၂၀၁၄-၁၅ ဘောလုံးရာသီရဲ့ ပရီမီယာလိဂ် ပြိုင်ပွဲစတင်နေပြီဖြစ်ပါတယ်။ ပွဲဦးထွက်ပွဲစဉ် မှာတော့
နာမည်ကြီးနေတဲ့ ဒတ်ချ်မန်နေဂျာ ဗန်ဟားလ်တစ်ယောက် အိုးလ်ထရက်ဖို့ဒ်မှာ အရှုံးနဲ့ ကြံုတွေ့
သွားခဲ့ရပါတယ်။ မနှစ်က ပွဲဦးထွက်မှာ မန်ယူမန်နေဂျာသစ် ဒေးဗစ်မိုယက်စ်ဟာ ဆွမ်ဆီးနဲ့ပဲ
အဖွင့်ပွဲကို အဝေးကွင်းမှာ စတင်ကစားခဲ့ရပြီး ဂိုးပြတ်နဲ့ အနိုင်ရ ခဲ့ပေမယ့် ဒီတစ်ခါမှာ မန်ယူဟာ
အိမ်ကွင်းမှာ ဆွမ်ဆီးကို ဧည့်ခံကစားခဲ့ရပြီး ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။
ဗန်ဟားလ်အတွက် ပြင်ဆင်ချိန်ရတဲ့ ကာလမှာ အသိပေးလိုက်တာဖြစ်လို့ မန်ယူဟာ ကစားသမား
အသစ် တွေ ၀င်ရောက်လာဖွယ်ရှိနေ ပါတယ်။ မနှစ်က ပရီမီယာလိဂ် ချန်ပီယံဖလားအတွက်
နောက် ဆုံးအချိန်အထိ လီဗာပူးနဲ့ မန်စီးတီးတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံး မှာ
မန်စီးတီး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။
မနှစ်က ပထမ ဘောလုံးရာသီတစ်ဝက်မှာ အာဆင်နယ်ဟာ အမှတ်အများဆုံးနဲ့ ထိပ်ဆုံး က
ဦးဆောင်ခဲ့ပေမယ့် ဒုတိယရာသီဝက် ရောက်တော့ ခြေစွမ်းကျဆင်းသွားပြီး နောက်ဆုံးမှာ
အာဆင်နယ်ဟာ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့အတွက် အဲဗာတန်နဲ့ အကြိတ် အနယ်ဖြစ်သွားခဲ့ရပါ
တယ်။
ချယ်လ်ဆီး မန်နေဂျာ မော်ရင်ညိုကတော့ ပရီမီယာလိဂ် က တစ်ခြားလိဂ်တွေနဲ့ မတူဘူး။ တခြား
လိဂ် တွေမှာ ချန်ပီယံဖြစ်ဖို့အတွက် နှစ်သင်းပဲ ယှဉ်ပြိုင်ရ၊ တစ်ခါတလေ တစ်သင်း ထဲပဲ ယှဉ်ပြိုင်
ရပေမယ့် ပရီမီ ယာလိဂ်က ငါးသင်းလောက် ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ် တယ်လို့ ပြောဆိုထားခဲ့ပါ
တယ်။
ချန်ပီယံဖြစ်ဖို့ အတွက် ခက်ခဲတဲ့လိဂ်တစ်ခုလို့ ဆိုလိုတဲ့သဘောပဲ ဖြစ်ပါ တယ်။ ဒီနှစ် ပရီမီယာ
လိဂ်မှာ ဘယ်အသင်းချန်ပီယံဖြစ်မလဲ။ ချန်ပီယံဖြစ် နိုင်ခြေရှိတဲ့ အသင်းတွေက မန်စီးတီး၊
ချယ်လ်ဆီး၊ လီဗာပူး၊ အာဆင်နယ်၊ မန်ယူတောင် ရှိနေလို့ပါ။ လက်ရှိချန်ပီယံ မန်စီးတီးရဲ့
လက်ထဲကနေ ချန်ပီယံဖလားကို ရယူနိုင်ဖို့ အဖြစ်နိုင်ဆုံး အသင်းက ချယ်လ်ဆီးဖြစ်လာမယ့်
ရာသီလို့ မြင်နေမိပါတယ်။
ဘွတ်ကီဒိုင်တွေကတော့ ဗိုလ်စွဲရန် အလေးပေးမှုမှာ မန်စီးတီးကို ထိပ်ဆုံးမှာထားခဲ့ပြီး ချယ်လ်ဆီး
က ဒုတိယ၊ မန်ယူက တတိယ၊ အာဆင်နယ်က စတုတ္ထ၊ လီဗာပူးက ပ ဉ္စမ အသီးသီးသတ်မှတ်
ထားတာ တွေ့ရပါတယ်။ ချယ်လ်ဆီးရဲ့ ဒီရာသီပြင်ဆင် ထားမှုက ချန်ပီယံဖြစ်နိုင်လောက်တဲ့
ပြင်ဆင် မှုမျိုးပဲ ဖြစ်ပါတယ်။ မော်ရင်ညိုကတော့ ဒီရာသီမှာ အပြောအဆိုပိုင်းမှာ ဆင်ဆင်ခြင်ခြင်
ပြောဆိုနေတာကလည်း ထူးခြားမှုပဲ ဖြစ်ပါတယ်။ မနှစ်က ချယ်လ်ဆီးအသင်း ဘာဆုဖလားမှ
မရလိုက်တဲ့အတွက် မော်ရင်ညို အနေနဲ့ ပိုင်ရှင်အေဗရာမိုဗစ်ချ် ကျေနပ်မှု ရနိုင်ဖို့ ဒီရာသီမှာ
အကောင်းဆုံးတွေ စွမ်းဆောင်ပြနိုင်ဖို့ လိုအပ်နေတဲ့ ရာသီဖြစ်နေပါ တယ်။
အသင်းကို ကြည့်လိုက်တော့လည်း လုံလောက်နေတဲ့ အသင်းဖြစ်နေတာက လက်ရှိချန်ပီယံ
မန်စီးတီးကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့အသင်းက ချယ်လ်ဆီးအသင်းဖြစ်လာ တော့မှာပဲ ဖြစ်ပါတယ်။
အာဆင်နယ်မန်နေဂျာ အာဆင်ဝင်းဂါးအနေနဲ့ အသင်းကို ချန်ပီယံဖလားရအောင် မစွမ်းဆောင်နိုင်
ပေမယ့် ဘာ ဖိအားမှမလိုပေမယ့် မော်ရင်ညိုအနေနဲ့က အာဆင်ဝင်းဂါးနဲ့မတူတဲ့ အခြေအနေမျိုးဖြစ်
နေပါတယ်။
ဒါကြောင့် ဒီရာသီဟာ မော်ရင်ညို အတွက် အရေးပါတဲ့ရာသီလည်းဖြစ်နေခဲ့ပါ တယ်။ နောက်ထပ်
ဖလားလက်မဲ့ရာသီဖြစ်ဖို့ မရှိတော့ပါဘူး။ ဖြစ်သွားခဲ့မယ်ဆိုရင်တော့ မော်ရင်ညိုဟာ စတန်းဖို့ဒ်
တံတားကို ကျောခိုင်း ရတော့မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မော်ရင် ညိုရဲ့ ခြေလှမ်းတိုင်းကို
စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မနှစ်က ချယ်လ်ဆီးဟာ မန်စီးတီး၊ လီဗာပူး တို့နဲ့ အပြိုင်ချန်ပီယံဖလားလုဖို့ဖြစ်လာခဲ့ပါသေးတယ်။
မော်ရင်ညိုရဲ့ တစ်ရာသီစာ ပွဲပြင်ဆင်မှုကလည်း အကောင်းဆုံးဖြစ်ခဲ့ပါ တယ်။ ချန်ပီယံဖြစ်ခဲ့တဲ့
မန်စီးတီးကို မော်ရင်ညိုဟာ နှစ်ပွဲစလုံးကို အနိုင်ကစားခဲ့ပြီး ခြောက်မှတ်ရခဲ့ပါတယ်။
ဒုတိယနေရာရခဲ့တဲ့ လီဗာပူးကိုလည်း နှစ်ပွဲစလုံးကို အနိုင်ကစား ပြီး ခြောက်မှတ်ရခဲ့ပါတယ်။
အာဆင်နယ်၊စပါး၊ မန်ယူတို့ကို အိမ်ကွင်းမှာ အနိုင်၊ အဝေး ကွင်းမှာ သရေ၊ လေးမှတ်စီရယူ
ထားနိုင်ခဲ့ တာက မော်ရင်ညိုဟာ ကိုယ်ရဲ့ပြိုင်ဘက်တွေ ကို အကောင်းဆုံးပြင်ဆင်ပြီး အနိုင်
ယူနိုင်ခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ မော်ရင်ညို ရဲ့ မဟာဗျူဟာက အကောင်းဆုံးဖြစ်ခဲ့ပြီး
ချန်ပီယံဖြစ်နိုင်ခြေရှိခဲ့ပေမယ့် ဗီလာ၊ ဆန်းဒါး လန်း၊ ခရစ္စတယ်ပဲလေ့စ်တို့လို အသင်းငယ် တွေ
ကို မထင်မှတ်ဘဲ ရှုံးနိမ့်သွားတာက ချယ်လ်ဆီးဟာ ချန်ပီယံဖြစ်နိုင်ခြေ အနေအထားကနေ
ပျောက်ပျက်သွားရတာပဲဖြစ်ပါ တယ်။
တကယ်လို့သာ ဆန်းဒါးလန်း၊ ဗီလာ၊ခရစ္စတယ်ပဲလေ့စ် သုံးပွဲမှာ နှစ်ပွဲလောက်သာ အနိုင်ကစားနိုင်
ခဲ့ရင် မန်စီးတီးဟာ ချန်ပီယံ ဖြစ်လာမှာမဟုတ်ဘဲ ချယ်လ်ဆီးသာ ချန်ပီယံ ဖြစ်သွားမှာ ဖြစ်ပါတယ်။
အသင်းငယ်တွေအပေါ် မထင်မှတ်ဘဲ ရှုံးနိမ့်ရခြင်းကို ကြည့် လိုက်ရင် မနှစ်က ချယ်လ်ဆီးတိုက်စစ်
ဟာ အကောင်းဆုံးတိုက်စစ်ပုံစံမှာ မရှိခဲ့တာကြောင့် ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။
တောရက်စ်၊ အီတိုး၊ ဒမ်ဘာဘာ ဆိုတဲ့ တိုက်စစ် မှူးတွေဟာ ထိပ်တန်းအဆင့်မှာ မရှိခဲ့ကြလို့
ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်က ထွက်ရ၊ ပရီမီယာလိဂ်မှာ မန်စီးတီး၊ လီဗာပူးတို့နဲ့ ပြိုင်ဆိုင် မှု
ကနေ နောက်ဆုတ်လိုက်ရ အခြေအနေနဲ့ ကြံုတွေ့ရတာပဲ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ မော်ရင်ညိုဟာ ပြင်ဆင်မှု ကောင်းတွေလုပ်ပြီး ၂၀၁၄-၁၅ ရာသီကို ဖြတ်သန်းတော့
မှာ ဖြစ်ပါတယ်။ အသင်းကို ကြည့်လိုက်ရင် ကွင်းလယ်သမား လမ်းပတ်၊ တိုက်စစ်မှူး အီတိုးနဲ့
ဒမ်ဘာဘာ နောက်တန်း ဘယ်အစွန်သမား အက်ရှ်လေကိုးလ်၊ နောက်တန်းအတွင်းလူ ဒေးဗစ်
လုအစ်တို့ကို ပြောင်းရွှေ့ခွင့်တွေပေးခြင်းနဲ့ အသင်းကို အသစ်တည်ဆောက်လိုက်တာ တွေ့ရပါ
တယ်။
ပြီးရင် လမ်းပတ်နေရာအတွက် ဖာဘရီ ဂတ်စ်၊ အီတိုးနေရာအတွက် ဒီယေဂို ကော် စတာ၊ ဒမ်ဘာ
ဘာနေရာအတွက် ဒရော့ဘာ၊အက်ရှ်လေကိုးလ်နေရာအတွက် ဖိလစ်ပီ လူးဝစ်တို့ကို ခေါ်ယူဖြည့်တင်းလိုက်ပုံက မော်ရင်ညိုအနေနဲ့အကွက်စိတဲ့ပြင်ဆင်အစားထိုးမှုပဲ
ဖြစ်ပါတယ်။
ပြီးရင် မနှစ်က အဲဗာတန်ကို အငှားနဲ့ပို့ခဲ့တဲ့ လူကာကူကို ရောင်းလိုက်လို့ မော်ရင်ညိုဟာ ဒေးဗစ်
လုအစ် နဲ့ လူကာကူ ရောင်းရငွေနဲ့ ကစားသမားတွေ ကို ၀ယ်ယူဖြည့်တင်းခြင်းဖြစ်လို့ အေဗရာ
မိုဗစ်ချ်ရဲ့ ငွေတွေကို သီးသန့်ထုတ်သုံးခြင်း မရှိတဲ့ ရာသီလည်း ဖြစ်သွားခဲ့ပါတယ်။လစ်လပ်သွား
တဲ့ ဒေးဗစ်လုအစ်နေရာအတွက်မော်ရင်ညိုဟာ အသစ်ဖြည့်တင်းခြင်းမရှိဘူး ထင်ရပေမယ့် မနှစ်
က ဇန်နဝါရီအပြောင်း အရွှေ့မှာ မာတစ်၊ ဆာလာချ်တို့နဲ့အတူ ၀ယ်ခဲ့တဲ့ ကာဒ်ဇူးမားရှိနေခဲ့ပါတယ်။
ဇူးမားကို မနှစ်ကဝယ်ခဲ့ပြီး ပြင်သစ်ကလပ် လိုင်လီကို အငှားနဲ့ ပို့ထားခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီး
ရဲ့ ရာသီကြိုပြင်ဆင်တဲ့ပွဲတွေမှာ မော်ရင်ညို ဟာ ဇူးမားကို တယ်ရီ၊ ကာဟေးလ်တို့နဲ့တွဲပြီး သုံးနေ
တာတွေ့ရပါတယ်။ ပြီးတော့ အလက် တီကိုမက်ဒရစ်မှာ လက်စွမ်းပြနေတဲ့ ဘယ်လ် ဂျီယံလက်
ရွေးစင်ဂိုးသမား ကော်တွိုက်စ်ကိုလည်း ပြန်ခေါ်ထားတဲ့အတွက် ချယ်လ်ဆီးဟာ ဒီရာသီပြင်ဆင်
မှုက တော်တော်လေးကို အားရစရာ ကောင်းနေခဲ့ပါတယ်။
ဂိုးသမားအသစ်(ကော်တွိုက်စ်)၊နောက် တန်းအတွင်းလူအသစ်(ဇူးမား)၊ နောက်တန်း ဘယ်အစွန်
အသစ်(ဖိလစ်ပီလူးဝစ်)၊ကွင်းလယ်လူအသစ် (ဖာဘရီဂတ်စ်)၊ တိုက်စစ်မှူး အသစ်(ဒီယေဂိုကော်
စတာ၊ ဒရော့ဘာ)၊ဆိုတဲ့ အနေအထားကိုကြည့်လိုက်ရင် ချယ်လ်ဆီးရဲ့ အဓိကကျောရိုးကို ပြင်
ဆင်ထားတယ်ဆိုတာ ကို တွေ့ရမှာပဲဖြစ်ပါတယ်။
ဒီယေဂို ကော်စတာ ရောက်လာတဲ့အတွက် ချယ်လ်ဆီးတိုက်စစ် ဟာ မနှစ်ကထက် ပိုကောင်း
လာမယ်လို့ မျှော်လင့်ရပါတယ်။ ကော်စတာဟာ မနှစ်က အလက်တီကိုမက်ဒရစ်နဲ့အတူ ခြေစွမ်း
ပြခဲ့တာကို အားလုံးလက်ခံထားပြီး ဖြစ်ပါတယ်။ မော်ရင်ညိုရဲ့ ဖြည့်တင်းမှုကိုကြည့်လိုက်ရင်
မော်ရင်ညိုဟာ စပိန်ကစားသမားတွေကို အဓိကအားဖြည့်ထားတာကို တွေ့ရမှာပဲ ဖြစ်ပါ တယ်။
ဖာဘရီဂတ်စ်၊ မာတစ်ကွင်းလယ်အတွဲ ဘယ်လောက်ဖန်တီးနိုင်စွမ်း၊ ဘယ်လောက် ခုခံနိုင်စွမ်း
ရှိမလဲ ဆိုတာကိုပဲ စောင့်ကြည့် ရမှာဖြစ်ပါတယ်။ အသစ်ခေါ်ထားတဲ့သူ အားလုံးဟာ ထိပ်တန်း
အတွေ့အကြံု ရင့်ကျက်တဲ့သူတွေ ဖြစ်တယ်။ ဒီမှာက အသင်းတိုင်းဟာ ပြင်ဆင်အား ကောင်းကြ
ပါ တယ်။
ကျွန်တော့်အသင်းကို ပြီးပြည့်စုံအောင် ကောင်းတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကျွန်တော့်အသင်း
အပေါ်မှာ ယုံကြည်မှု ပြည့်ဝနေပါတယ်။ ဒီမှာက ချန်ပီယံဖလား အတွက် ပြိုင်ဆိုင်ရတာ ငါးသင်း
လောက်အထိ ရှိထားပါတယ်။
ကျွန်တော့်အသင်းအပေါ်မှာ တော့ ကျေနပ်မှုရှိနေပါတယ်လို့ မော်ရင်ညို ဟာ အရင်ကနဲ့မတူဘဲ
စကားကို ထိန်းထိန်း သိမ်းသိမ်း ပြောဆိုသွားပါတယ်။ ဘယ်ပွဲကို ဘယ်လိုကစားရမယ်ဆိုတဲ့နေရာ
မှာ ထူးချွန် တဲ့ မော်ရင်ညို ဒီရာသီမှာတော့ ချန်ပီယံ ဖြစ်လာနိုင်ခြေ ရှိနေပါရဲ့ ...။















