တတိယအကြိမ်မြောက် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပပြုလုပ်မည်

တတိယအကြိမ်မြောက် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပပြုလုပ်မည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) နှင့် First Myanmar Investment
(FMI) တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ရိုးမဪ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကို
လာမည့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ပြိုင်ပွဲသည် ၂၀၁၃ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပပြုလုပ်
ခဲ့သော အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲတစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် တတိယအကြိမ်မြောက်
ကျင်းပပြုလုပ်မည် ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ လက ကျင်းပပြုလုပ်ခဲ့သော ပြိုင်ပွဲ
တွင် အပြေး သမား ၃,၀၀၀ ခန့် ပါ၀င်ခဲ့ပြီး ယခုနှစ်ပြိုင်ပွဲ တွင် အပြေးသမား ၄,၀၀၀ ခန့် ပါ၀င်ရန်
မျှော်မှန်းထားကြောင်း သိရသည်။

"Yoma Strategic အနေနဲ့ ၂၀၁၅ ရိုးမဪ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် အပြေး
ပြိုင်ပွဲကြီးကို ကျင်းပနိုင်ရေးအတွက် စိတ် လှုပ်ရှားနေမိပါတယ်။ ဒီပြိုင်ပွဲကြီးကို နှစ်စဉ် ကျင်းပခဲ့ပြီး
တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် ကောင်းမွန်လာအောင်၊ ပြိုင်ပွဲဝင်တွေ ပိုမို များပြားလာအောင်
ဆွဲဆောင်နိုင်ဖို့ အလွန် အရေးကြီးပါတယ်။ မနှစ်က ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၃,၀၀၀ ခန့် ပါ၀င်ခဲ့ပြီး
ဒီနှစ်ပြိုင်ပွဲကိုတော့ ပြိုင်ပွဲဝင် ၄,၀၀၀ လောက် ပါ၀င်လာမယ်လို့ မျှော်လင့်ထားပါတယ်"ဟု
Yoma Strategic ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောသည်။

အဆိုပါပြိုင်ပွဲတွင် အပြည့်မာရသွန် (၄၂ ကီလိုမီတာ)၊ တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ)၊
၁၀ ကီလိုမီတာနှင့် အပျော်တမ်း ငါးကီလိုမီတာ၊ သုံးကီလိုမီတာ အပြေးပြိုင်ပွဲ အမျိုးအစားများ
ပါ၀င်မည်ဖြစ်ပြီး မြန်မာ နိုင်ငံသား အားလုံးအတွက် ပြိုင်ပွဲဝင်ကြေးကို ကျပ် ၅,၀၀၀ သတ်မှတ်
ထားသည်။



ဖတ်ရှုမှုအများဆုံး