၂၀၁၄ ပွဲဦးထွက် မွန်ထရီရယ်အောင်ပွဲနဲ့ ပိုလန်တင်းနစ်မယ် ရဝမ်စကာ

၂၀၁၄ ပွဲဦးထွက် မွန်ထရီရယ်အောင်ပွဲနဲ့ ပိုလန်တင်းနစ်မယ် ရဝမ်စကာ

Canadian Open ဒါမှမဟုတ် Rogers Cup လို့ တင်းနစ်ပရိသတ်ကြားမှာ ရေပန်းစားတဲ့ WTA
Tours တင်းနစ်ပြိုင်ပွဲဟာနှစ်စဉ် ဩဂုတ် လဆန်းပိုင်းမှာ ကျင်းပမြဲဖြစ်သလို ငွေကြယ် ပွင့်
တင်းနစ်လှပျိုဖြူတွေ ပါ၀င်လက်စွမ်းပြမြဲ ဖြစ်တာကြောင့် မွန်ထရီရယ် မြေအရောက် လာရောက်
အားပေးသူပေါတဲ့ တင်းနစ်ပြိုင်ပွဲ တစ်ပွဲအဖြစ် မီဒီယာထက်မှာ ရေပန်းစား ရခြင်းပဲဖြစ်ပါတယ်။

စုစုပေါင်း ဆုကြေးဒေါ်လာ နှစ်သန်း ချီးမြှင့် ပြီး Hard/Outdoorsအမျိုးအစားပြိုင်ပွဲဖြစ်
တာကြောင့် အမှားအယွင်း၊ အတိမ်းအစောင်း မခံတဲ့ ပွဲတစ်ပွဲပါလို့ ဆိုနေကြခြင်းပါပဲ။
Uniprix Stadium မှာ ကျင်းပခဲ့တဲ့ ၂၀၁၄ Rogers Cup  ဗိုလ်လုပွဲကို တက်ရောက်လာခဲ့သူ
နှစ်ဦးက ဆီဒင်(၅)ရ ပိုလန်တင်းနစ်မယ် ရဝမ်စကာနဲ့ ဆီဒင်(၄)ရ ဗီးနပ်စ်ဝီလျံတို့ ဖြစ်တာကြောင့်
ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး ဗိုလ်လုပွဲဟာ တကယ့်ကို အကြိတ်အနယ် ရှိခဲ့တာ တွေ့ရပါတယ်။

WTA Tour ပြိုင်ပွဲစဉ်မှာ Premier 5 Tournament အဆင့်သတ်မှတ်ထားတဲ့ ဒီ ကနေဒါအိုးပင်း
တင်းနစ်ဗိုလ်လုပွဲစဉ်မှာ အကောင်းဆုံး လက်စွမ်းပြကစားသွားခဲ့ပြီး ၂၀၁၄ ရဲ့ ပွဲဦးထွက်ချန်ပီယံ
ဆုဖလား လှမ်းဆွတ်ရယူသွားသူကတော့ ပိုလန် ငွေကြယ်ပွင့် ရဝမ်စကာပဲဖြစ်ပါတယ်။ ဗီးနပ်စ် နဲ့
ရဝမ်စကာတို့ရဲ့ သရဖူလုပွဲဟာ စုစုပေါင်း ၈၂ မိနစ်သာ ကြာမြင့်ခဲ့ပြီး စုစုပေါင်း ရမှတ် ၆-၄၊ ၆-၂ နဲ့
ကနေဒါပရိသတ်ရှေ့မှာ ပိုလန်လှပျိုဖြူဟာ ပရော်ဖက်ရှင်နယ်ဘဝ တစ်လျှောက် ရရှိတဲ့ ၁၄ လုံး
မြောက် WTA ချန်ပီယံဆုဖလားကို ထွေးပွေ့ရှိုက်နမ်းခွင့် ရခဲ့တာကိုလည်း ၀ါဆောစာစောင်တွေ
က တဖွဲ့တနွဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။

ယူအက်စ် အိုးပင်း ချန်ပီယံနှစ်ထပ်ကွမ်း ဗီးနပ်စ်ဟာ ထိပ်တန်းတင်းနစ်မယ် ၁၀ ဦးစာရင်းထဲ
ပြန်လည်လှမ်းဝင်နိုင်ဖို့ အစွမ်းကုန်အားထုတ် ခဲ့ပေမယ့်လည်း ပိုလန်သူချောရဲ့ အကွက် စေ့စေ့နဲ့
အမှားအယွင်းမရှိ သေသပ်လှပတဲ့ ကစားပုံတွေကြောင့် မွန်ထရီရယ်မြေမှာ ဒုတိယလူအဖြစ်နဲ့သာ
ကျေနပ်ခဲ့ရပါတယ်။ ပိုလန်နိုင်ငံ၊ ကရာကောမြို့မှာ မွေးဖွားခဲ့သူ တင်းနစ်မယ် ရဝမ်စကာဟာ
အသက်လေးနှစ် သမီးအရွယ်မှာကတည်းက တင်းနစ်ရက်ကက် စတင်ကိုင်ခွင့်ရခဲ့သူ အားကစား
ငွေကြယ်ပွင့် တစ်ပွင့်ပဲဖြစ်ပါတယ်။

ဂန္ထဝင် မာတီနာ ဟင်းဂစ်ကို လေးစားအားကျသူ ပိုလန် ချာတိတ်မလေးဟာ ဆယ်ကျော်သက်
အရွယ် မှာတင် ပိုလန်ပြည်တွင်းပြိုင်ပွဲမှာ ထင်ရှားသူ လူငယ်လက်တက်တစ်ဦးဘဝကို ပိုင်ဆိုင်နိုင်
ခဲ့သလို ပရော်ဖက်ရှင်နယ်ကမ္ဘာကိုတော့ ၂၀၀၅ ကာလ သူအသက် ၁၆ နှစ်စွန်းစွန်း မှာတင် လှမ်း
၀င်ခွင့်ရခဲ့တာက နောက်လူငယ် တွေအတွက် အတုယူအားကျစရာပါလို့ ကောင်းချီးပေးရမှာပဲ
မဟုတ်ပါလား။

WTA တင်းနစ်မယ်တွေထဲမှာ Most Popular Player  အဖြစ် ၂၀၁၁-၁၃ အထိ သုံးနှစ်
ဆက်တိုက် တောက်ပခဲ့သူ ရဝမ်စကာဟာ WTA ရဲ့ အထူးကိုယ်စားလှယ်အဖြစ် Habitat for
Humanity လုပ်ငန်းစဉ်မှာ တက်ကြွစွာ ပါ၀င်လှုပ်ရှားခဲ့သူဖြစ်တဲ့အတွက် ပိုလန် သမ္မတ ကိုမိုရို
စကီးက ၂၀၁၃ မှာ ွသိူ ဃမသျျ သ် နြမငအ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။

အခုနှစ်ဦးမှာ နာမည်ကြီး နာရီ Rado ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုယ်စားလှယ် အဖြစ် ခန့်အပ်ခြင်း
ခံရသူ ရဝမ်စကာဟာ ထိပ်တန်း Lexus နဲ့လည်း သုံးနှစ်စာချုပ် ချုပ်ဆိုခွင့်ရခဲ့ပြီး ၂၀၁၄ ရဲ့
၀င်ငွေအကောင်း ဆုံး အမျိုးသမီး အားကစားငွေကြယ်ပွင့် တစ်ပွင့်အဖြစ် Forbes က ရွေးချယ်
ဖော်ပြခဲ့ ရပြီပဲဖြစ်ပါတယ်။

အောင်ပွဲတွေနဲ့ ဝေးကွာ နေခဲ့တာ ကာလရှည်ကြာနေပြီဖြစ်သလို အခု ၂၀၁၄ ရဲ့ ပွဲဦးထွက်
အောင်ပွဲဖြစ်တဲ့ ျွသါနမျ ဃကစ ချန်ပီယံဆုဖလား ရယူအပြီးမှာ ကမ္ဘာ့ အဆင့်(၅)တင်းနစ်
မယ်လေးက "မွန်ထရီရယ် မြေမှာ နှစ်သစ် ဆု ဖလားတစ်လုံး ပိုင်ဆိုင်ခွင့် ရခဲ့တာကို ထာဝရ
အမှတ်တရ ရှိနေမှာပါ။ ဗီးနပ်စ်ဟာ တကယ့်ကို ထူးချွန်တဲ့ ပြိုင်ဘက် ကောင်း တစ်ယောက် ပါ။
အဆင့် ၅ စာရင်းထဲ ပြန်ရောက်လာတဲ့အတွက်ပျော်ရွှင် ရသလို ဂရင်းဆလမ်ဆုဖလား တစ်လုံးမှ
မရသေးတာကို ချေဖျက် ကြိုးစားသွားဖို့ ကတိ ပြုပါတယ်"လို့ ESPN နဲ့ တွေ့ဆုံခန်းမှာ
ဆိုသွားပါတယ်။



ဖတ်ရှုမှုအများဆုံး