အာရှမသန်စွမ်းအားကစားပြိုင်ပွဲ မြန်မာ အသင်း သွားရောက်ယှဉ်ပြိုင်မည်

အာရှမသန်စွမ်းအားကစားပြိုင်ပွဲ မြန်မာ အသင်း သွားရောက်ယှဉ်ပြိုင်မည်

လာမည့် အောက်တိုဘာ ၁၈ ရက်နေ့မှ၂၅ ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်
မည့် အာရှ မသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်မှ
အားကစားနည်း လေးမျိုးဖြင့်ဝင် ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အဆိုပါ အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် အာရှနိုင်ငံပေါင်း ၄၀ ကျော်မှ မသန်စွမ်းအားကစား
သမားများ ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်မှ ပြေး
ခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘောလီဘော၊ မြားပစ်အားကစားနည်းများကို အားကစားသမား ၂၂ ဦး၊
နည်းပြနှင့် အသင်းအုပ်ချုပ်သူ ၂၁ ဦး စုစုပေါင်း ၄၃ ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

"ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် အာရှအဖွဲ့ချုပ်က မြန်မာနိုင်ငံက ကစားသမားတွေရဲ့
စံချိန်တွေကို ကြည့်ရှု ခဲ့ပါတယ်။ စံချိန်တွေကို ကြည့်ပြီးတော့မှ ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်
aဘာလီဘော၊ မြားပစ် အားကစားနည်းတွေမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ ဒီလိုအာရှ
အဆင့်ပြိုင်ပွဲကြီးကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ အတွက် ကျွန်တော်တို့ကစားသမားတွေ နိုင်ငံ
တကာပြိုင်ပွဲ အတွေ့အကြံုတွေရရှိပါတယ်။ လာမယ့် စင်ကာပူမသန်စွမ်းဆီးဂိမ်း ပြိုင်ပွဲအတွက်
ပြင်ဆင်မှုအနေနဲ့ဝင်ရောက် ယှဉ်ပြိုင်တာပါ"ဟု မြန်မာနိုင်ငံမသန် စွမ်း အားကစားအဖွဲ့ချုပ်
ဒုတိယဥက္ကဋ္ဌဦးမျိုးမြင့် က မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ်သည် လာမည့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင်
စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ် မည့် (၈) ကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်း အားကစား
ပြိုင်ပွဲကြီးအတွက် အကြိုပြင်ဆင်မှုအနေဖြင့် (၂၆) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်း
အားကစားပြိုင်ပွဲကို ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

"ဒီပြိုင်ပွဲမှာ ပြည်နယ်နဲ့တိုင်း၊၀န်ကြီး ဌာနတွေက မသန်စွမ်းအားကစားသမား တွေ ပါ၀င်မယ်။
ဒီပြည်တွင်းပြိုင်ပွဲက နှစ်စဉ် ကျင်းပတဲ့ ပြိုင်ပွဲပါ။ မနှစ်ကတော့ အားကစားနည်း ၁၂ နည်းနဲ့
ကျင်းပပြုလုပ်ခဲ့ပြီး အားကစားသမား ၃၀၀ ကျော်လောက် ပါ၀င်ခဲ့ပါတယ်။ မနှစ်ကပြိုင်ပွဲက
လည်းဆီးဂိမ်းအတွက် ရည်ရွယ်ပြီးကျင်းပခဲ့တာပါ။ ဒီပြိုင်ပွဲကနေ နိုင်ငံတကာပြိုင်ပွဲတွေ အတွက်
မျိုးဆက်သစ်ကစားသမားတွေ ထွက်ပေါ်လာပါတယ်။ ဒီနှစ်ဒီဇင်ဘာလမှာ လည်း ဒီပြိုင်ပွဲကို
ကျင်းပပြုလုပ်ပြီးတော့ လာမယ့် ဆီးဂိမ်းပြိုင်ပွဲအတွက် ပဏာမ လက်ရွေးစင်တွေ ရွေးချယ်သွား
မှာပါ"ဟု ဦးမျိုးမြင့်က ပြောသည်။

ပြီးခဲ့သည့်ဇန်နဝါရီလက မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်ခဲ့သော (၇) ကြိမ်မြောက်
အရှေ့တောင်အာရှ မသန် စွမ်း အားကစားပြိုင်ပွဲတွင် အားကစား သမား၂၀၀ ဦးဖြင့် ၀င်ရောက်
ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံအလိုက်ရပ်တည်မှုတွင် အဆင့် (၅) ရရှိခဲ့သည်။



ဖတ်ရှုမှုအများဆုံး