ဘရူနိူင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော ဘရူနိုင်းဘုရင်ဖလား Hassanal Bolkiah Trophy
U-21 2014 ဘောလုံးပြိုင်ပွဲ၏ ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာယူ(၁၉)အသင်းနှင့်မလေးရှားယူ
(၂၁)အသင်းတို့သည် ပြီးခဲ့သည့် ဩဂုတ်လ ၂၀ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက
၃ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် မြန်မာယူ(၁၉)အသင်းသည် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် မလေးရှားယူ(၂၁)
အသင်းကို ပွဲချိန်ပြည့်ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။မြန်မာအသင်းအတွက်
အနိုင်ဂိုးများကို ပွဲချိန်၂မိနစ်တွင်သန်းပိုင် နှင့်ပွဲချိန်၁၇မိနစ်နှင့်၃၄မိနစ်များတွင် အောင်သူကသွင်း
ယူပေးခဲ့ခြင်းဖြစ်သည်။
မြန်မာယူ(၁၉)အသင်းသည် အုပ်စုအဆင့်တွင် ထိုင်းအသင်းကို ၃ဂိုး၂ဂိုးဖြင့်လည်းကောင်း၊တီမော
အသင်း ကို၃ဂိုး၁ဂိုးဖြင့် လည်းကောင်း၊ လာအိုအသင်းကို ၃ဂိုး၂ဂိုးဖြင့်လည်းကောင်း၊ဖိလစ်ပိုင်
အသင်းကို ၃ဂိုး၁ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်အဖြစ် ဆီးမီးဖိုင်နယ် အဆင့်သို့
တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဖိုင်နယ်ပွဲစဉ်အဖြစ် ထိုင်း၊ဗီယက်နမ်အသင်းတို့၏ပွဲစဉ်မှ အနိုင်
ရရှိသော အသင်းနှင့် ဩဂုတ်လ ၂၃ ရက်နေ့၊မြန်မာစံတော်ချိန် ည ရ နာရီတွင် ယှဉ်ပြိုင်ကစား
ရမည်ဖြစ်သည်။
မြန်မာယူ(၁၉)အသင်းသည်လာမည့် အောက်တိုဘာလတွင် မြန်မာနိုင်ငံ၌အိမ်ရှင်အဖြစ်လက်ခံ
ကျင်းပပြု လုပ်မည့် 2014 AFC U-19 ပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုအနေဖြင့် အဆိုပါပြိုင်ပွဲကို
၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။















