ပရီမီယာလိဂ် ဘောလုံးစီးပွားရေးယန္တရားကြီး လည်ပတ်ပြီ

ပရီမီယာလိဂ် ဘောလုံးစီးပွားရေးယန္တရားကြီး လည်ပတ်ပြီ

၂၀၁၄-၁၅ ဘောလုံးရာသီ ပရီမီယာလိဂ်ဘောလုံးပြိုင်ပွဲဟာ ဩဂုတ် ၁၆ ရက်နေ့က စတင်ပြီး
လည်ပတ်လာပါတော့မယ်။ အမှတ်ပေးဘောလုံးပြိုင်ပွဲလို့ ဆိုသော်ငြားလည်း တကယ်တော့
ဘောလုံးစီးပွားရေးလုပ်ငန်း တစ်ခု ပြန်လည်လည်ပတ်လာခြင်းပဲ ဖြစ်ပါ တယ်။

ဘောလုံးပွဲတွေရဲ့ အနိုင်အရှုံး ရလဒ် တွေအောက်မှာ အသင်းတွေရဲ့ ငွေရေး ကြေး ရေးအနေ
အထားက လည်ပတ်စီးဆင်းနေတဲ့ အတွက် ဥရောပထိပ်သီးလိဂ်တွေရဲ့ ဘောလုံး ပြိုင်ပွဲက
ဘောလုံးကစားနေခြင်းဆိုတာထက်ကို ပိုမိုနက်ရှိုင်းလို့နေပါတယ်။ ဥပမာအနေနဲ့က တော့
မနှစ်ကရာသီမှာ နာမည်ကြီးမန်ချက် စတာယူနိုက်တက်အသင်း အမှတ်ပေးဇယား မှာ အဆင့်
(၄)အတွင်း မဝင်နိုင်ခဲ့တဲ့အတွက် မန်ယူဟာ ဥရောပထိပ်သီးအသင်းတွေရဲ့ ငွေကြေးရပ်တည်မှု
အဆင့်မှာ လျော့ကျသွား ပြီး ငွေကြေးဆုံးရှုံးမှုဆိုတာ ပေါ်ပေါက်ခဲ့ရ သလို အသင်းနဲ့ဆက်စပ်
ပတ်သက်တဲ့ စပွန်ဆာ ရရှိမှုအပိုင်းတွေအထိကို သက်ရောက်မှုရှိ သွားတာက ထိပ်တန်းလိဂ်ပြိုင်ပွဲ
တွေဟာ ဘောလုံးကစားခြင်းထက်ကို ပိုနေတယ်ဆိုတာ ကို ပြသနေခဲ့ပါတယ်။

ဘောလုံးကစားပြီး နိုင်ခြင်း ရှုံးခြင်းနောက်ကွယ်မှာ သန်းနဲ့ချီတဲ့ငွေကြေးမြတ်စွန်းမှု၊ ဆုံးရှုံးမှုဆိုတာ
တွေက ဆက်တိုက် ပတ်သက်လာနေခဲ့ပါတယ်။ ဒါကြောင့် ပရီမီယာလိဂ်မှာ ထိပ်သီးခုနစ်သင်းဟာ
ချန်ပီယံဖြစ်ရေး၊ အဆင့်(၄)အတွင်းဝင်ရေး ကြိုးပမ်းကြရသလို အသင်းငယ်တွေကလည်း တန်း
မဆင်းရဖို့အတွက် ရုန်းကန်ကြရလို့ ပွဲတိုင်းဟာ စိတ်ဝင်စားမှုအပြည့်ရှိနေတဲ့ လိဂ်ပြိုင်ပွဲတစ်ခုပဲ
ဖြစ်ပါတယ်။

ပရီမီယာလိဂ်ရုပ်သံကြေးဟာ ပြီးခဲ့တဲ့ရာသီ ၂၀၁၃-၁၄ ရာသီက စတင်ပြီး စာချုပ် အသစ်နဲ့ စတင်
လိုက်တာဖြစ်လို့ အသင်းတိုင်း ဟာ ရည်မှန်းချက်ကိုယ်စီနဲ့ ပြိုင်ပွဲဝင်ခဲ့ကြတာ ပါ။ ရုပ်သံစာချုပ်သစ်
က သုံးနှစ်အတွက် ၁ ဒသမ ရ၇ ဘီလျံတောင် ရှိထားတာပါ။ပြီးတော့ ရုပ်သံခွဲတမ်းက လာလီဂါမှာ
လို ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့က အများအပြား ရယူပြီး ခွဲဝေယူတာမျိုးမဟုတ်ဘဲ ပရီမီယာ
လိဂ်အသင်း ၂၀ ကို အချိုးအစားအညီအမျှနဲ့ ခွဲဝေပေးတာကြောင့်လည်းပရီမီယာလိဂ်အသင်းတိုင်း
က ရုပ်သံကြေး ခွဲဝေမှုကို ကျေနပ်နေခဲ့ကြတာ ဖြစ်ပါတယ်။

နာမည်ကြီး မန်ယူအသင်းဟာ ချန်ပီယံလိဂ် ၀င်ခွင့်မရလိုက်တဲ့အတွက် ချန်ပီယံလိဂ်က ရလာမယ့်
၀င်ငွေတွေ လျော့သွားတာကြောင့်ဒီနှစ်မှာတော့ အဲဒီလိုအဖြစ်တွေက ရှောင်လွှဲနိုင်ဖို့ မန်ယူဟာ ပြင်
ဆင်မှုကို အမှားအယွင်းနည်းအောင် ပြင်ဆင်လျက်ရှိနေတာကတော့ ဒီနှစ်မှာ မန်ယူဟာ မနှစ်ကလို
မဖြစ်လာနိုင် ဘူးလို့ မျှော်လင့်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မနှစ်ကလည်း မန်ယူဟာ နည်းပြသစ်၊
ဒီနှစ်မှာ လည်း မန်ယူဟာ နည်းပြသစ်နဲ့ ဖြတ်သန်းရဦးမှာပါ။ တခြားသော မန်ယူရဲ့ပြိုင်ဘက်တွေ
ထဲမှာ စပါးအသင်းတစ်သင်းပဲ နည်းပြသစ်နဲ့ ဖြတ်သန်းမှာဖြစ်ပေမယ့် အဓိကပြိုင်ဘက်တွေ ဖြစ်တဲ့
မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးတို့ကတော့ ဒီရာသီမှာနည်းပြအပြောင်း အလဲမရှိဘဲ
ဖြတ်သန်းလာကြတော့မှာ ဖြစ်ပါတယ်။

မန်ယူရဲ့ နည်းပြသစ် ဗန်ဟားလ်ကတော့ မန်ယူကို တော်တော်ကြီး ပြောင်းလဲထားတယ်လို့
ဆိုရမှာပါ။ အသင်းရဲ့လေ့ကျင့်ရေး ကွင်းက မူလမြက်ခင်းပြင်ကို လဲလှယ်ပစ် လိုက်သလို လေ့ကျင့်
ရေးကွင်းမှာလည်း Camera တွေတပ်ပြီး သူ့ကစားသမားတွေကို စောင့်ကြည့်ဖို့ ပြင်ဆင်လို့နေပါ
တယ်။ မြက်ခင်း သစ် လဲတဲ့အပေါ်မှာ ဘာမှပြဿနာမရှိနိုင် ပေမယ့် ကင်မရာတပ်တဲ့အပေါ်မှာ
တော့ တစ်နေ့ကျရင် ပြဿနာတက်လာနိုင်ဖွယ်ရှိနေပါတယ်။ အခုထိတော့ ကစားသမားတွေ
ဘာမှအသံမထွက်သေးဘဲ ကစားသမား အပြောင်းအရွှေ့ကို စောင့်စားနေလျက်ရှိနေ ပါတယ်။

မန်ယူရဲ့ အမေရိကားတိုးခရီးစဉ် မှာတော့ လီဗာပူး၊ ရီးယဲလ်မက်ဒရစ်၊ ရိုးမား တို့ကိုအနိုင်၊ အင်တာ
မီလန်ကိုသရေကစား နိုင်တာက အားရစရာပဲဖြစ်ပါတယ်။ အပြောင်း အရွှေ့ဟာ ဩဂုတ်လကုန်မှ
ဖြစ်လို့ မန်ယူရဲ့ကစားသမားပြင်ဆင်မှုကိုတော့ စောင့်ကြည့် ရဦးမှာပဲဖြစ်ပါတယ်။ မန်ယူကွင်းလယ်
က ဖယ်လိုင်နီ၊ ကာဂါ၀ါ၊ တိုက်စစ်က ဟာနန်ဒက်ဇ် တို့ကတော့ အသင်းပြောင်းရဖို့ နီးစပ်နေ သူ
တွေ ဖြစ်ပါတယ်။

ဗန်ဟားလ်ဟာ မန်ယူနောက်တန်းအတွင်းနေရာအတွက် လူဖြည့် ရမှာဖြစ်ပြီး ဘယ်နောက်တန်း
သမားကို ခေါ်မလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါ တယ်။ ဒီနှစ်မှာ မန်ယူဟာ အဆင့်(၄)ထဲကို
၀င်မှာကတော့ သေချာနေပါတယ်။ မန်ယူ အမှုဆောင် အက်ဒ်ဝုဒ်ဝါ့ဒ်ကလည်း အပြောင်း အရွှေ့
မှာ ငွေအကန့်အသတ်မရှိ သုံးနိုင်တယ် လို့ ပြောဆိုလိုက်ပြီး ပြိုင်ဘက်တွေကို ဗန်းစကားနဲ့
ပြောရရင်'ဖြဲ'လိုက်တာ တွေ့ရပါ တယ်။


 

မန်ယူမန်နေဂျာသစ် ဗန်ဟားလ် တစ်ခုခုလုပ်ပြနိုင်မယ့်ရာသီလို့ မျှော်လင့်ရ ပါတယ်။ လက်ရှိ
ချန်ပီယံ မန်ချက်စတာစီးတီးအသင်း ဒီရာသီမှာ ငွေနဲ့ 'မဖြဲ'နိုင်တဲ့ ရာသီ ဖြစ်နေပါတယ်။ အရင်နှစ်
တွေကဆိုရင် ငွေနဲ့ လိုက်ဖြဲတဲ့ မန်စီးတီးဟာ ဒီနှစ်မှာ တကယ် လိုအပ်တဲ့ နောက်တန်းအတွင်းနေ
ရာအတွက် ပဲ ကစားသမားဖြည့်နိုင်ခဲ့ပါတယ်။ မန်စီးတီး ရဲ့ အဓိကကစားသမားတွေ ပြောင်းရွှေ့
မသွား တဲ့အတွက် မန်စီးတီးဟာ မနှစ်ကပုံစံအတိုင်းပဲ ပွဲထွက်လာဦးမှာ ဖြစ်ပါတယ်။

နောက်တန်း အတွင်းနေရာမှာတော့ လက်စကော့ ထွက် သွားပြီး ဖာနန်ဒို၊ မန်ဂါလာတို့ ၀င်လာ
တဲ့အတွက်တော့ မန်စီးတီးခံစစ် ပိုကောင်းသွား တယ်လို့ ယူဆမိပါတယ်။ အဓိကကတော့ ယာ
ယာတိုရေး၊ ဆေးလ်ဗားတို့ဟာ အရေးပါ သူတွေ ဖြစ်လာဦးမှာပါ။ နောက်ထပ်မဖြည့်နိုင် သော်ငြား
လည်း မန်စီးတီးပုံစံဟာ မနှစ်ကလိုပဲ ကောင်းနေဦးမယ့်ပုံမှာ ရှိနေပါတယ်။

ပရီမီ ယာလိဂ် လက်ရှိချန်ပီယံသရဖူကို ကာကွယ်နိုင်စွမ်း မန်စီးတီးမှာ ရှိနေပါတယ်။ မနှစ်က
ချန်ပီယံသရဖူကို မန်စီးတီးနဲ့အပြိုင်လုခဲ့တဲ့ လီဗာပူးဟာ ဒီနှစ်မှာ ကစား သမားတွေ လှိမ့်ဝယ်နေတဲ့
ထိပ်သီးအသင်း တစ်သင်းပဲဖြစ်ပါတယ်။ တိုက်စစ်မှူး ဆွာရက်ဇ် ရောင်းရငွေနဲ့ ကစားသမားတွေကို
အားရပါးရ ၀ယ်နေတာပါ။ မနှစ်က ဆွာရက်ဇ်-စတားရစ်ချ် အတွဲက ပရီမီယာလိဂ်မှာ အကောင်းဆုံး
တိုက်စစ်အတွဲဖြစ်ခဲ့ပါတယ်။ အခု ဆွာရက်ဇ် မရှိတော့တဲ့အတွက် အကောင်းဆုံးတိုက်စစ် ဖြစ်ပါ
ဦးမလား၊ စဉ်းစားစရာပါ။ မနှစ်က ဂိုးရာကျော်သွင်းတဲ့တိုက်စစ်မျိုး လီဗာပူး ဒီနှစ် မှာ မြင်တွေ့ရ
ဖွယ်မရှိဘူးလို့ ယူဆပါတယ်။စတားရစ်ချ်တစ်ဦးတည်းနဲ့တော့ မလွယ်ပါ ဘူး။

ပြီးတော့ ဒီနှစ်မှာ လီဗာပူးဟာ ချန်ပီယံ လိဂ်ပွဲတွေ ကစားရဦးမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး
ကို ဘရန်ဒန်ရော်ဂျာ ဘယ်လို စီမံမလဲဆိုတာက သတိပြုစရာဖြစ်ပါတယ်။အထူးသဖြင့် ချန်ပီယံ
လိဂ်ပွဲတွေ ကစားရ တော့မယ့်အချိန် ရောက်လာရင် လီဗာပူးဟာ အချိုးအကွေ့တွေ ဖြစ်လာနိုင်
ဖွယ်ရှိနေပါတယ်။ ၀ယ်ထားတဲ့ ကစားသမားတွေကိုကြည့် လိုက်ရင်တော့ အားရစရာဆိုတာ
တွေ့ရနိုင် ပေမယ့် ဦးစားပေးနေရာကို ဘယ်လိုပေးမလဲ ဆိုတာကလည်း လီဗာပူးကို စောင့်ကြည့်
ရမှာ ဖြစ်ပါတယ်။

မနှစ်က ပရီမီယာလိဂ်မှာ ချန်ပီယံ ဖြစ်လုလုကနေ ဒုတိယသာရခဲ့တဲ့ လီဗာပူးဟာ ဒီနှစ်မှာတော့
ချန်ပီယံလိဂ်ကစားဖို့ ရှိနေခြင်း၊ ဆွာရက်ဇ်မရှိတော့ခြင်းဆိုတဲ့ အဓိကအချက် နှစ်ချက်နဲ့ပဲ ဒီနှစ်မှာ
ချန်ပီယံလိဂ်ဝင်ခွင့် ရအောင်သာ ကြိုးစားကစားရဖွယ် ရှိနေပါ တယ်။ မော်ရင်ညိုဟာ ဒီနှစ်မှာ
စပိန်ကစားသမား တွေကို ခံတွင်းတွေ့နေပါတယ်။ ဖာဘရီဂတ်စ်၊ ဒီယေဂိုကော်စတာ၊ ဖိလစ်
လူးဝစ်တို့ကို ခေါ် ထားသလို ဒရော့ဘာကိုပါ ပြန်ခေါ်ထားပြန်ပါ တယ်။ မော်ရင်ညိုမှာ ထူးခြား
တာက သူဟာ လေ့ကျင့်မွေးမြူရမယ့် ကစားသမားတွေ ဆိုရင် လုံးဝမသုံးဘဲ တစ်ခါတည်း
သုံးလို့ရ မယ့်သူကိုပဲ အားကိုးထားခြင်းဖြစ်ပါတယ်။

ဒီနည်းနဲ့ပဲ သူ့ပုံရိပ်တွေကိုတည်ဆောက်ထား တာ ဖြစ်ပါတယ်။ အခုလည်း အသင့်သုံးနိုင် သူတွေ
ကိုပဲ ခေါ်ထားခဲ့ပါတယ်။ လူကာကူ၊ ကာလက်စ်၊ ပီယာဇွန်၊ ဘာထရန်၊ အန်ဟော့ တို့လို လူငယ်
တွေကို အားမကိုးဘဲ အငှားပို့၊ ရောင်းဆိုတာတွေပဲ လုပ်ထားခဲ့ပါတယ်။ ပိုင်ရှင်အေဗရာမိုဗစ်ချ်ဟာ
ချယ်လ်ဆီးအတွက် နောက်ထပ်ငွေထုတ်ပေးနိုင်မယ် မထင်ပါဘူး။ ရုရှားအပေါ် အမေရိကန်နဲ့
အနောက်နိုင်ငံတွေ စီးပွားရေး အရေးယူ ပိတ်ဆို့ထားခြင်းမှာ မိုဗစ်ချ်လည်း တစ်စုံ တစ်ရာ
ခံသွားရနိုင်ဖွယ်ရှိနေပါတယ်။ လမ်းပတ်၊ အက်ရှ်လေကိုးလ်တို့ မရှိတော့သလို ချယ်လ်ဆီး
ကွင်းလယ်ခံစစ်ဟာ အားနည်းမှု ရှိသွားနိုင်ပါတယ်။

မီခေးလ်နာသွားချိန်တွေ မှာ သိသာလာဖွယ်ရှိပါတယ်။ ဟာဇတ်ဟာ မနှစ်ကထက် ပိုကောင်း
လာမယ် မျှော်လင့်ရ ပေမယ့် ချယ်လ်ဆီးရဲ့ ၀န်ထုပ်ဝန်ပိုးတွေကို မနိုင်ရင်ကန် ထမ်းနေရဖွယ်
ရှိပါတယ်။ မော်ရင်ညိုအနေနဲ့ မနှစ်က ဒုတိယရာသီဝက် မှာ ခြေပျက်သွားတဲ့ အဖြစ်မျိုးမဖြစ်
အောင် ပြင်ဆင်နိုင်ရင်တော့ ချယ်လ်ဆီးဟာ ချန်ပီယံ လမ်းကြောင်းမှာ ရှိနေနိုင်ပါတယ်။

ငွေသုံးချွေတာတဲ့ အာဆင်နယ် ဒီနှစ်မှာ ငွေသုံးကြမ်းထားပါတယ်။ ဒါဟာ အာဆင် နယ်ရဲ့
ထူးခြားချက်ပဲဖြစ်ပါတယ်။ အာဆင် ၀င်းဂါး ဘာကြောင့် ဒီနှစ်မှာ ငွေသုံးကြမ်းရတာ လဲ၊ လွန်ခဲ့တဲ့
ဘောလုံးနှစ်ရာသီက အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် နောက်ဆုံးပွဲစဉ်အထိ
ရုန်းကန်ကစားခဲ့ရပါတယ်။ ပထမနှစ်မှာ စပါးနဲ့ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ ကြိုးပမ်းခဲ့ရပြီး မနှစ်က
အဲဗာတန်နဲ့ အသေအလဲ ကစားသွားခဲ့ရပါတယ်။ မနှစ်က ပရီမီယာလိဂ် ပထမရာသီဝက် အပြီးမှာ
အာဆင်နယ်ထိပ်ဆုံးက ဦးဆောင်ပြီးမှ ဒုတိယရာသီဝက်မှာ ခြေပျက်သွားတာကြောင့် ဒီနှစ်မှာ
ဒီလိုမျိုးမဖြစ်ရဖို့အတွက် ငွေသုံးတာဖြစ်နိုင်ပါတယ်။

ပြီးတော့ ပရီမီယာလိဂ်မှာ အဆင့်(၄)အတွင်း ၀င်ခွင့်ရဖို့အတွက် အသင်းခုနစ်သင်း အားပြိုင်ရနိုင်
တဲ့အတွက်ကြောင့် အာဆင်နယ်ဟာ ဒီနှစ်မှာ လိုအပ်ချက် အရကစားသမားတွေကို အားဖြည့်ခဲ့
တာဖြစ် ပါလိမ့်မယ်။ အာဆင်နယ်ကတော့ နှစ်စဉ် နှစ်တိုင်း ချန်ပီယံမဖြစ်နိုင်ပေမယ့် ချန်ပီယံလိဂ်
၀င်ခွင့်ကိုတော့ ကြိုးပမ်းနိုင်တဲ့အသင်း ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း စပါး၊ အဲဗာတန်၊ လီဗာပူးတို့နဲ့
အပြိုင်ကြိုးပမ်းရမယ်ဆိုတာထက် မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီးတို့နဲ့အပြိုင် ချန်ပီယံအတွက်
ကြိုးပမ်းရမယ်ထင်ပါတယ်။ အလယ်အလတ်အသင်းတွေထဲမှာ နယူး ကာဆယ်နဲ့ စတုတ်၊
ဆန်းဒါးလန်းတို့ဟာသတိထားရမယ့်အသင်းတွေ ဖြစ်လာနိုင်ပါ တယ်။

ဒီသုံးသင်းရဲ့ အိမ်ကွင်းပွဲတွေမှာ အသင်းကြီးတွေ အခက်တွေ့သွားနိုင်ပါတယ်။ မနှစ်က ခြေကောင်း
ခဲ့တဲ့ ဆောက်သမ် တန်အသင်းကတော့ ဒီနှစ်မှာ တန်းဆင်းဇုန် မှာ ရုန်းကန်ရမယ့်အသင်း
ဖြစ်လာနိုင်ပါ တယ်။ တန်းတက်သုံးသင်းဖြစ်တဲ့ လက်စတာ၊ ဘန်လေ၊ ကျူပီအာရ်သုံးသင်းမှာ
ဘန်လေကတော့ တန်းဆင်းရနိုင်ပြီး ကျန်တဲ့နှစ်သင်း ဟာ တန်းမဆင်းရဖို့ ရုန်းကန်ကစားရနိုင်
ပါ တယ်။

ပရီမီယာလိဂ် ဘောလုံးစီးပွားရေး ယန္တရားကြီး လည်ပတ်မှုမှာ ဘယ်အသင်းမှ တန်းဆင်းချင်ကြမှာ
မဟုတ်ပါဘူး။ ဒါပေမဲ့ ၃၈ ပွဲပြည့်တဲ့အချိန်မှာတော့ သုံးသင်းဟာ တန်းဆင်းရမှာဖြစ်ပါတယ်။
ဘန်လေ၊ ဆောက် သမ်တန်၊ ၀က်စ်ဘရွန်း၊ ဗီလာ၊ ဟားလ်စီးတီး ငါးသင်းထဲက သုံးသင်း တန်းဆင်း
ရမယ်လို့ ယူဆနေမိပါရဲ့ ...။



ဖတ်ရှုမှုအများဆုံး