ထွက်ခွာခြင်း၊ ဆိုက်ရောက်ခြင်းများစွာနဲ့ စောင့်ကြည့်ဖို့ လိုအပ်နေဆဲ

ထွက်ခွာခြင်း၊ ဆိုက်ရောက်ခြင်းများစွာနဲ့ စောင့်ကြည့်ဖို့ လိုအပ်နေဆဲ

ဆောက်သမ်တန် အောင်မိုးဇော် ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဘောလုံးရာသီမှာ ဆောက် သမ်တန်ဟာ
အဆင့်(၈)နဲ့ ပိတ်သိမ်းခဲ့ပါ တယ်။ ဒါဟာ ပြီးခဲ့တဲ့ရာသီလေးခုအတွင်း အအောင်မြင်ဆုံးဖြစ်ခဲ့
တာပါ။

'စိန့်'တွေဟာ ၂၀၁၀-၁၁ လိဂ် ပထမတန်းမှာ ဒုတိယ၊ ၂၀၁၁-၁၂ ချန်ပီယံရှစ်မှာ ဒုတိယနဲ့
၂၀၁၂- ၁၃ ပရီမီယာလိဂ်မှာ အဆင့်(၁၄)သာ ရခဲ့ တယ်။ ဆောက်သမ်တန်ဟာ မနှစ်က မထင်
မှတ်တာတွေကို လုပ်ပြသွားနိုင်တဲ့အသင်း တွေ စာရင်းမှာ ပါခဲ့တယ်။ မန်ယူလိုအသင်း ကြီး
တစ်သင်းတောင် အဆင့်(၇)ဖြစ်သွားတဲ့ အချိန်မှာ ဆောက်သမ်တန်က မန်ယူနဲ့ အနီး ကပ်ဆုံး
အဆင့်(၈)နေရာအထိတောင် ယူနိုင် ခဲ့တယ်ဆိုတော့ ဒါဟာ တကယ့်ကို အထင်ကြီး စရာပါ။
အခုရာသီမှာတော့ အပြောင်းအရွှေ့၊ အလှုပ်အခတ်တွေများနေတဲ့ ဆောက်သမ် တန်ဟာ
စောင့်ကြည့်ရမယ့် အနေအထားတွေ တွေ့နေရပါတယ်။

ထွက်ခွာခြင်းများစွာ
ဆောက်သမ်တန်အကြောင်းကို အရင်ဆုံး ပြောရမယ့်အချက်ကတော့ ကစားသမား ကောင်းများ
စွာ ဆုံးရှုံးသွားတဲ့အချက်ဖြစ်ပါ တယ်။ ဆောက်သမ်တန်ရဲ့ ဆုံးရှုံးမှုဟာ အသင်းတစ်သင်းအင်အား
ရဲ့ တစ်ဝက်နီးပါး လောက်ရှိပါတယ်။ တချို့က ဒါကို အလေး အနက်ထား သုံးသပ်ခဲ့ကြပြီး 'စိန့်'
တွေရဲ့ ညာဘက်တစ်ခြမ်းလုံး ကုန်သလောက်ဖြစ် သွားတယ်လို့ ဆိုပါတယ်။

ဒီကစားသမားတွေကိုရောင်းချလို့ ရလိုက် တဲ့ဝင်ငွေက ပေါင် ၉၂ သန်းရှိပြီး အမေရိကန် ဒေါ်လာနဲ့
ဆိုရင် ၁၅၅ သန်းရှိပါတယ်။ အဲဒီလို ရောင်းချလိုက်တဲ့အထဲမှာ လုခ်ရှောဆိုရင် အင်္ဂလန်ရဲ့ ဘယ်
တောင်ပံခံစစ်အတွက် အားထားရမယ့်သူတစ်ဦးဖြစ်နေပြီး ဒီပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားကြီးမှာ
လုခ်ရှော၊ အဒမ် လာလာနာ၊ ရစ်ကီလမ်းဘတ်တို့ဟာ အင်္ဂလန် အတွက် ကိုယ်စားပြုရွေးချယ်
ခံခဲ့ရတဲ့သူတွေ ဖြစ်ပါတယ်။ ဗဟိုခံစစ်အတွက် အားကိုး အားထားပြုခဲ့ရတဲ့ ကလမ်ချမ်ဘာဆိုရင်
လည်း ဆောက်သမ်တန်အကယ်ဒမီထွက်တွေ ရှိတဲ့ ၀ဲလ်ကော့၊ ချိန်ဘာလိန်တို့ရှိနေတဲ့ အာဆင်
နယ်ဆီ ထွက်ခွာသွားခဲ့တာဖြစ်ပါ တယ်။ အသင်းကြီးတွေကတော့ ငွေကြေး သုံးစွဲ နိုင်မှု အတိုင်းအတာအရ ဈေးကောင်းကောင်း၊ ကြေးကြီးကြီးပေးပြီး ခေါ်ကြမှာပါပဲ။

ဒီနေရာ မှာ ဆောက်သမ်တန်ဘက်က စဉ်းစားရမှာက အသင်းရဲ့ အထိုင်ပျက်သွားမှာလား၊
ဘယ်လို ကစားသမားတွေနဲ့ အစားထိုးဖြည့်တင်းမှာလဲ ဆိုတဲ့အချက်တွေပါ။ ဒီလိုကစားသမား
ကောင်းတွေကို ထုတ်ရောင်းပစ်လိုက်တဲ့ အတွက် မနှစ်ကလို ခြေစွမ်းမျိုး၊ အဆင့်အတန်း မျိုး၊
အခြေအနေမျိုး ရောက်မလာနိုင်ဘူးဆိုတဲ့ အမြင်တွေကလည်း ရှိနေပါတယ်။

ရော်နယ်လ်ကိုးမင်း ဘာတွေသယ်ဆောင်လာနိုင်သလဲ
ပြီးခဲ့တဲ့ရာသီက ကိုင်တွယ်သွားတဲ့ ပိုချက်တီနိုကတော့ တော့တင်ဟမ်ဟော့စပါး အသင်းကို
ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ သူ့အနေနဲ့ လန်ဒန်ကလပ်ရဲ့ ကြွယ်ဝချမ်းသာ မှုတွေ၊ အင်အား
ကြီးမားမှုတွေကြားမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရတော့မှာပါ။ ပိုချက်တီနိုဟာ လုခ်ရှောတို့
လူသိုက်ကို ကောင်းကောင်းကြီးသိပြီး အသုံးချနိုင်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

ဆောက်သမ်တန်ဟာ လစ်လပ်သွားတဲ့ နည်းပြနေရာမှာ နယ်သာလန်လူမျိုးနည်းပြ ရော်နယ်လ်
ကိုးမင်းကို အခုပြီးခဲ့တဲ့ ဇွန် ၁၆ ရက်မှာ အစားထိုးခန့်အပ်ခဲ့ပါတယ်။ အဲဒီမှာ ကိုးမင်းအနေနဲ့ နယ်
သာလန်ကစားသမား တွေကို ခေါ်ချင်လို့ ကစားသမားဟောင်း တချို့ကို ရောင်းထုတ် ပစ်လိုက်
တာဆိုတဲ့ အမြင် ရှိသူတွေက လည်း မနည်းပါဘူး။ မန်ယူကို ဗန်ဟားလ် ရောက်လာသလို ကိုးမင်း
ကလည်း ဆောက်သမ်တန်ကို ရောက်လာတာပါ။ ဒါကြောင့် ဒီရာသီမှာ နယ်သာလန်လူမျိုး
နည်းပြတွေဟာ ပရီမီယာလိဂ်ကလပ် တွေအတွက် ဘာတွေလုပ်ပေးနိုင်မလဲ၊ ဘာတွေ သယ်
ဆောင်လာနိုင်သလဲဆိုတဲ့ အချက်တွေက စဉ်းစားဖို့တော့ ကောင်းနေ ပါတယ်။

နယ်သာလန်ဆိုတာက Total Football ကို အစပြုခဲ့တဲ့ နိုင်ငံဖြစ်ပြီး အခု ၂၀၁၄ ကမ္ဘာ့ဖလား
မှာလည်း တတိယဆု ပူပူနွေးနွေး ရထားတယ်မဟုတ်လား။ ရော်နယ်လ်ရဲ့ ဘဝအကြောင်းကို
တစေ့ တစောင်းလေ့လာကြည့်ရင် နယ်သာလန် ကလပ် ဂရိုနင်ဂျင်မှာ အစပြုခဲ့ပြီး အေဂျက်ဇ်၊
ပီအက်စ်ဗီ၊ ဘာစီလိုနာနဲ့ ဖီယင်နုကလပ် တွေမှာ ကစားခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူဟာ
နယ်သာလန်ကလပ်တွေနဲ့ စပိန်ကလပ် ဘာစီလိုနာရဲ့ ကစားဟန်တွေကို ရရှိခဲ့သူလို့ ဆိုနိုင်
တာပေါ့။

နည်းပြဘဝကို ကူးပြောင်းရာ မှာတော့ နယ်သာလန်လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြ၊
ဘာစီလိုနာအသင်းရဲ့ လက်ထောက်နည်းပြ အသီးသီးဆောင်ရွက် ခဲ့ပြီးတဲ့နောက် ဗစ်တက်ဆီ၊
အေဂျက်ဇ်၊ ဘင်ဖီကာ၊ ပီအက်စ်ဗီ၊ ဗလင်စီယာ၊ အေဇက် အယ်လ်ခမာ၊ ဖီယင်နုအသင်းတွေမှာ
နည်းပြ အဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။ ဒါကြောင့် နယ်သာလန်၊ စပိန်၊ ပေါ်တူဂီကလပ်တွေရဲ့
အကြောင်းကိုလည်း ကောင်းစွာသိထားသူ ဖြစ်တယ်လို့ ထည့်တွက်ထားရမှာဖြစ်ပါတယ်။ သူ့ရဲ့
ကစားသမားဘဝ အအောင်မြင်ဆုံးက တော့ ယူရို ၈၈ ဆုဖလားကို ကိုင်မြှောက်နိုင် ခဲ့တာပါပဲ။
သူဟာ ဆောက်သမ်တန်အသင်း ဆီကို attacking football နည်းစနစ်တွေ ယူဆောင်
လာလိမ့်မယ်လို့ အားလုံးက ယူဆနေကြပါတယ်

ဒါကြောင့် ရော် နယ်လ်ကိုးမင်း ဆောက်သမ်တန် အတွက် ဘာတွေ သယ်ဆောင်လာနိုင်သလဲ
ဆိုတာက ဒီရာသီအတွက် အရေး ပါဆုံး မေးခွန်းတစ်ခုနဲ့ အဖြေတစ်ခု ဖြစ်လာ ပါလိမ့်မယ်။

ဆောက်သမ်တန်ရဲ့ ခြေလှမ်းပြင်ဆင်မှုများ
'စိန့်'တွေဟာ ရော်နယ်လ်ကိုးမင်းကို ခန့်အပ်ခဲ့ပြီး တဲ့နောက် အသက် ၂၈ နှစ်အရွယ် ရှိတဲ့
အီတလီတိုက်စစ်မှူး ဂရာဇီယာနိုပယ်လီ ကို ဖော်ပြမထားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ သုံးနှစ်
စာချုပ် ချုပ်ဆိုခေါ်ယူခဲ့ပါတယ်။ သူဟာ နယ်သာလန်ကလပ် ဖီယင်နုမှာ ကစား နေသူတစ်ဦး
ဖြစ်ပြီး အယ်လ်ခမာမှာတုန်းက အတူတွဲလုပ်ဖူးကာဒါက တတိယအကြိမ် မြောက် လက်တွဲတာ
လို့ ဆိုပါတယ်။

ဒါကြောင့် ပယ်လီဟာ ၂၀၁၇ နွေရာသီအထိ စိန့်မေရီမှာ ရှိနေမှာပါ။ နောက်တစ်ယောက်ကတော့
အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ ရွိုင်ယန်ဘာထရန် ကို ချယ်လ်ဆီးကနေ တစ်ရာသီအငှားနဲ့
ခေါ်ယူ လိုက်နိုင်တာဖြစ်ပါတယ်။ အမှုဆောင်အရာရှိ ချုပ်ဖြစ်တဲ့ ဂါရက်ရော်ဂျာကတော့ ရွိုင်ယန်
ဟာ ငယ်ရွယ်တယ်၊ ဗဟိုခံစစ် ကနေတောင် တိုက်စစ် အထိ လိုက်ပါကစားနိုင် တယ်။

သူဟာ အင်္ဂလိပ် ကစားဟန်နဲ့ အံဝင်ပြီး ကလပ်ရဲ့ ဘောလုံးဒဿန နဲ့ ကစားဟန်တွေကို နားလည်
ကာ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်လိမ့်မယ်လို့ ချီးပထားလေရဲ့။ သူတို့ဟာ တတိယခေါ်ယူမှုအဖြစ်
စပို့တင်းလစ္စဘွန်းရဲ့ အာဂျင်တီးနား ဘယ် အစွန်လူ မားကို့စ်ရိုဂျိုကို ဒီနွေမှာ တတိယ မြောက်
လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ဆိုပါ တယ်။ ဒီ ၂၄ နှစ်သားအတွက် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးက
ပေါင် ၁၂ သန်း ၀န်းကျင် ရှိတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ပုံမှန်နေရာက ဘယ်အစွန်ခံစစ်ဖြစ်ပေမယ့်
ဗဟိုခံစစ်မှာလည်း သုံးလို့ရတယ်လို့ ဆိုပါတယ်။ ဒီချာတိတ်ကို လီဗာပူးနဲ့ ချယ်လ်ဆီးကလည်း
လိုက်နေတယ် လို့ ဆိုပါတယ်။ ဒါ့ပြင် အင်္ဂလန်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဘီလီရှပ်ကိုလည်း ခေါ်ယူ
ထားပါသေးတယ်။

ရော်နယ်လ်ဟာ သူကစားဖူးတဲ့ကလပ်ဟောင်း တစ်ခုဖြစ်တဲ့ ဂရိုနင်ဂျင်မှာ ကစားဖူးပြီး အခု လက်ရှိ
အက်ဖ်စီတွမ်တီးမှာ ကစားနေတဲ့ အသက် ၂၅ နှစ်အရွယ်ရှိ ဆားဘီးယား ကွင်းလယ်ဖန်တီးရှင်
ဒူဆန်တာဒစ်ကို ပေါင် ၁၀ ဒသမ ၉ သန်းနဲ့ ခေါ်ယူထားပါတယ်။ သူက သူတည်ဆောက်မယ့်
ကလပ်ရဲ့ ဖြစ်စဉ်မှာ ဒူဆန်ဟာ အဓိကဖြစ်လာမယ်လို့ ယုံကြည်ပြီး ကွင်းလယ်တိုက်စစ်မှာလည်း
သုံးလို့ရတယ် လို့ ပြောပါတယ်။

သူကလည်း Attacking Football ဒဿနကို နားလည်လွယ်သူလို့ ထုတ်ပြောထားတာပါ။
ဆောက်သမ်တန်ဥက္ကဋ္ဌ ခရူးဂျာကတော့ တိုက်စစ်မှူး ဂျေးရိုဒရီဂွက်ဇ်နဲ့ ကွင်းလယ် ကစားသမား
မော်ဂန်ဆက်ချ်နီဒါလင် တို့ဟာ ရောင်းကုန်မဟုတ်ဘူးလို့ ကြေညာထားသလို မန်ယူအတွဲ ဖြစ်တဲ့
ဟာနန်ဒက်ဇ်နဲ့ ဇာဟာ၊ ဗီလာက ရွန်ဗယ်လာ၊ ဆဲလ် တစ်က ဗန်ဒစ်နဲ့ ဖရေဇာ ဖော်စတာ အစရှိသူ
တွေ ကို ပစ်မှတ်ထားကာ ပေါင် သန်း ရ၀ ကျော်လောက် သုံးဖို့ ပစ်မှတ်ထားနေပါ တယ်။ ဒါကြောင့်
ခြံုငုံသုံးသပ် ရမယ်ဆိုရင် ဂါရတ် ဘေးလ်၊ ၀ဲလ်ကော့၊ ချိန် ၊ဘာလိန်၊ လာလာနာ အစရှိတဲ့ လူငယ်
ကစား သမားတွေကို မွေးထုတ်ပေး နိုင်ခဲ့တဲ့ ဆောက်သမ်တန် လူငယ် အကယ်ဒမီကို ပိုင်ဆိုင်ထား
တဲ့ 'စိန့်' တွေအတွက် နည်းပြကောင်းတစ်လက်က လည်း ရထားတာမို့ ထွက်ခွာခြင်းနဲ့ ဆိုက်
ရောက်ခြင်းတွေရဲ့ကြားမှာ ဆောက် သမ်တန်ကလပ် ဘယ်လိုစီးမျောမလဲ ဆိုတာ စောင့်ကြည့်ဖို့
လိုအပ်နေဆဲပဲ ဖြစ်တယ်လို့ ဆိုချင်ပါရဲ့...။



ဖတ်ရှုမှုအများဆုံး