အဖွင့်ပွဲလှအောင် ကြိုးစားပြမယ့် ဘိုင်ယန် ဂျာမန်ဘွန်ဒက်စ်လီဂါ

အဖွင့်ပွဲလှအောင် ကြိုးစားပြမယ့် ဘိုင်ယန် ဂျာမန်ဘွန်ဒက်စ်လီဂါ

၂၀၁၄-၁၅ ဘောလုံးရာသီရဲ့ အဖွင့်ပွဲစဉ်တွေကို ဘယ်အသင်း တွေက လွှမ်းမိုးထားနိုင်မလဲဆိုတာ
က စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဘိုင်ယန်မြူးနစ် - ၀ုဖ်ဘတ်
စနေ၊ နံနက် ၁းဝဝ နောက်ဆုံးရလဒ်၊
၀ုဖ်ဘတ် ၁-၆ ဘိုင်ယန်

၀ုဖ်ဘတ်ကတော့ အာဆင်နယ်တိုက်စစ် မှူးဟောင်း ဘန်တနာကို သုံးနှစ်စာချုပ်နဲ့ ခေါ်ပြီး
သူကကျောနံပါတ်(၃) ၀တ်ဆင်မယ် လို့ သိရပါတယ်။ ဘိုင်ယန်ကွင်းလယ်လူ မာတီနက်ဇ်
ဒီပွဲစဉ်ကို လွဲချော်မှာပါ။ ဂျာမန်စူပါဖလားကို လက်လွှတ်ခဲ့ရတဲ့ ဘိုင်ယန်အိမ်ကွင်း အစကောင်း
အောင် လုပ်ဆောင်ပါလိမ့်မယ်။

ဟန်နိုဗာ - ရှော်လ်ကေး
စနေ၊ ည ၈းဝဝ နောက်ဆုံးရလဒ်၊
ရှော်လ်ကေး ၂-၀ ဟန်နိုဗာ

ဟန်နိုဗာကွင်းမှာ နောက်ဆုံးသုံးကြိမ် စလုံး ရှော်လ်ကေးအနိုင်မရခဲ့တာ သတိပြုရ ပါလိမ့်မယ်။
ရာသီအစ အဝေးကွင်းသုံးပွဲမှာ နိုင်ပွဲမရှိထားတဲ့ရှော်လ်ကေး သရေ လောက်ပဲရမှာမို့ ဟန်နိုဗာကို
အားပေး သင့်ပါတယ်။

ဟာသာဘာလင် - ၀ါဒါဘရီမင်
စနေ၊ ည ၈းဝဝ နောက်ဆုံးရလဒ်၊
၀ါဒါဘရီမင် ၂-၀ ဟာသာဘာလင်

ဟာသာဘာလင်ကွင်းမှာ နောက်ဆုံးနိုင် ခဲ့ဖူးတာက ၂၀၀၉ ခုနှစ်မှာပါ။ ၀ါဒါဘရီမင် အနိမ့်ဆုံး
သရေခံကစားနိုင်လို့ ဧည့်သည်နဲ့ အတူ ရပ်တည်သင့်ပါတယ်။

ဖရန့်ဖတ် - ဖရိုင်းဘတ် စနေ၊
ည ၈းဝဝ နောက်ဆုံးရလဒ်၊
ဖရန့်ဖတ် ၁-၄ ဖရိုင်းဘတ်

ဖရန့်ဖတ် အိမ်ကွင်းနောက်ဆုံးသုံးကြိမ် မှာ အိမ်ရှင်တို့ ၂၀၁၂ ဘောလုံးရာသီပဲ တစ်ကြိမ်နိုင်ဖူးပါ
တယ်။ သရေကျသွားနိုင် တဲ့ ပွဲမို့ ဖရိုင်းဘတ်ကို ကြိုက်ပါတယ်။

ဟော့ဖန်ဟိမ်း - အော့စ်ဘတ်
စနေ၊ ည ၈းဝဝ နောက်ဆုံးရလဒ်၊
ဟော့ဖန်ဟိမ်း ၂-၀ အော့စ်ဘတ်

အစဉ်အလာအရကတော့ ဟော့ဖန် ဟိမ်းရဲ့ အိမ်ကွင်းနောက်ဆုံးလေးကြိမ်မှာ အိမ်ရှင် တစ်ခါမှ
မရှုံးဖူးပါဘူး။ ပြီးခဲ့တဲ့ ရာသီက ကိုယ့်ကွင်းကိုယ်နိုင်၊ သူ့ကွင်း သူနိုင် ဖြစ်ခဲ့ပါတယ်။ DFP ပိုကယ်
ဖလားမှာ ပယ်လိုမာအသင်းကို အဝေးကွင်းမှာ ကိုးဂိုးပြတ်သွင်းနိုင်ခဲ့တဲ့ ဟော့ဖန်ဟိမ်းကို ရွေးထား
ချင်ပါတယ်။

ကိုလုံး - ဟမ်းဘတ်
စနေ၊ ည ၈းဝဝ နောက်ဆုံးရလဒ်၊
ဟမ်းဘတ် ၂-၁ ကိုလုံး

Play-off ကစားပြီး တင်ကျန်ရစ်ခဲ့တဲ့ အသင်းနဲ့ တန်းတက်လာတဲ့ ရိုင်းမြစ်ဒေသ မြောက်ပိုင်း
အသင်းတို့ ထိပ်တိုက်တွေ့တာ ဖြစ်ပါတယ်။ ီင်္ဏ ပိုကယ်ဖလားမှာ အဝေး ကွင်း ဂိုးပြတ်သွင်းထား
တဲ့ ကိုလုံးကို ကြိုက်ပါ တယ်။

ဒေါ့မွန် - လေဗာကူဆင်
စနေ၊ ည ၁၁းဝဝ နောက်ဆုံးရလဒ်၊
လေဗာကူဆင် ၂-၂ ဒေါ့မွန်

ဒေါ့မွန်မှာ ဒဏ်ရာပြဿနာတွေရှိနေပါ တယ်။ ဘယ်နောက်ခံလူ ရှမယ်လ်ဇာ ပေါင်ခြံ ဒဏ်ရာ
ရနေပြီး ကက်ချ်၊ ပါပါစတာသို ပူးလော့စ်တို့လည်း ဒဏ်ရာရနေလို့ ဧည့်သည်နဲ့ လက်တွဲရမှာပါ။

ပက်ဒါဘွန်း - မိန့်ဇ်
တနင်္ဂနွေ၊ ည ၈းဝဝ နောက်ဆုံးရလဒ်၊
မိန့်ဇ် ၆-၁ ပက်ဒါဘွန်း

DFP ပိုကယ်ဖလားမှာ လိုက်ပဇစ်ကို အချိန်ပိုကျမှ ရှုံးနိမ့်သွားတဲ့ ပက်ဒါဘွန်းကို လျှော့တွက်
လို့တော့မရပါဘူး။ ပက်ဒါဘွန်း နဲ့ အရဲကိုး စွန့်စားကြည့်လိုက်ရအောင်။

မွန်ချင်ဂလက်ဘတ် - စတုဂတ်
တနင်္ဂနွေ၊ ည ၁၀းဝဝ နောက်ဆုံးရလဒ်၊
မွန်ချင် ၁-၁ စတုဂတ်

မနှစ်က တန်းဆင်းဇုန်နားမှာ ၀ဲလည် ခဲ့တဲ့ စတုဂတ်နဲ့ အဆင့်(၆)က မွန်ချင်တို့ တွေ့ဆုံမယ့်ပွဲပါ။
စတုဂတ်တို့နဲ့အတူ အဲဒီည ကခုန်ကြည့်ရအောင်။



ဖတ်ရှုမှုအများဆုံး