ဘရူနိုင်း ဘုရင့်ဖလားချန်ပီယံ မြန်မာ ယူ-၁၉ အာဆီယံ ယူ-၁၉ ၀င်ရောက်ယှဉ်ပြိုင်မည်

ဘရူနိုင်း ဘုရင့်ဖလားချန်ပီယံ မြန်မာ ယူ-၁၉ အာဆီယံ ယူ-၁၉ ၀င်ရောက်ယှဉ်ပြိုင်မည်

၂၀၁၄ ဘရူနိုင်းဘုရင့်ဖလားချန်ပီယံ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် စက်တင်ဘာလ
၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်မည့် အာဆီယံ ယူ-၁၉
ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲမတိုင်မီ အကြိုပြင်ဆင်မှု အနေဖြင့်
လာမည့် ဩဂုတ်လ ၃၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဖူးခက်၌ ထိုင်း ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲကစား
မည်ဖြစ်သည်။

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ခြောက်သင်း ပါ၀င်မည်ဖြစ်ပြီး အုပ်စု
နှစ်စု ခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် အုပ်စု(က)တွင် လက်ရှိချန်ပီယံ
အင်ဒိုနီးရှား၊ ထိုင်းအသင်းတို့နှင့် တစ်အုပ်စု တည်းကျရောက်လျက်ရှိပြီး အုပ်စု(ခ)တွင် အိမ်ရှင်
ဗီယက်နမ်၊ ဩစတြေးလျ၊ ဂျပန် အသင်းတို့ပါ၀င်သည်။

အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို ၂၀၀၂ ခုနှစ်မှ စတင်၍ ကျင်းပ ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်း
သည် ၂၀၀၅ ခုနှစ်က ချန်ပီယံတစ်ကြိမ် ဖြစ်ခဲ့သည်။ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို
ဂျာမနီနည်းပြဂတ်ဆီဇီက တာဝန်ယူကိုင်တွယ် လျက်ရှိပြီး လာမည့် အောက်တိုဘာလတွင်
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ မည့် အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲအတွက်
ရည်ရွယ်ဖွဲ့စည်းထားသော အသင်းဖြစ်သည်။

အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို အောက်တိုဘာ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရန်ကုန်နှင့်
နေပြည်တော်မြို့တို့တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး အိမ်ရှင်မြန်မာ ယူ-၁၉ အသင်းသည်
ပြိုင်ပွဲ၏ အုပ်စု(က)တွင် အီရန်၊ ထိုင်း၊ ယီမင်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်
ရှိသည်။

အုပ်စု(ခ)တွင် ဥဇဘက်ကစ္စတန်၊ ဩစတြေးလျ၊ ယူအေအီး၊ အင်ဒိုနီးရှား၊ အုပ်စု(ဂ)တွင်
တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ် အုပ်စု(ဃ)တွင် အီရတ်၊ မြောက်ကိုရီးယား၊ ကာတာ၊
အိုမန် အသင်းတို့ ပါ၀င်သည်။

ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်သော အသင်း လေးသင်းသည် ၂၀၁၅ ခုနှစ်တွင်
နယူးဇီလန် နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည်
ဖြစ်သည်။ ဂျာမနီနိုင်ငံသို့ သွားရောက်လေ့ကျင့်ခဲ့ သော မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း
သည် အာရှပြိုင်ပွဲဝင် အင်ဒိုနီးရှား ယူ-၁၉ အသင်း၊ ဂျပန် ယူ-၁၉ အသင်းတို့နှင့် ခြေစမ်း ပွဲများ
ကစားခဲ့ကာ တရုတ် ျွှနင်ညေါ ခကစ ပြိုင်ပွဲ၊ ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲတို့တွင် ၀င်ရောက်
ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြံုများစွာ ရရှိထားသော အသင်း တစ်သင်းဖြစ်သည်။

ဘရူနိုင်းဘုရင့်ဖလား ပြိုင်ပွဲတွင်လည်း ရာနှုန်းပြည့်နိုင်ပွဲများနှင့် ချန်ပီယံဖလားကို ဆွတ်ခူးနိုင်
ခဲ့သည်။



ဖတ်ရှုမှုအများဆုံး