တောင်ကိုရီးယား လူငယ်ဘောလုံးပွဲတော်တွင် မြန်မာယူ(၁၂)အသင်း အုပ်စုပထမရရှိ

တောင်ကိုရီးယား လူငယ်ဘောလုံးပွဲတော်တွင် မြန်မာယူ(၁၂)အသင်း အုပ်စုပထမရရှိ

ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့မှစ၍ တောင် ကိုရီးယားနိုင်ငံ၊ ဟွာဆောင်းမြို့၌ ကျင်းပ ပြုလုပ်
ခဲ့သည့် ၂၀၁၄ Asian Youth Football Festival တွင် ၀င်ရောက်ယှဉ်ပြိုင်လျက် ရှိသော မြန်မာ
လက်ရွေးစင် ယူ-၁၂ အသင်း သည် လေးပွဲကစား၊ သုံးပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် ၁၀ မှတ်ဖြင့်
အုပ်စုကို ဦးဆောင်နေသည်။

အဆိုပါ လူငယ်ဘောလုံးပြိုင်ပွဲကြီးကို အားကစားနှင့် ခရီးသွားဝန်ကြီးဌာန၏ ထောက်ပံ့ မှုနှင့်
တောင်ကိုရီးယား အမျိုးသားအဆင့် လူငယ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး
လူငယ်များ အကျင့်စာရိတ္တနှင့် ကိုယ် ကာယ ကြံ့ခိုင်ရေး၊ အပျော်တမ်း ဘောလုံး လောက
ပိုမိုကျယ်ပြန့်လာရေး၊ ဘောလုံးနှင့် ပညာရေး၊ယဉ်ကျေးမှု အစီအစဉ်များ ပိုမို လက်တွဲကာ
လူငယ်များ ပျိုးထောင်နိုင်ရေး တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် အိမ်ရှင် တောင်ကိုရီးယား အပါ အဝင် ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်၊ ကာဂျစ် စတန်၊
လာအို၊ မလေးရှား၊ မွန်ဂိုလီးယား၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်၊ ပါလက်စတိုင်း၊ တာဂျီကစ္စတန်၊ ထိုင်း၊
ဥဇဘက်ကစ္စတန်နှင့် ယီမင်နိုင်ငံတို့ပါ၀င်ပြီး အုပ်စုပတ်လည် ကစားမည်ဖြစ်သည်။

မြန်မာ ယူ-၁၂ အသင်းသည် ကိုရီးယား(WanSan FC) အသင်းကို ၅-၁ ဂိုးဖြင့်လည်းကောင်း၊
ထိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ကိုရီးယား (Yeongju Wings)) အသင်းကို သုံးဂိုး
-ဂိုးမရှိ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ပြီး တရုတ်ကွမ်ကျိုးအသင်းကို တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျ
ခဲ့သည်။ မြန်မာ ယူ-၁၂ အသင်းအတွက် ယခုပြိုင်ပွဲ သည် ဒုတိယအကြိမ်မြောက် ၀င်ရောက်
ယှဉ်ပြိုင်ခြင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး