ယူ(၁၅) စူပါကပ်ဘောလုံးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည်

ယူ(၁၅) စူပါကပ်ဘောလုံးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် 100 Plus အချိုရည်တို့မှ ပူးပေါင်းစီစဉ်ကျင်းပသော MFF 100
PLus U-15 Super Cup 2014 ပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၁၀ရက်နေ့မှ ၁၇ရက်နေ့အထိ
မန္တလေးဘောလုံးအကယ်ဒမီ ၌ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါဘောလုံးပြိုင်ပွဲတွင်မြန်မာနိုင်ငံရှိဘောလုံးအကယ်ဒမီများမှအသက်(၁၅)နှစ်အောက်
လူငယ် ဘော လုံးအသင်း(၁၀)သင်းပါ၀င်မည်ဖြစ်ပြီး အုပ်စု (၂)စု ခွဲကာယှဉ်ပြိုင်ကစားကြမည်
ဖြစ်သည်။

အုပ်စု(က)တွင်မြန်မာဘောလုံးအကယ်ဒမီ(က)အသင်း၊မြန်မာဘောလုံး အကယ်ဒမီ(ခ)အသင်း၊
ဧရာဝတီ ဘောလုံးအကယ်ဒမီအသင်း၊ တောင်ကြီးမျိုးဆက်သစ် လူငယ်အသင်းနှင့်မန္တလေးစူပါ
စတားလူငယ်အသင်းတို့ ပါ၀င်မည်ဖြစ်ပြီးအုပ်စု(ခ)တွင် မန္တလေး အား။ကာသိပ္ပံအသင်း၊မန္တလေး
ပုလိပ်လူငယ်အသင်း၊ဘိုကလေး လူငယ်အသင်း၊မြန်မာဘောလုံး အကယ်ဒမီ(ဂ) အသင်းနှင့်
နေပြည်တော်အကယ်ဒမီအသင်းတို့က ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြိုင်ပွဲကို ပထမပိုင်းမိနစ်(၃၀)၊ဒုတိယပိုင်းမိနစ်(၃၀) စီကစားစေမည်ဖြစ်ပြီး အုပ်စုအဆင့်၊ဆီးမီး
ဖိုင်နယ်၊ဗိုလ်လုပွဲစသည်ဖြင့် အဆင့်ဆင့်ကျင်းပသွားမည်ဖြစ်သည်။ပြိုင်ပွဲတွင်ချန်ပီယံဖြစ်သော
အသင်းကို ဆုကြေး ငွေကျပ် ၅သိန်း၊ဒုတိယ ၃ သိန်း၊တတိယ ၁သိန်း ပေးအပ်ချီးမြှင့်သွားမည်
ဖြစ်သည်။

"မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့သက်တမ်းအလိုက်ပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပပြုလုပ်ပေး
သွားမှာပါ။ ငယ်ရွယ်တဲ့ မျိုးဆက်သစ် ကစားသမားတွေအတွက် ပြိုင်ပွဲတွေက ဆက်တိုက်ရှိနေ
သင့်ပါတယ်။ဒီ ၈ ရက်ကြာ ပြိုင်ပွဲကိုဘောလုံးအဖွဲ့ချုပ်က အားလုံးထောက်ပံ့ ပေးသွားမှာဖြစ်ပြီး
ပါ၀င်ယှဉ်ပြိုင်တဲ့အသင်းတွေ အနေနဲ့ ကုန်ကျငွေ တစ်ပြားတစ်ချပ်မှ သုံးစွဲစရာ လိုမှာ မဟုတ်ပါ
ဘူး။ဒီပြိုင်ပွဲကနေ ထူးချွန်တဲ့ကစားသမားတွေကို ရွေးချယ်ပြီး ဒီဇင်ဘာမှာ ကျင်းပပြုလုပ်မယ့်
အာဆီယံပြိုင်ပွဲအတွက် ရွေးချယ်သွားမှာပါ"ဟုမြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်၏နည်းစနစ်
ဒါရိုက်တာ ဦးဝင်းသူမိုးက ဩဂုတ်လ ၁၅ရက်နေ့ က ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ
တွင် ပြောသည်။

"ဒီပြိုင်ပွဲကို ၂နှစ်ဆက်ကျင်းပနိုင်တဲ့ အလွန်ဝမ်းသာမိပါတယ်။ လာမယ့်နှစ်တွေမှာ ဒီထက်ကြီး
ကျယ်တဲ့ ပြိုင်ပွဲတွေကိုကျင်းပနိုင်ဖို့ စီစဉ်နေပါတယ်။ကျွန်တော်တို့ မနှစ်က ပုသိမ်မှာကျင်းပပြု
လုပ်ခဲ့သလို ဒီနှစ်မန္တ လေးမှာကျင်းပမှာဖြစ်ပြီး နောက်နှစ်တွေမှာလဲ တိုင်းနဲ့ ပြည်နယ်တွေကို
လှည့်ပြီး ကျင်းပပြုလုပ် သွားမှာ ပါ။လူငယ်ပြိုင်ပွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပနိုင်
ဖို့လဲအစီအစဉ်တွေ ရှိပါတယ်။"ဟု 100 Plus မှ Country Manager Mr.Graham Limu က
ပြောသည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် 100 Plusတို့မှ ဒုတိယအကြိမ်မြောက်
ကျင်းပခြင်း ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၁၃ခုနှစ်အောက်တိုဘာလ က ပုသိမ်မြို့တွင်
ကျင်းပပြုလုပ်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး