကဋ္ဌ ရွေးချယ်တင်မြောက်လိုက်ပြီး အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု 'အပေါ်ထပ် အဆောက်အအုံ'ကို
ပြန်လည် ပြင်ဆင်လိုက်သည်။
သုံးနှစ်စီမံကိန်း ရေးဆွဲထားပြီး အသင်း၏ ရည်မှန်းချက်နှင့် တိုးတက်မှုနှုန်းထားကို ရှင်းလင်းပြတ်
သားစွာ ချမှတ်ထားသည်။ အင်တာမီလန်အသင်းတွင် အာဂျင်တီးနား ဘောလုံးသမားများ၏
လွှမ်းမိုးမှုနှင့် အရည် အတွက်ကို လျှော့ချလိုက်သည်။ အသက် အရွယ်ထောက်လာပြီဖြစ်သော
တိုက်စစ်မှူး မီလီတို (၃၄ နှစ်)၊ ကွင်းလယ်လူ ကမ်ဘီယာဆို (၃၃ နှစ်)၊ အသင်းခေါင်းဆောင်
ဇနက်တီ (၄၀ နှစ်)နှင့် ဆင်မြူရယ် (၃၅ နှစ်)တို့ကို ရှင်းထုတ် လိုက်သည်။ တစ်ဖန် အသင်းနှင့်
အံဝင်ခွင်ကျ ခြင်းမရှိတော့သည့် အာဂျင်တီးနားကစားသမားများဖြစ်သော နောက်ခံလူ ဟူဂိုကမ်
ပါနာရို (၃၃ နှစ်)နှင့် ဆီဗက်စတြာ (၂၉ နှစ်)၊ ကွင်းလယ်လူ ရစ်ကီအဲလ်ဗာရက်ဇ် (၂၆နှစ်)၊
ကိုလံဘီယာ ကွင်းလယ်လူ ဖရက်ဒီဂူအာရင် (၂၈ နှစ်)၊ အီတလီကွင်းလယ်လူ ရှလော့တို
(၂၅ နှစ်) တို့ကို အရောင်းစာရင်းထဲသို့ ပို့လိုက်သည်။
အင်တာမီလန် ရှင်းထုတ်လိုက်သူ အများစု သည် အတွေ့အကြံုများသော်လည်း အသက်
အရွယ်အားဖြင့် အကျပိုင်းရောက်နေသူများ ဖြစ်ကြသည်။ အထူးသဖြင့် အာဂျင်တီးနား အုပ်စု
ဆိုလျှင် ၃၀ ကျော်များသာ ဖြစ်သော ကြောင့်၎င်းတို့ကို ရှင်းထုတ်လိုက်ခြင်းအား ဖြင့် အင်တာ
မီလန်၏ အသင်းလိုက် ပျမ်းမျှ အသက် (squad average age) မြင့်တက် လာသည်။
နောက်ဆက်တွဲအနေဖြင့် လာမည့် ရာသီတွင် အင်တာမီလန်သည် နုပျိုလန်းဆန်း လာပြီး
အကြိတ်အနယ် ယှဉ်ပြိုင်နိုင်စွမ်း မြင့်တက်လာမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
မကြာသေးမီက အင်တာမီလန်သည် ရာသီသစ်အတွက် မန်ယူနောက်ခံလူ ဗီဒစ် (၃၂ နှစ်)၊ ရိုးမား
နောက်ခံလူ ဒိုဒို (၂၂ နှစ်)၊ ပြင်သစ် ကွင်းလယ်လူ အမ်ဗီလာ (၂၄နှစ်)၊ ဆလိုဗေးနီးယား ကွင်း
လယ်လူ ရီနီခါရင် (၂၄ နှစ်) တို့ကို ခေါ်ယူလိုက်ပြီး အီတလီ တိုက်စစ်မှူး အော့စဗဲလ်ဒိုနှင့် ချီလီ
လက်ရွေးစင် ဂယ်ရီမီဒယ်တို့ကို အပြီးသတ်ခေါ်ယူနိုင်ရန် သေချာသလောက် ရှိနေပြီဖြစ်သည်။
၀ါရင့်မန်ယူနောက်ခံလူဗီဒစ်ကို ခေါ်ယူ လိုက်ခြင်းကြောင့် အင်တာမီလန်နောက်တန်း သည်
တောင့်တင်းကျစ်လျစ်သွားသည်။ လာမည့်ရာသီအတွက် အင်တာမီလန်သည် ယခင်နှစ်က
အသုံးပြုခဲ့သော သုံးယောက်ခံစစ် ပုံစံကိုပဲ ဆက်လက်အသုံးပြုမည်လော၊ သို့တည်း မဟုတ်
လေးယောက်ခံစစ်ပုံစံကို ပြောင်းလဲ ကျင့်သုံးမည်လော ဆိုသည်မှာ ရာသီကြို ခြေစမ်းပွဲများ
အပြီးတွင် ဆုံးဖြတ်သွားမည် ဖြစ်သည်။
အင်တာမီလန်နည်းပြ မက်ဇာရီသည် ရာသီကြို ခြေစမ်းပွဲများတွင် ဗီဒစ် (၃၂ နှစ်)၊ ရာနော့ချီယား
(၂၆ နှစ်)နှင့် ဂျူအန်ဂျီးဆပ် (၂၃ နှစ်)တို့ဖြင့် 'အထိုင်ချ'ပြီး သုံးယောက် ခံစစ်ပုံစံကို အများဆုံး
အသုံးပြုခဲ့သောကြောင့် လာမည့်ရာသီတွင်လည်း သုံးယောက် ခံစစ် ကို ဆက်လက်အသုံးပြုဖို့
အလားအလာ များသည်။
ဗီဒစ်ရောက်လာခြင်းကြောင့် အင်တာ မီလန် ခံစစ်ကြောင်း၏ တောင့်တင်းကျစ်လျစ် မှုနှင့်
အကြိတ်အနယ် ယှဉ်ပြိုင်နိုင်စွမ်း မြင့်တက် သွားသည်။ အထူးသဖြင့် ဗီဒစ်သည် ကြံ့ခိုင်မှု
စွမ်းရည်ကို ဦးစားပေးသော စ့ပျငခေူ စူပေ နှင့် အမြင့်ဘောများ ရှင်းလင်းဖျက်ထုတ် ရာတွင်
စိတ်ချရသောကြောင့် အင်တာမီလန် ခံစစ်ကြောင်းအတွက်၊ လစ်ဟာနေသော ကွက်လပ်
တစ်ခုကို ဖြည့်ဆည်းနိုင်လိမ့်မည် ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
တစ်ဖန် ဗီဒစ်သည် ချန်ပီယံလိဂ်ပြိုင်ပွဲ အပါအဝင် ဥရောပအတွေ့အကြံု များပြား သောကြောင့်
အသစ်ရောက်လာသူ ဖြစ်ပေ မယ့် အင်တာမီလန်ခံစစ်ကြောင်းကို ဦးဆောင် မောင်းနှင်နိုင်စွမ်း
ရှိသည်။
ခြေစမ်းပွဲများတွင် ကွင်းလယ်ခံစစ်ပိုင်းကိုပါ ထိန်းကျောင်းပေး နိုင်သောကြောင့် နည်းပြမာရာဇီ၏
ချီးကျူး အားထားခြင်းခံရသည်။ အထူးသဖြင့် ရီးယဲလ် မက်ဒရစ်၊ မန်ယူနှင့် ရိုးမားတို့လို ထိပ်သီး
သုံးသင်းနှင့် ခြေစမ်းရာတွင် တစ်ဂိုးသာ သွင်းခံ ရသော အင်တာမီလန်ခံစစ်ကြောင်းသည် ရာသီ
ကြို ခြေသွေးခဲ့ကြသော စီးရီးအေ ထိပ်တန်းအသင်းကြီးများအနက် ပေးဂိုး အနည်းဆုံးအသင်း
ဖြစ်သည်။
သို့ရာတွင် ကွင်းလယ်နှင့် တိုက်စစ်ပိုင်းတွင် လည်း တိုးတက်မှုများနှင့်အတူ လိုအပ်ချက် များလည်း
ရှိနေသေးကြောင်း နည်းပြ မာရာဇီက ပြောဆိုသည်။ ကစားအား၊ ပြေးအား၊ ကြံ့ခိုင်မှုများ တိုးတက်
လာသော အင်တာ မီလန်၊ကွင်း လယ်နှင့်တိုက် စစ်ပိုင်းတို့တွင် ရွေ့လျားမှုများ 'သွက်'လာသည်။
လူခွဲ နေရာယူပုံ များ တိုးတက်ကောင်းမွန်လာပြီး အမှား အယွင်း လျော့နည်းသွားသောကြောင့်
ဘောလုံးဆုံးရှုံးမှုလည်း နည်းပါးသွားသည်။ သို့ကလိုကြောင့် မလိုအပ်ဘဲ ဘောလုံးကို ဆင်းယူ
နေရခြင်းများ လျော့နည်းကာ ဘောလုံး ပိုင်ဆိုင်မှုနှင့် ကစားကွက် ဖော်ဆောင်ခြင်း၊ ကစားရှိန်
အတင်အချပြုလုပ်ခြင်းများဘက်သို့ ပိုမိုအာရုံစိုက်သွားနိုင်သည်ကို တွေ့ရ သည်။
အင်တာကွင်းလယ်တွင် အမ်ဗီလာ (၂၄ နှစ်)၊ ကိုဗာဆစ်(၂၀ နှစ်)၊ ကူဇမန်နိုဗစ် (၂၆ နှစ်)၊ ရီနီခါရင်
(၂၄ နှစ်)၊ ဒီယေဂို လာဆက် (၂၁ နှစ်)၊ ဂျိုးအိုဘီ (၂၃ နှစ်)တို့လို လူငယ်ကစားသမား များရှိသော
ကြောင့် ပွဲထွက် နေရာအတွက် ပြိုင်ဆိုင်မှု နှင့် အသင်းလိုက် စိတ် ဓာတ်အတွက် ကောင်း မွန်သော
အခင်း အကျင်းများကို ဖြစ် ပေါ်လာစေသည်။ ဆိုရပါလျှင် အင်တာ မီလန်သည် 'အပေါ်ထပ်
အဆောက် အအုံ' အပြောင်းအလဲနှင့်အတူ ကစား သမား အခင်းအကျင်းများလည်း ပြောင်းလဲ
သွားသည်။
အထူးသဖြင့် အာဂျင်တီးနားများ လွှမ်းမိုးနေသော 'လောင်းရိပ်'မှ ခွဲထွက်လာ နိုင်ပြီး တောင့်တင်း
ကျစ်ကျစ်သော ခံစစ် ကြောင်းကို တည်ဆောက်နိုင်ခြင်းတို့ကြောင့် မျှော်လင့်ချက်များလည်း
အထိုက်အလျောက် မြင့်မားလာသည်။ သို့ကလိုကြောင့် အင်တာ မီလန်သည် လာမည့်ရာသီတွင်
စိတ်လှုပ်ရှား မှုနှင့် ဖျော်ဖြေမှုကို အများဆုံးပေးစွမ်းနိုင် သောအသင်း ဖြစ်လာဖွယ်ရှိသည်။















