ရိုင်းမြစ်မြောက်ပိုင်း ၀က်စ်ဖာလီယာဒေသက တန်းတက်လာတဲ့နှစ်သင်း

ရိုင်းမြစ်မြောက်ပိုင်း ၀က်စ်ဖာလီယာဒေသက တန်းတက်လာတဲ့နှစ်သင်း

ဂျာမန်ဘွန်ဒက်စ်လီဂါဟာ နောက်တစ်ပတ်မှာ စတင်တော့မှာဖြစ်ပါတယ်။ ဒီ ၂၀၁၄-၁၅ ဘောလုံး
ရာသီမှာ ဘွန်ဒက်စ်လီဂါ ဒုတိယ တန်းကနေ တန်းတက်လာတဲ့အသင်းနှစ်သင်း ရှိပါတယ်။ တန်း
တက်အသင်းနှစ်သင်းဖြစ်တဲ့ ပက်ဒါဘွန်းအသင်းနဲ့ ကိုလုံးအသင်း နှစ်သင်း အကြောင်းကို စပ်မိစပ်
ရာ တစေ့တစောင်း ဖော်ပြသွားမှာပါ။

ရိုင်းမြစ်မြောက်ပိုင်း
၀က်စ်ဖာလီယာဒေသက အသင်းများ အဲဒီဒေသဟာ အခုရာသီမှာတော့
ကလပ် အသင်းခြောက်သင်းနဲ့ ဘွန်ဒက်စ်လီဂါရဲ့ သုံးပုံတစ်ပုံအင်အားကို ရယူထားပါတယ်။
အဲဒီအသင်းတွေကတော့ ကိုလုံး၊ လေဗာ ကူဆင်၊ ဒေါ့မွန်၊ မွန်ချင်ဂလက်ဘတ်၊ ရှော်လ် ကေးနဲ့
ပက်ဒါဘွန်းအသင်းတို့ဖြစ်ပါတယ်။ ကိုလုံးနဲ့ ပက်ဒါဘွန်းတို့ကတော့ ဒီနှစ်မှ တန်းတက်လာတာပါ။

ဒါပေမဲ့ သူတို့ဒေသရဲ့ ဖွဲ့စည်းပုံအရ အဲဒီအထဲမှာ ဒွိုက်စ်ဘတ်၊ အာချင်၊ ဒတ်ဆယ်လ်ဒေါ့ဖ်အသင်း
တွေလည်း ရှိနေတာတွေ့ရမှာဖြစ်ပါတယ်။

SC ပက်ဒါဘွန်း 07
၁၉၀၇ ခုနှစ်မှာ နျူဟော့စ်ကလပ်တစ်ခု အနေနဲ့ စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီတုန်းက SV 07
နျူဟော့စ်ဆိုပြီး အမည်တွင် ခဲ့တာပါ။ သူတို့ဟာ ပြည်တွင်းကလပ်တစ်ခု ဖြစ်တဲ့ ွှကှ ၁၉၁၀
ဆင်နီလာဂါနဲ့ ပူးပေါင်း ပြီးတော့၁၉၇၀ မှာ ွှကှ ှခူ့သျျ နျူဟော့စ် ဆိုပြီးဖြစ်လာပါတယ်။

အဲဒီနောက် နျူဟော့စ် အသင်းနဲ့ ပက်ဒါဘွန်းအသင်းတို့ဟာ တိုင်ယာ(III) ဆိုဒ်မှာ ကစားခဲ့ဖူးကြ
ပါတယ်။ ကိုယ်ပိုင်ကွင်းမရှိတဲ့ အသင်းတွေဖြစ်ခဲ့ ပေမယ့် ကနေ့ခေတ်အချိန်မှာတော့ ပက်ဒါ ဘွန်း
အသင်းဟာ သူတို့ရဲ့အိမ်ကွင်းပွဲစဉ်တွေ ကို 'ဘင်တင်နာအရီနာ'ကွင်းမှာ ကစားနေ ခဲ့ပါပြီ။ သူတို့
ကို လူသိများလာစေတဲ့တစ်ချက် ကတော့ ၂၀၀၄ ဩဂုတ် ၂၁ ရက်မှာ ဘွန်ဒက်စ် လီဂါက ဟမ်း
ဘတ်အသင်းနဲ့ DFB ပိုကယ် ဖလား ကစားခဲ့ဖူးတာပါပဲ။ ပက်ဒါဘွန်းက မမျှော်လင့်ဘဲ ဟမ်းဘတ်
ကို ၄-၂ နဲ့ နိုင်သွား ပါတယ်။

ဒါပေမဲ့ အဲဒီပွဲရဲ့ ဒိုင်လူကြီး ရောဘတ် ဟွိုင်ဇာဟာ ခရိုအေးရှား လောင်းကစား ကုမ္ပဏီတစ်ခုဆီ
ကနေ ငွေကြေးရယူခဲ့တယ် ဆိုပြီး လုပ်ပွဲကစားတယ်လို့ သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့
နောက်ဆုံးမှာတော့ ပက်ဒါဘွန်း ဟာ ဘွန်ဒက်စ်လီဂါ ဒုတိယတန်းမှာ ဒုတိယ ရခဲ့ပါပြီ။ သူတို့ဟာ
အေလင်အသင်းကို ၂၀၁၄ မေ ၁၁ အိမ်ကွင်းကစားတဲ့ပွဲစဉ်မှာ ၂ဪ၁ နဲ့နိုင်ပြီး ဘွန်ဒက်စ်လီဂါ
ကို တက်ရောက် နိုင်ခဲ့ပါတယ်။

ဒါဟာ ကလပ်သမိုင်းမှာတော့ ပထမဆုံးနဲ့ အကြီးကျယ်ဆုံးဖြစ်ရပ်တစ်ခု ပါပဲ။ သူတို့အနေနဲ့
ဒီအပြောင်းအရွှေ့မှာ ယူရို ၁ ဒသမ ၆ သန်း သုံးစွဲထားပြီး ဒေါ့မွန်ကတိုက်စစ်မှူး မာဗင်ကို အငှား၊
ပေါ်တူဂီ ကွင်းလယ်လူ ဆာဂျီယို အိုလီဗီယာကို ပေါ်တို ကနေ အငှား၊ နောက်ပြီး မွန်ချင်တိုက်
စစ်မှူး အီလက်စ်ကို ပြောင်းရွှေ့ကြေး ယူရို သုံးသိန်း၊ ဖရန့်ဖတ်ကွင်းလယ်လူ ဘာကာလော့ဗ်ကို
ယူရိုနှစ်သိန်း၊ ၁၈၆၀ မြူးနစ်ကလပ်က ကွင်းလယ်လူ စတော့ပ်ပယ်လ်ကန့်ကို ယူရို ခုနစ်သိန်း၊
၀ုဖ်ဘတ်တိုက်စစ်မှူးကတ်ဆက်ချ် ကီကို ယူရိုသုံးသိန်း၊ အခြားတိုက်စစ်မှူးတစ်ဦး ဖြစ်တဲ့ ဗစ်တာ
မာရီယာကိုလည်း Lippstadt ကလပ်ကနေ ယူရို တစ်သိန်းပေးပြီး ခေါ်ယူ ထားတာတွေကို
တွေ့မြင်ရမှာဖြစ်ပါတယ်။

တခြားကစားသမား အများအပြားလည်း ရှိပါသေးတယ်။ မီဒီယာတွေရဲ့ ခန့်မှန်းချက်အရ
သူတို့ဟာ အဆင့်(၁၆)၀င်အောင် ကြိုးစားရမှာဖြစ်ပြီး ကစားကွက်အရ ပြီးခဲ့တဲ့ရာသီက
ကစားခဲ့တဲ့ ၄ဪ၄ဪ၁ဪ၁ နဲ့ ၄ဪ၄ဪ၂ ကစားကွက်ကို ကျင့်သုံး မယ်လို့
ယူဆရပါတယ်။

ရာသီကြိုခြေစမ်းပွဲ တွေမှာတော့ သူတို့ဟာ လေးပွဲနိုင်၊ နှစ်ပွဲ သရေ၊ လေးပွဲရှုံးထားပါတယ်။

ဘွန်ဒက်စ်လီဂါကို တစ်ကျော့ပြန်ရောက်လာတဲ့
ဆိတ်ထီးများ (သို့မဟုတ်) ကိုလုံး

ကိုလုံးကတော့ အားလုံးသိကြပြီးတဲ့အတိုင်း ဘွန်ဒက်စ်လီဂါနဲ့ သိပ်စိမ်းတဲ့အသင်းတော့
မဟုတ်ပါဘူး။

အခုအာဆင်နယ်မှာ ရောက်နေ တဲ့ ပိုဒေါစကီးဟာ ကိုလုံးကနေ မွေးထုတ်ပေး လိုက်တဲ့
တိုက်စစ်မှူးတစ်ဦးဆိုရင် ဘယ်သူမှ ငြင်းလို့ရမယ်မထင်ပါ။ ကိုလုံးအသင်းရယ်လို့ ပီပီပြင်ပြင်
ဖြစ်ပေါ် လာတာဟာ ၁၉၄၈ ဖေဖော်ဝါရီ ၁၃ မှာဖြစ်ပြီး ၆၆ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

တကယ် အစပျိုးတည်ထောင်ခဲ့တာကတော့ ၁၉၀၁ ဇွန် ၆ ရက်မှာ ဖြစ်ပါတယ်။ အောင်မြင်မှုတွေ
စတင်ရရှိခဲ့တဲ့ ဘောလုံး ရာသီကတော့ ၁၉၄၉-၅၀ ကာလကနေ အစပျိုးပါတယ်။ သူတို့ဟာ
အဲဒီအောင်မြင်မှု တွေကို ဆက်လက်သယ်ဆောင်ခဲ့ပြီး ၁၉၆၃ မှာ ဘွန်ဒက်စ်လီဂါမှာ ကစားနေတဲ့
အသင်း တွေထဲက အကောင်းဆုံးခြောက်သင်းထဲမှာ တစ်သင်းအပါအဝင်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ သက္ကရာဇ် ၂၀၀၀ ကျော်လွန်လာတဲ့ ၂၁ ရာစု မှာတော့ သူတို့ဟာ တက်လိုက်၊ ကျလိုက်
ဖြစ်တတ်တဲ့ ဘောလုံးလောကဓံကို ရင်ဆိုင် ခဲ့ရပါတယ်။ သူတို့ရဲ့ အောင်မြင်မှုတွေကိုပြန်ကြည့်
ရင် ဂျာမနီချန်ပီယံသုံးကြိမ်နဲ့ ဒုတိယခုနစ်ကြိမ်၊ ဘွန်ဒက်စ်လီဂါ ဒုတိယတန်း ချန်ပီယံသုံးကြိမ် နဲ့
ဒုတိယတစ်ကြိမ်၊ DFB ပိုကယ်ဖလား ချန်ပီယံလေးကြိမ်နဲ့ ဒုတိယခြောက်ကြိမ်၊ အခု ယူရိုပါလိဂ်လို့
ခေါ်နေတဲ့ UFFA ဖလား တစ်ကြိမ်နဲ့ တခြားဂျိုအန်ဂမ်ပါဖလားတို့၊ ထရိုပီယို ဗီလာ ဒီဂျီယွန်ဖလား
တွေလည်း ရခဲ့ဖူးပါတယ်။

ကိုလုံးအနေနဲ့ ဒီရာသီအပြောင်းအရွှေ့မှာ ယူရို ရ ဒသမ ၂ သန်းသုံးထားပြီး သူတို့ဟာ
အော့စ်ဘတ်တိုက်စစ်မှူး ကီဗင်ဗော့တ်ကို ယူရို ၁ ဒသမ ၅ သန်း၊ ကိုင်ဇာစလော့တန် တိုက်စစ်မှူး
ဆိုင်မွန်ဇိုလာကို ပေါင်သုံးသန်း၊ ပါးမားက ပိုလန်ကွင်းလယ်လူ ပက်ဇ်ကို၊ ၁၈၆၀ မြူးနစ်က ဂျပန်
တိုက်စစ်မှူး ယူရာအိုဆာကို တို့ကို ပေါင် ၁ ဒသမ ၆ သန်း အကုန်အကျခံ ခေါ်ယူထားပြီး အခြား
နောက်ခံလူတွေကို လည်း အားဖြည့်ထားပါတယ်။ သူတို့ကို မီဒီယာတွေက ဘွန်ဒက်စ်လီဂါ မှာ
အဆင့်(၁၅)လောက်တော့ ရလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

သူတို့ဟာ အမာခံ နောက်တန်းကစားသမား သုံးယောက်ကို အဓိကထားကစားမှာဖြစ်ပြီး အခွင့်
အလမ်း ကောင်းတွေကို ထိုးထွင်းဖန်တီးတတ်တဲ့ အသင်းလို့တော့ အကောင်းမြင်လို့ ရပါတယ်။
ခြံုပြီးကောက်ချက်ဆွဲရရင်တော့ ဘွန်ဒက်စ် လီဂါဟာ ပြိုင်ဆိုင်မှုပြင်းထန်နေမှာဖြစ်ပြီး ရိုင်းမြစ်
မြောက်ပိုင်း ၀က်စ်ဖာလီယာဒေသရဲ့ ပြိုင်ဘက်အသင်းတွေက ခြောက်သင်းတောင် ရှိနေတာမို့
ဒါဘီပွဲတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ကြီး ကြည့်ရှုရမှာဖြစ်တဲ့အကြောင်း အသိပေး တင်ပြရင်း နိဂုံးချုပ်
လိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး