မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၃ ခုနှစ်၊ မြန်မာ နေရှင်နယ်
လိဂ်ပြိုင်ပွဲအတွက် ဘောလုံး ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ပြီးခဲ့သည့် ဩဂုတ် ၂၆ ရက်နေ့
က ရန်ကုန် မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပပြုလုပ် ခဲ့သည်။
၂၀၁၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှ ထိပ်ဆုံးအသင်းငါးသင်း၊ ၂၀၁၃ ခုနှစ်အတွက် တစ်နှစ်
တာ အကောင်းဆုံး ကစားသမားဆု၊ အကောင်းဆုံး လူငယ် ကစားသမားဆု၊ MNL၊ MNL2 နှင့်
MNL လူငယ်ပြိုင်ပွဲများတွင် ဂိုးသွင်းအများဆုံး ကစားသမားဆု၊ MNL ရှုံးထွက်ဖလား ချန်ပီယံဆု၊
MNL နှင့် MNL2 ပြိုင်ပွဲတို့ အတွက် အသန့်ရှင်းဆုံးဆု စသည့် ဆု အမျိုးအစားပေါင်းများစွာကို
ပေးအပ် ချီးမြှင့်ခဲ့သည်။
ဦးဇော်ဇော်က "ဒီမြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကြီးကို ၂၀၀၉ ခုနှစ်ကစပြီး ငွေကြေး များစွာ
အကုန်အကျခံ ကျင်းပပြုလုပ်ရတဲ့ ရည်ရွယ်ချက်က မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကြီး
အောင်မြင်ဖို့ပါ။ ဒီတော့ ကစားသမားတွေအနေနဲ့ စည်းကမ်း ကောင်းဖို့ လိုအပ်ပါတယ်။ ဒီပြည်
တွင်း အဆင့်မှာပဲ ကျေနပ်မနေဘဲ အာဆီယံ အဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့်တွေ အထိ
သွားနိုင်အောင်ကြိုးစားရမယ်။ လက်ရွေးစင်အသင်းအတွက် နိုင်လိုစိတ် ပြင်းပြဖို့လိုပြီး ပြည်သူ
တွေ ပျော်ရွှင်ဖို့ အတွက် နိုင်ငံ့လက်ရွေးစင်အသင်း အောင်မြင်အောင် အကောင်းဆုံးပေးဆပ် ရမှာ
ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ၂၀၁၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရန်ကုန်ယူနိုက်တက်
အသင်းကို ဆုဖလားနှင့် ကျပ်သိန်း ၁,၀၀၀ ပေးအပ်ချီးမြှင့်ခဲ့သည်။ ၂၀၁၃ မြန်မာနေရှင်နယ်လိဂ်
ပြိုင်ပွဲ ဂိုးသွင်းအများဆုံးဆုနှင့် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရန်ကုန် ယူနိုက်
တက်အသင်းတိုက်စစ်မှူး ဆီဇာက ရရှိခဲ့သည်။
ဆီဇာသည် ၂၀၁၃ မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲတွင် စုစုပေါင်း သွင်းဂိုး ၂၀ အထိ သွင်းယူပေးခဲ့ပြီး
ရန်ကုန် ယူနိုက်တက်အသင်း ချန်ပီယံဖြစ်ရန် အကောင်းဆုံး ကစားနိုင်ခဲ့သော ကစား သမားဖြစ်
သည်။
"ဂိုးသွင်းအများဆုံးဆုရော၊ အကောင်း ဆုံးကစားသမားဆုပါ ရရှိတာကြောင့် အလွန်ပဲ စိတ်လှုပ်ရှား
မိသလို အရမ်းလည်း ၀မ်းသာပါတယ်။ ပြီးခဲ့တဲ့ရာသီက ရန်ကုန် ယူနိုက်တက်အသင်း ချန်ပီယံဖြစ်
အောင်အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဂိုးတွေသွင်း ပေးနိုင်ခဲ့တဲ့ အတွက် အလွန်ဂုဏ်ယူမိပါတယ်"ဟု
ဆီဇာက ပြောသည်။
မြန်မာနေရှင်နယ်လိဂ် လူငယ်ပြိုင်ပွဲ ဂိုးသွင်းအများဆုံးဆုကို ရတနာပုံအသင်း က ဇင်မင်းထွန်း၊
မြန်မာနေရှင်နယ်လိဂ်ဪ၂ ပြိုင်ပွဲ ဂိုးသွင်းအများဆုံးဆုကို ချင်း ယူနိုက်တက်အသင်းက
ကိတ်မာတူနှင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ အကောင်း ဆုံး လူငယ်ကစားသမားဆုကို
နေပြည်တော် အသင်းမှ အောင်ကျော်နိုင်တို့က ရရှိခဲ့ကြ သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ အသန့်ရှင်းဆုံးအသင်းဆုကို ကမ္ဘောဇ အသင်းနှင့် မြန်မာနေရှင်နယ်
လိဂ် -၂ ပြိုင်ပွဲ ၏ အသန့်ရှင်းဆုံးအသင်းဆုကို ယူဪ၁၉ အသင်းတို့က ရရှိခဲ့ကြသည်။














