၂၀၁၄-၁၅ ရာသီ စီးရီးအေ အမှတ်ပေးပွဲများ ကို ဩဂုတ် ၃၀ ရက်တွင် စတင်မည်ဖြစ်ရာ ပြိုင်ပွဲဝင်
အသင်းများအနေဖြင့် အကြိတ် အနယ်ရှိဖို့နှင့် ကမ္ဘာတစ်ဝန်းမှ ပရိသတ်များ ၏ စိတ်ဝင်စားမှုရဖို့
ပြင်ဆင်နေကြပြီ ဖြစ်သည်။
ပြီးခဲ့သော နှစ်များအတွင်း ရိုးမား၊ အင်တာ မီလန် အစရှိသော ထိပ်တန်းအသင်းကြီးများ ကို
နိုင်ငံခြားသား လုပ်ငန်းရှင်များ ၀ယ်ယူ ရင်းနှီးမြှုပ်နှံခြင်းနှင့်အတူ စီးရီးအေသည် 'ပါရာဒိုင်းသစ်'
တစ်ခုဆီသို့ ရွေ့လျားနေ သော်လည်း ၁၉၉၀ ပြည့်နှစ် ၀န်းကျင်များဆီက အနေအထားမျိုး
ပြန်ရောက်အောင် ခက်ရာ ခဲဆစ် ပြန်လည်ကြိုးစားရမည့် အခြေအနေတွင် ရှိသည်။
ထိုစဉ်က အီတလီတွင် ကမ္ဘာကျော် ဘောလုံးသမားတို့ အများဆုံး ခြေချခြင်းနှင့် အတူ ချန်ပီယံ
လိဂ်အပါအဝင် ဥရောပပြိုင်ပွဲ များတွင်လည်း စီးရီးအေအသင်းများသာ လွှမ်းမိုးထားသည်
မဟုတ်ပါလား။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုကျော်က အနေ အထားနှင့် သည်ကနေ့ခေတ်
အနေအထားတို့ကို နှိုင်းယှဉ်လိုက်ပါက အလွန်ပြောင်းလဲ သွားသည်။
သို့ရာတွင် '၂၀၀၆ လုပ်ပွဲအရှုပ် တော်ပုံ' ပြီးနောက် တစ်ဟုန်ထိုး ကျဆင်းသွား ခဲ့သော အီတလီ
ဘောလုံးလောက 'ပုံရိပ်' သည် ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း ပြန်လည် ဦးမော့လာသည်
ဟု ဆိုရမည်။
လုပ်ပွဲပြဿနာတွေ လျော့ဆင်းသွားသော် လည်း လူမျိုးရေးခွဲခြားမှု ပြဿနာတွေက ရှိနေသေး
သည်။ တစ်ဖန် အီတလီဘောလုံး ပရိသတ်သည် ကွင်းထဲရောက်လျှင် ဆူပူသောင်းကျန်းတတ်
သည်မှာ ထုံးတမ်းစဉ်လာ ဖြစ်နေသည်။ ထိုအချက်များပေါ်တွင် ၂၀၁၄ ကမ္ဘာ့ဖလားပွဲ၌ အီတလီ
အသင်း အုပ်စုမှ ထွက်ခဲ့ရခြင်းကို ထပ်ဖြည့်ပေါင်းစွက်လိုက်ပါက စီးရီးအေအပေါ် ဆိုးကျိုးသက်
ရောက် မှုများ ရှိလာနိုင်သည်။
လက်ရှိအချိန်တွင် ဘဏ္ဍာရေးအင်အား နည်းသွားသော စီးရီးအေအသင်းများအနေ ဖြင့် ပုံစံခွက်
ဟောင်းထဲမှ ရုန်းထွက်ကာ ပြုပြင် ပြောင်းလဲလာကြသည်။ 'နည်းနည်းနှင့် ကျဲကျဲ ၀ိုင်း'သော
ပေါ်လစီကို ကျင့်သုံးလာပြီး အလားအလာရှိသော လူငယ်ကစားသမား များကို 'ပွဲထုတ်'လာ
ကြသည်။
တစ်ဖန် ပြီးခဲ့ သော ရာသီများကထက်စာလျှင် စီးရီးအေမှ အကျော်အမော် ဘောလုံးသမားများ
ပြည်ပ လိဂ်များသို့ ယိုစီးထွက်မှု လျော့ကျသွားသည်။ စီးရီးအေ ထိပ်တန်းအသင်းကြီးများတွင်
နည်းပြပြောင်းလဲနှုန်း မြင့်မားပြီး အချို့ရာသီ များ၌ နည်းပြလေးယောက်ထိ ပြောင်းလဲ ခဲ့သော
အသင်းလည်းရှိသည်။ ထိုအချက်က မတည်ငြိမ်မှုကို ဖော်ပြနေသလို တစ်ဖက် ကလည်း စီးရီး
အေမှာ 'ထိုင်ခုံ' ခိုင်မြဲလေ့မရှိဘဲ အပြိုင်အဆိုင် ပြင်းထန်ကာ 'ဖိအားနှင့် စွန့်စား မှု' များပြားသော
အချက်ကို ဖော်ပြနေသည်။
လာမည့်ရာသီသစ်တွင် ဂျူဗင်တပ်နှင့် အေစီမီလန်တို့သည် နည်းပြသစ်များဖြင့် 'နှစ်ပါးသွား' ကြ
မည်ဖြစ်သည်။ ဂျူဗင်တပ် နည်းပြကွန်တီသည် လူသိရှင်ကြား အကြောင်း ပြချက်မရှိဘဲနှင့်
နုတ်ထွက်သွားပြီး အေစီမီလန် နည်းပြဟောင်း အယ်လီဂရီကို ၂၄ နာရီအတွင်း နည်းပြသစ်အဖြစ်
ခန့်အပ်ခဲ့ရာ ကလပ်အတွင်း မှာ 'ရှော့ခ်'ရှိနိုင်သည်ဟု ယူဆရသည်။
ထို အချက်ပေါ် မူတည်ကာ အီတလီ ဘောလုံး ကျွမ်းကျင်သူများက ရိုးမားကို ဗိုလ်စွဲနိုင်ခြေရှိသော
အသင်းအဖြစ် တွန်းပို့လိုက်ကြသည်။ တစ်ဖန် အေစီမီလန်သည် ကစားသမား ဟောင်းများကို
နည်းပြခုံတန်းလျားပေါ် တွန်းပို့ နေသောအသင်းဟု ကျွမ်းကျင်သူများက ထောက်ပြသည်။
အကျိုးဆက်အနေဖြင့် အေစီမီလန်သည် ဆုဖလားများနှင့် အလှမ်း ဝေးကွာသွားရုံတင်မက
အသင်းတည်ငြိမ် အောင်၊ ပရိသတ်အားပေးမှုရအောင်၊ ချန်ပီယံ လိဂ်ပြိုင်ပွဲဝင်ခွင့်ရအောင်
အတော်ရုန်းကန် ရမည့် စာရင်းထဲသို့ ၀င် ရောက်သွားသည်။

၂၀၁၄-၁၅ ရာသီ ဥရောပပြိုင်ပွဲများသို့ ၀င်ရောက်ခွင့်ရသော စီးရီးအေအသင်းများ အနက်
နာပိုလီသည် စပိန်မှ ဘီလ်ဘာအိုနှင့် ထိပ်တိုက်ရင်ဆိုင်ရမည် ဖြစ်သောကြောင့် ချန်ပီယံလိဂ်
ရှုံးထွက်အဆင့်တွင် 'ပွဲအကျပ်' ဆုံးအသင်း ဖြစ်သည်။ အကယ်၍ နာပိုလီအနေဖြင့် ခြေချော်
လက်ချော်ဖြစ်ခဲ့ပါက ငွေကြေးအကျိုးအမြတ်၊ ရည်မှန်းချက်၊ ပရိသတ်အားပေးမှုနှင့် ကစား
သမားများ စိတ်ဓာတ် အစရှိသော အပိုင်းများတွင် အပြောင်းအလဲ၊ အတက်အကျများ ဖြစ်လာ
ဖွယ်ရှိသည်။
ယူရိုပါလိဂ်ပြိုင်ပွဲတွင် စီးရီးအေကိုယ်စားပြု တိုရီနိုနှင့် အင်တာမီလန်တို့ ခြေစစ်ပွဲရှုံးထွက် အဆင့်မှ
ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဖီအိုရင် တီးနားကမူ အလိုအလျောက် အုပ်စုအဆင့်မှ ၀င်ရောက်ရမည်
ဖြစ်သည်။
တိုရီနိုသည် တတိယအဆင့် ရှုံးထွက်ပွဲစဉ်တွင် ဆွီဒင်မှ ဘရွန်မာကိုပါနာအား နှစ်ပွဲပေါင်း ရ-၀ ဖြင့်
နိုင်ထားသည်။ ရှုံးထွက်အဆင့်တွင် တိုရီနို သည် ခရိုအေးရှား မှ ျွြု စပလစ်နှင့် တွေ့ဆုံ မည်ဖြစ်ပြီး
အင်တာမီလန်ကမူ အိုက်စလန် ကလပ် ှအြမေညညေ နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ရာ အီတလီနှစ်သင်း
စလုံး အုပ်စုအဆင့် တက် ရောက်နိုင်ဖို့ သေချာသလောက်ရှိသည်။
၂၀၁၄-၁၅ ရာသီပြင်ဆင်မှုနှင့် ကစား သမား အပြောင်းအရွှေ့တွင် လက်ရှိချန်ပီယံ ဂျူဗင်တပ်
သည် နည်းပြသစ် အယ်လီဂရီနှင့် အတူ 'အပေါ်ယံအားဖြည့်မှု'လောက်သာ ပြုလုပ်ခဲ့သည်။
အဓိက ခေါ်ယူမှုအနေဖြင့် ဂျီနိုအာကွင်းလယ်လူ စတူအာရို (၂၁ နှစ်)၊ ဆော့စူလိုကွင်းလယ်လူ
ကာမာရိုနီ (၂၄ နှစ်)၊ မန်ယူနောက်ခံလူ အီဗရာ (၃၃ နှစ်)နှင့် စပိန် တိုက်စစ်မှူး မိုရာတာ (၂၁ နှစ်)
တို့ဖြင့် အားဖြည့်ထားသည်။
တစ်ဖက်တွင် တိုက်စစ်အင်အားစု များ လျှော့ချလိုက်သည့်အနေဖြင့် ယမန်နှစ်က အငှားဖြင့်
ခေါ်ယူခဲ့သော အီတလီတိုက်စစ်မှူး အော့စဗဲလ်ဒိုကို အပြီးသတ် ခေါ်ယူခြင်း မပြုတော့ဘဲ ဗူချီနစ်
၊ ကွာဂလီရယ်လာတို့ကို 'ရုံခါ'လိုက်သည်။ ၎င်းတို့နှင့်အတူ နောက်ခံလူ အီတလီ နောက်ခံလူ
ပလိုဆို၊ ချီလီကွင်းလယ်ကစားသမား အစ္စလာတို့ကိုလည်း ရောင်းချခဲ့သည်။ ယေဘုယျအားဖြင့်
ဂျူဗင်တပ်သည် ယမန်နှစ်က ခြေစွမ်းပြခဲ့သော လူဟောင်းများကို ဆက်ထိန်းထားပြီး သွေးသစ်
လောင်းထားသောကြောင့် လာမည့်ရာသီတွင် နည်းပြသစ် အယ်လီဂရီ၏ ကိုင်တွယ်မှုကိုသာ
စောင့်ကြည့်ရတော့မည် ဖြစ်သည်။
ချန်ပီယံဖြစ်ရန် ရေပန်းစားလာသော ရိုးမားသည် နည်းပြဂါစီယာလက်ထက်တွင် တည်ငြိမ်ပြီး
တိုးတက်လာသော အသင်းဖြစ် သည်။ အက်ရှ်လေကိုးလ် (ချယ်လ်ဆီး)၊ ကီတာ (ဗလင်စီယာ)၊
အီမန်နျူရယ်ဆင် (ဖူလ်ဟမ်) တို့လို ၀ါရင့်များနှင့်အတူ တူရကီကွင်းလယ်လူ ဆာလီအူကန် (၂၀
နှစ်)၊ ပါရာဂွေးတိုက်စစ်မှူး စာနာဘရီယာ (၁၈ နှစ်)၊ အာဂျင်တီးနားတိုက်စစ်မှူး ဂျူအန်အိုင်တာဘီ
(၂၁ နှစ်)၊ အီတလီနောက်ခံလူ ဒေးဗစ်အက်စတိုရီ (၂၇ နှစ်)တို့ကို ခေါ်ယူထားသောကြောင့်
အင်အားတောင့်တင်းသွားသည်။
အထူးသဖြင့် အက်ရှ် လေကိုးလ်၊ ကီတာနှင့် အီမန်နျူရယ်ဆင် တို့လို ချန်ပီယံလိဂ်အတွေ့အကြံု
သူများကို ခေါ်ယူနိုင်ခြင်းကြောင့် လာမည့်ရာသီတွင် ရိုးမားကို ခပ်မြင့်မြင့် ထင်ကြေးပေးထား
သည်။ ကိုပါအီတာလျံဖလားကို ဆွတ်ခူးနိုင်ပြီး စီးရီးအေတွင် တတိယချိတ်ခဲ့သော နာပိုလီ သည်
စပိန်ဂိုးသမား ရေနာနှင့်အတူ အကျပိုင်း ရောက်လာသော နောက်ခံလူ ပေါ်လိုကင်နဗာရို၊ ကိုလံ
ဘီယာခံစစ်မှူး အာမီယို၊ ဆွစ်ဇာလန်ကွင်းလယ်လူ ဘဟာမီတို့ကို အသင်းပြောင်းခွင့်ပြုလိုက်
သည်။
တစ်ဖက်တွင် ပြင်သစ်နောက်ခံလူ ကူလီဘာလီ (၂၃ နှစ်)၊ စပိန်ကွင်းလယ်လူ မီချူး (၂၈ နှစ်)၊
ဥရုဂွေး ကွင်းလယ်လူ ဂါဂါနို (၃၀ နှစ်)၊ ချီလီတောင်ပံ တိုက်စစ်မှူး အဒူရာဒိုဗားဂတ်စ် (၂၄ နှစ်)
တို့ကို ခေါ်ယူထားသည်။ နည်းပြ ဘင်နီတက်ဇ်၏ အောင်မြင်မှု၊ အတွေ့အကြံုနှင့် ကစားသမား
အပြောင်းအရွှေ့တို့ကို ချိန်ထိုးလိုက်ပါက နာပိုလီသည် လာမည့်ရာသီတွင် ဒုတိယနေရာကို
ရည်မှန်းနိုင်သော အနေအထားတွင် ရှိသည်။
ယူရိုပါလိဂ်ပြိုင်ပွဲဝင် အင်တာမီလန်သည် နည်းပြ မက်ဇာရီ၏ ဒုတိယမြောက်ရာသီ၌ တည်ငြိမ်
တိုးတက်လာသည်။ လူဟောင်း အာဂျင်တီးနား ကစားသမားများဖြစ်ကြသော ဆင်မြူရယ်၊ မီလီ
တိုနှင့် ကမ်ဘီယာဆိုတို့ကို 'ရှင်းထုတ်'လိုက်ပြီး အသင်းခေါင်းဆောင် ဇနက်တီကို ဒုဥက္ကဋ္ဌ
ခန့်လိုက်သည်။
တစ်ဖက်တွင် ဆလိုဗေးနီးယား ကွင်းလယ်လူ ရီနီခါရင် (၂၄ နှစ်)၊ နိုက်ဂျီးရီးယားကွင်းလယ်လူ
ဂျိုးအိုဘီ (၂၃ နှစ်)၊ မန်ယူမှ ဆာဘီယာ နောက်ခံလူ ဗီဒစ် (၃၂ နှစ်)၊ ဘရာဇီးလ် နောက်ခံလူ
ဒိိုဒို (၂၂ နှစ်)၊ အီတလီတိုက်စစ်မှူး အော့စဗဲလ်ဒို (၂၈ နှစ်)၊ ပြင်သစ်ကွင်းလယ်လူ အမ်ဗီလာ
(၂၄ နှစ်)၊ ချီလီ ကွင်းလယ်လူ မီဒယ် (၂၇ နှစ်)တို့ကို ခေါ်ယူထားသည်။
လူအင်အားဖြည့်တင်းမှုနှင့် ရာသီကြို ခြေစမ်းပွဲရလဒ်များအရ အင်တာမီလန်သည် ချန်ပီယံလိဂ်
၀င်ခွင့် နေရာကို ခြိမ်းခြောက်နိုင်သောအသင်းဟု ထင်ကြေးပေးခံထားရသည်။
ယခုနှစ်တွင် ဥရောပပြိုင်ပွဲများနှင့် ဝေးကွာသွားသော အေစီမီလန်နည်းပြသစ် အင်ဇာဂီလက်ထက်
တွင် အတော်ပင် ရုန်းကန် နေရသည်။ ရာသီကြိုခြေစမ်းပွဲများတွင် ဂိုးအလှူပေးခဲ့သော အေစီမီလန်
သည် ပြင်သစ် ကွင်းလယ်လူ ဂျီမီနက်စ် (၂၇ နှစ်)၊ ဘရာဇီးလ် နောက်ခံလူ အဲလက်စ် (၃၂ နှစ်)၊
ကိုလံဘီယာ နောက်ခံလူ အာမီယို (၂၇ နှစ်)၊ အာဂျင်တီးနား ဂိုးသမား လိုပက်ဇ် (၃၂ နှစ်)တို့ကို
ခေါ်ယူခဲ့ပြီး ထိပ်သီးအသင်းကြီးများအနက် ထင်ကြေးပေးခံရမှု အနည်းဆုံးအသင်း ဖြစ်သည်။
ဖီအိုရင်တီးနားသည် ယမန်နှစ်က ခြေစွမ်း ပြခဲ့သော ကစားသမားအားလုံးနီးပါးကို ဆက်ထိန်း
ထားနိုင်သည်ကို တွေ့ရသည်။ မော်ရိုကို တိုက်စစ်မှူးအဲလ်ကာဒူရီ (၃၀ နှစ်)၊ အီတလီ ကွင်းလယ်
လူ လာဇာရီ (၂၉ နှစ်)၊ အာဂျင်တီးနား နောက်ခံလူဟိုဆေးဘာဆန်တာ (၃၀ နှစ်)၊ စပိန် နောက်ခံ
လူမားကော့စ်အလွန်ဆို (၂၃ နှစ်)၊ ဩစတြေးလျကွင်းလယ်လူ ဘရီလန်တီ (၂၁ နှစ်)၊ ကင်မရွန်း
တိုက်စစ်မှူး ဘီလက်ခ် (၂၁ နှစ်)၊ ဆီနီဂေါတိုက်စစ်မှူး ကာဘာကာ (၂၁ နှစ်)၊ ဘရာဇီးလ်ကွင်း
လယ်လူ အော့တာ ဗီရို (၂၀ နှစ်)တို့ကို ခေါ်ယူအားဖြည့်ထား သည်။
ယမန်နှစ်ခြေစွမ်းနှင့် လူငယ်သွေးသစ် များ ခေါ်ယူအားဖြည့်ထားခြင်းတို့ကို ပေါင်းစပ်လိုက်ပါက
ဖီအိုရင်တီးနားသည် ချန်ပီယံလိဂ် ၀င်ခွင့်နေရာကို ခြိမ်းခြောက်သောအသင်း ဖြစ်လာနိုင်သည်။















