ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော ဘရူနိုင်းဘုရင့်ဖလား Hassanal Bolkiah Trophy
U-21 2014 ဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာယူ - ၁၉ အသင်း နှင့် မလေးရှား
ယူ - ၂၁ အသင်းတ ဩဂုတ်လ ၂၀ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက
သုံးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။
အနိုင်ဂိုးများကို ပွဲချိန်နှစ်မိနစ်တွင် သန်းပိုင်၊ ပွဲချိန် ၁၇ မိနစ်နှင့် ၃၄ မိနစ်တို့တွင် အောင်သူ က
သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ - ၁၉ အသင်းသည် အုပ်စုအဆင့်တွင် ထိုင်းအသင်းကို ၃ - ၂ ဂိုးဖြင့် လည်းကောင်း၊
တီမောအသင်းကို ၃ - ၁ ဂိုးဖြင့်လည်းကောင်း၊ လာအိုအသင်းကို ၃ - ၂ ဂိုးဖြင့်လည်းကောင်း၊
ဖိလစ်ပိုင်အသင်းကို ၃ - ၁ ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။
ဖိုင်နယ်ပွဲစဉ်အဖြစ် ထိုင်း - ဗီယက်နမ် ပွဲစဉ်မှ အနိုင်ရရှိသော အသင်းနှင့် ဩဂုတ်လ ၂၃ ရက်နေ့၊
မြန်မာစံတော်ချိန် ည ရ နာရီတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။














