အသင်းကြီးတွေ နိုင်ပွဲက ဂိုးပြတ်ဖို့ မလွယ်ပါ - ပရီမီယာလိဂ်ပွဲစဉ်(၁)

အသင်းကြီးတွေ နိုင်ပွဲက ဂိုးပြတ်ဖို့ မလွယ်ပါ - ပရီမီယာလိဂ်ပွဲစဉ်(၁)

မန်ယူ - ဆွမ်ဆီး (စနေ၊ ညနေ ၆း၁၅)
အမေရိကားတိုးခရီးစဉ်မှာ မန်ယူခြေစွမ်းပြခဲ့သလိုမျိုး အခုပွဲက ဗန်ဟားလ်နဲ့ မန်ယူ ပရိသတ်တို့
ယုံကြည်မှုစတင်တည်ဆောက်မယ့် ပွဲစဉ်ပဲဖြစ်ပါတယ်။ တစ်ခုရှိတာက အမေရိကားခရီးစဉ်မှာ
မန်ယူတိုက်စစ်ကစားပုံကောင်းခဲ့သလို ခံစစ်က ဂိုးတွေ ပြန်ပေး နေရတာက အခုပွဲမှာ မန်ယူ
ဂိုးပြတ်အနိုင်ရဖို့ မလွယ်တာကို ပြနေပါတယ်။ မန်ယူ နိုင်ပွဲနဲ့ ပရီမီယာလိဂ်ကို စတင်မှာဖြစ်ပေမယ့်
ဂိုးပြတ်အနိုင်တော့ မရနိုင်ပါဘူး။

လက်စတာ - အဲဗာတန် (စနေ၊ ည ၈း၃၀)
လက်စတာက တန်းတက်အသင်းဆိုပေမယ့် လျှော့တွက်လို့မရပါဘူး။ အသင်းလိုက် ကစားအား
ကောင်းတာကို တွေ့ရပါတယ်။ အခုပွဲက အိမ်ကွင်းပွဲဖြစ်လို့လည်း အဲဗာတန် ခက်ခက်ခဲခဲကစား
ရပါတော့မယ်။ အဲဗာတန်က အဝေးကွင်းဆိုရင် ကစားပုံသင့်ရုံသာ ရှိတဲ့အသင်းဖြစ်ပါတယ်။
အဲဗာတန်အနိုင်ရနိုင်မယ် ထင်ရပေမယ့် သရေကျသွား နိုင်တဲ့ပွဲဖြစ်ပါတယ်။

၀က်စ်ဟမ်း - စပါး (စနေ၊ ည ၈း၃၀)
ဒီပွဲက လန်ဒန်ဒါဘီပွဲဖြစ်ပါတယ်။ ၀က်စ်ဟမ်းရဲ့ ရာသီကြိုပြင်ဆင်ပွဲတွေမှာ ရလဒ်တွေ မကောင်း
တာတွေ့ရပါတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်း အားနည်း နေပါတယ်။ စပါးကတော့ နည်းပြအသစ်
နဲ့အတူ ရာသီကြိုပွဲတွေမှာ ခြေစွမ်းတော်တော် ကောင်းခဲ့တာ တွေ့ရပါတယ်။ အခုပွဲက ၀က်စ်ဟမ်း
ကွင်းဖြစ်ပေမယ့် စပါးတိုက်စစ်က ပိုကောင်းလာမယ့်ပွဲဖြစ်လာပါလိမ့်မယ်။ စပါးအနိုင်ရမှာ သေချာ
ပါတယ်။

စတုတ် - ဗီလာ (စနေ၊ ည ၈း၃၀)
နှစ်သင်းရဲ့ခြေစွမ်းက သိပ်ပြီးမကွာကြပါဘူး။ စတုတ်က အိမ်ကွင်းဖြစ်လို့ အသာစီး တော့ရှိနေပါ
တယ်။ ဗီလာ လူဖြည့်တင်းပုံနဲ့ စတုတ်ဖြည့်တင်းပုံမတူပါဘူး။ ဗီလာက လူဟောင်းတွေပဲ ဖြည့်တင်း
ထားပါတယ်။ စတုတ်က ဒီနှစ်မှာ မနှစ်ကထက်ပိုကောင်း အောင် ပြင်ဆင်နေပုံရပါတယ်။ အိမ်ကွင်း
ဆိုရင် အကောင်းဆုံးကစားနိုင်တဲ့အတွက် ကြောင့် စတုတ်အနိုင်ရမှာ သေချာပါတယ်။ ဒီတစ်ပတ်ရဲ့
အကြိုက်ဆုံးပွဲဖြစ်ပါတယ်။

ကျူပီအာရ် - ဟားလ်စီးတီး (စနေ၊ ည ၈း၃၀)
ခြေမကွာကြတဲ့ နှစ်သင်းရဲ့ပွဲဖြစ်ပါတယ်။ ကျူပီအာရ်အနေနဲ့ တန်းဆင်းသွားရတဲ့အဖြစ်နဲ့ ကြံုတွေ့
ခဲ့လို့ အခုနှစ်ရာသီမှာ တန်းမဆင်းရဖို့အတွက် အိမ်ကွင်းပွဲတွေကို ဂရုစိုက်လာနိုင်ပါတယ်။ နောက်
တန်းမှာ ဖာဒီနန်၊ ကော်လ်ကာတို့ကို ဖြည့်တင်းထားတဲ့ အတွက် ကျူပီအာရ်ခံစစ်ပိုကောင်းလာနိုင်
ပါတယ်။ တောင်ပံတွေလည်း ကောင်းပါတယ်။ ဟားလ်စီးတီးက အိမ်ကွင်းသာကောင်းပြီး အဝေး
ကွင်းမှာ အားနည်းပါတယ်။ ပြင်ဆင်အားကောင်းပေမယ့် ခံစစ်ပိုင်းမှာတော့ ပြင်ဆင်ထားခြင်းမရှိ
တာက အားနည်း ချက်ပဲဖြစ်ပါတယ်။ ကျူပီအာရ်အနိုင်ရသွားနိုင်ပါတယ်။

၀က်စ်ဘရွန်း - ဆန်းဒါးလန်း (စနေ၊ ည ၈း၃၀)
၀က်စ်ဘရွန်းက နည်းပြအသစ်၊ ကစားသမားအများအပြားပြောင်းလဲမှုတွေနဲ့ ပြင်ဆင် ထားတဲ့
အသင်းဖြစ်သလို ဆန်းဒါးလန်းလည်း တော်တော်လေးပြင်ဆင်ထားတဲ့ အသင်း ဖြစ်နေပါတယ်။
ဆန်းဒါးလန်းမှာ မန်စီးတီးက နေရာမရဖြစ်နေသူတွေ စုဝေးရာအရပ် ဖြစ်နေပါတယ်။ ဆန်းဒါးလန်း
အပြောင်းအလဲက ပိုပြီးအားရစရာကောင်းနေတာ ကြောင့် ဒီပွဲမှာ ဆန်းဒါးလန်း သရေနဲ့ အနိုင်ပါ။

အာဆင်နယ် - ခရစ္စတယ်ပဲလေ့စ် (စနေ၊ ည ၁၁းဝဝ)
အာဆင်နယ်မှာ လူမစုံသေးတာကို ထည့်သွင်းစဉ်းစားရပါမယ်။ အိမ်ကွင်းဆိုရင်ကစားအားကောင်း
တာကြောင့် အာဆင်နယ်ဂိုးပြတ်အနိုင်ရနိုင်တယ် ထင်ရပေမယ့် ခရစ္စတယ်ပဲလေ့စ်ရဲ့ခြေစွမ်းကို
လျှော့မတွက်သင့်ပါဘူး။ ဒီပွဲမှာ ခရစ္စတယ် ခံစစ်ကို ဦးစားပေးမှာသေချာတာကြောင့် အာဆင်နယ်
ကစားရခက်သွားနိုင်ပါတယ်။ ခရစ္စတယ် ကို လျှော့ မတွက်သင့်ပါဘူး။ အာဆင်နယ်အနိုင်က
မပြတ်သားတဲ့ပွဲဖြစ်လာပါလိမ့်မယ်။

လီဗာပူး - ဆောက်သမ်တန် (တနင်္ဂနွေ၊ ည ရးဝဝ)
လီဗာပူးပွဲကတော့ အနိုင်ပြတ်သားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆောက်သမ်တန်အသင်း
က မနှစ်ကအသင်းမဟုတ်တော့ဘဲ အသင်းကပျက်ပြားသွား ပြီဖြစ်ပါတယ်။ မနှစ်ကလူကောင်း
တွေ လီဗာပူးနဲ့ တခြားအသင်းတွေဆီရောက်သွားတဲ့ အတွက် ဆောက်သမ်တန်ရဲ့ ယုံကြည်မှုက
မကောင်းတော့ပါဘူး။ လီဗာပူးအနည်းဆုံး နှစ်ဂိုးပြတ်နဲ့ အနိုင်ရပါလိမ့်မယ်။

နယူးကာဆယ် - မန်စီးတီး (တနင်္ဂနွေ၊ ည ၉း၃၀)
လက်ရှိချန်ပီယံမန်စီးတီးဟာ မနှစ်ကအဝေးကွင်းဆိုရင် ကစားပုံမကောင်းတာကို တွေ့ရမှာဖြစ်
ပါတယ်။ ရာသီအစပိုင်းအဝေးကွင်းတွေမှာ မန်စီးတီးခက်ခက်ခဲခဲကစားခဲ့ ရပါတယ်။ အခုလည်း
နယူးကာဆယ်ကွင်းဆိုတော့ မန်စီးတီးခက်ခက်ခဲခဲကစားရပါ လိမ့်မယ်။ နယူးကာဆယ်ကိုလျှော့
မတွက်သင့်ပါဘူး။ နယူးကာဆယ်ကို ရွေးရမှာပါ။

ဘန်လေ - ချယ်လ်ဆီး (အင်္ဂါ၊ နံနက် ၁း၃၀)
ဘန်လေက တန်းတက်အသင်းဆိုတော့ အထင်သေးစရာဖြစ်မှာပါ။ ဒါပေမဲ့ သူတို့ရဲ့ အိမ်ကွင်း
ဆိုတာကို မေ့မထားသင့်ပါ။ ချယ်လ်ဆီးကတော့ ပြင်ဆင်မှုအားရော၊ အသင်းအနေအထားပါ
တောင့်တင်းနေတာ သေချာပေမယ့် ချယ်လ်ဆီးတိုက်စစ်ဟာ ဘန်လေ ကွင်းမှာ ဂိုးပြတ်သွင်းနိုင်
ပါ့မလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ ဘန်လေက ပြီးခဲ့တဲ့နှစ် လိဂ်ချန်ပီယံရှစ်တန်းမှာ ပေးဂိုး
အနည်းဆုံးအသင်းဖြစ်ခဲ့တာ တွေ့ရပါတယ်။ ချယ်လ်ဆီးနိုင်ရင် ဂိုးမပြတ်နိုင်တာကြောင့် ဘန်လေ
ကိုရွေးရမှာ ဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး