မန်ယူရဲ့ နောက်တန်းအထိုင်ကို ဝေဖန်ကြည့်ခြင်း

မန်ယူရဲ့ နောက်တန်းအထိုင်ကို ဝေဖန်ကြည့်ခြင်း

"ပရီမီယာလိဂ် မစတင်ခင်တုန်းကတော့ ကျုပ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ဘုရင်တစ်ပါးပေါ့။
၀ိုင်းဝန်းချီးကျူးလိုက် ကြတာလေ၊ အခု ပရီမီယာလိဂ်ရာသီ စတင် လိုက်တော့ ကျုပ်ဟာ မန်ယူရဲ့
သရဲသဘက် ဖြစ်သွားခဲ့ရပြီ" ဒတ်ချ်ဆရာကြီးဗန်ဟားလ် ရဲ့ သံဝေဂသံစကားပဲ ဖြစ်ပါတယ်။
မန်ယူရဲ့ ရာသီကြို အမေရိကားတိုးခရီးစဉ်မှာ မန်ယူ အောင်မြင်မှုရခဲ့တော့ ပရိသတ်က ဗန်ဟားလ်
ကို ချီးကျူးကြိုဆိုလိုက်ကြပြီး အိုးလ်ထရက် ဖို့ဒ်မှာ ဆွမ်ဆီးကို ရှုံးနိမ့်တော့၊ ဆန်းဒါး လန်းကို
အဝေးကွင်းမှာ သရေကျတော့ ပရိသတ်က ဒတ်ချ်ဆရာကြီးကို ငြိုငြင်ခဲ့ကြ ပါတယ်။

ပရိသတ်ဆိုတာကတော့ ဒီလိုပဲ ဖြစ်နေမှာပါ။ အသင်း အောင်မြင်ရင် ကျေနပ် ကြပြီး အောင်မြင်မှု
မရရင်တော့ ကျေနပ် ကြမှာ မဟုတ်ပါဘူး။ ဆာအဲလက်စ် ဖာဂူဆန် လို အမြဲတမ်း မန်ယူရဲ့ ဘုရင်
တစ်ပါးဖြစ် အောင် ဗန်ဟားလ်ဟာ လုပ်ပြနိုင်ရမှာပါ။ မလုပ်နိုင်ရင်တော့ ဒေးဗစ်မိုယက်စ်လို နန်းစွန့်
ဘုရင် ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ တကယ်ဆိုရင် ပရီမီယာလိဂ် နှစ်ပွဲကစား အပြီးမှာ မန်ယူဟာ
လေးမှတ်ရနေရမှာ ဖြစ် ပေမယ့် နိုင်ပွဲမရသေးဘဲ တစ်မှတ်ပဲ ရသေး တာကတော့ ဗန်ဟားလ်ရဲ့
တာဝန်သာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမတိုင်ခင်တုန်းက ဗန် ဟားလ်ဟာ သူ့အသင်းတွေကို
4 Back နဲ့ သာ တည်ဆောက်နေခဲ့တာပါ။ ဘရာဇီးလ် ကမ္ဘာ့ဖလားနီးလာတော့ နယ်သာလန်
အသင်းရဲ့ အားထားရတဲ့ ကစားသမား တချို့ ဒဏ်ရာရနေတဲ့အတွက် နယ်သာလန်အသင်း
နောက်တန်းကို ဘယ်လိုတည်ဆောက် ရမလဲ စဉ်းစားရင်းက နောက်ဆုံးမှာ နယ် သာလန်
အသင်းကို 3 Back အထိုင်နဲ့ ကစားဖို့ ဗန်ဟားလ် တစ်ယောက်ပြင်ဆင်ခဲ့ရတာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ဗန်ဟားလ်ရဲ့ 3 Back အထိုင်က ကမ္ဘာ့ဖလားမှာ အကျိုးအမြတ် ဖြစ်ထွန်း
သွားခဲ့ပါတယ်။ ဗန်ဟားလ် ကိုယ်တိုင်ကလည်း ခံတွင်းတွေ့သွားခဲ့ တယ် ထင်ပါတယ်။ နယ်
သာလန်စတိုင် အတိုင်း မန်ယူကို ၃ ြခေု အထိုင်နဲ့ ဆက်ပြီး တည်ဆောက်လာခဲ့တာ အခုတော့
မန်ယူရဲ့ ဘုရင်ဘဝကနေ သရဲသဘက်ဘဝကို ရောက်သွားရတာပဲဖြစ်ပါတယ်။

တကယ်တော့ပရီမီယာလိဂ်ဟာ ၃ ြခေု အထိုင် ယဉ်ပါးတဲ့ ရပ်ဝန်းမဟုတ်ပါဘူး။ ခေါက်ရိုးကျိုးနေ
တဲ့ နောက်တန်း လေးယောက်အထိုင်နဲ့သာ အသင်းတိုင်း ဟာ တည်ဆောက်ထားတာ ဖြစ်ပါ
တယ်။ ဒီလို၀န်းကျင်မှာ ဗန်ဟားလ်ဟာ စတန့်ထွင် နေသလားလို့တောင် တွေးစရာ ဖြစ်နေပါ
တယ်။ ဗန်ဟားလ်အနေနဲ့ အခုမှ ပရီမီယာ လိဂ်ကိုရောက်လာတာဖြစ်လို့ စတန့် မထွင်သင့်ခဲ့ပါဘူး။
နယ်သာလန်အသင်း ကို သူတည်ဆောက်လို့ရခဲ့ ပေမယ့် ပရီမီယာလိဂ်မှာတော့ မစမ်းသပ်သင့်
ခဲ့ပါဘူး။ အခု တော့သူ့ရဲ့ ၃ ြခေု အထိုင် တည်ဆောက်ပုံကြောင့် အသင်းလိုက်ကစားတဲ့ ပုံစံပါ
ပြောင်းလဲသွားတာကို တွေ့ လိုက်ရပါတယ်။ ၃ ြခေု အထိုင် ကတည်ငြိမ်တော့ တောင်ပံ တွေဟာ
နောက်ပြန်ဆင်းကူနေရ ပါတယ်၊အဲဒီတော့ တိုက်စစ်ပံ့ပိုး အားက အရမ်းကို အားနည်းသွားခဲ့ပြီး
တိုက်စစ်ကမကောင်းဘဲဖြစ်သွားသလို ပြိုင်ဘက်ရဲ့ ဖိအားပေးကစားခြင်းကိုပဲခံလိုက်ရတာကိုတွေ့
ခဲ့ရပါတယ်။

ဒီရာသီ မန်ယူနောက်တန်းကိုပြန်ကြည့်လိုက်ရင် စီနီယာထဲက ရာဖေးလ်နဲ့အီဗန်ပဲ ကျန်ခဲ့ပါ တယ်။
အထူးသဖြင့် နောက် တန်း အတွင်းလူတွေကို ၀ယ် ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ယောက်မှမဝယ်
ဘဲ မန်ယူ လူငယ်တွေနဲ့ ဖီးလ်ဂျုံးစ်၊ စမော လင်းတို့ကို နေရာ ပေးပြီး ပြင်ဆင်တာ ကလည်း
မှားယွင်းမှုပဲဖြစ်ပါတယ်။ အတွေ့ အကြံုနုနေသေးတဲ့သူတွေ၊ အရင်နှစ်တွေက ပုံမှန်ကစားခွင့်
မရသူတွေ ဖြစ်နေချိန်မှာ သူတို့နဲ့ အသားမကျတဲ့ ကစားဟန် ၃ ြခေု အထိုင်ကို တည်ဆောက်
လိုက်ပြန်တော့ မန်ယူနောက်တန်းဆိုတာ သာမန်အသင်း နောက်တန်းအဆင့်လောက်သာပဲ
ဖြစ်သွား ခဲ့ရပါတယ်။

အရင်က မန်ယူဆိုရင် ပြိုင်ဘက် တွေဟာ ရှိန်နေတတ်ကြပေမယ့် အခုတော့ မန်ယူဆိုရင်
ရှိန်မနေကြတော့ဘူးဆိုတာ ဆွမ်ဆီး၊ ဆန်းဒါးလန်းပွဲတွေမှာ မြင်တွေ့ ရမှာပဲဖြစ်ပါတယ်။
တကယ်ဆိုရင် ဗီဒစ်၊ ဖာဒီနန်တို့နေရာ အတွက် လူစားဖြည့်တင်းသင့်ခဲ့တာပါ။

အခု အာဂျင်တီးနားလက်ရွေးစင် ရိုဂျို ရောက်လာခဲ့ပေမယ့် ရိုဂျိုဟာ ထိပ်တန်းကစားသမား
မဟုတ်ဘူးဆိုတာကိုတော့ သိထားသင့်ပါတယ်။ ရိုဂျိုထံက အများကြီး မျှော်လင့်မထားပါနဲ့။
သူ့ရဲ့နေရာအစစ်အမှန်က နောက်တန်းဘယ်အစွန်သာ ဖြစ်ပါတယ်။ တစ်ခုရှိတာက အာဂျင်တိုင်း
တွေဟာ ၃ ြခေု အထိုင်ကစားဟန်နဲ့တော့ ယဉ်ပါးကြသူတွေဖြစ်ပါတယ်။ အင်္ဂလိပ်တွေလို မယဉ်
ပါးသူတော့ မဟုတ်ပါဘူး။ ဒီတစ်ချက်ပဲ အားသာပါတယ်။

ဗန်ဟားလ် အနေနဲ့ မန်ယူလည်း ၃ ြခေု အထိုင်နဲ့တည်ဆောက် ဖြတ်သန်းသွားမယ်ဆိုရင်
သူ့အကြောင်းကိုသိတဲ့၊ သူကလည်း ကစားသမားအကြောင်းကိုသိတဲ့ နယ်သာလန်လက်ရွေးစင်
နောက်တန်းသမားတွေကိုအလျင်အမြန် ခေါ်ယူသင့်ခဲ့တာပါ။ အခုတစ်ယောက်မှကို မခေါ်တာက
လည်း ထူးခြားမှုပဲဖြစ်ပါတယ်။ တကယ်လို့သာ တစ်ယောက်ယောက်ကို အနည်းဆုံး ခေါ်မယ်
ဆိုရင် မန်ယူရဲ့ 3 Back အထိုင်က အခုလို ဖြစ်မယ်မထင်ပါဘူး။ ဆန်းဒါးလန်းပွဲမှာ မန်ယူကစားပုံ
မဆိုးဘူးလို့ ထင်ရပေမယ့် တိုက်စစ်ကိုဘယ်လောက်ဖန်တီးပေးနိုင်စွမ်းရှိသလဲ၊ တွဲလုံးတွေ
ဘယ်လောက်အားကောင်းခဲ့ သလဲဆိုတာ ကြည့်လိုက်ရင် ဘောလုံး ပိုင်ဆိုင်မှု အသာစီးရှိတာက
လွဲရင် တိုက်စစ် ထိုးဖောက်နိုင်စွမ်းက အတော့်ကို နိမ့်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။

အခုလက်ရှိ အတိုင်းသွားနေလို့ကတော့ ဘယ်တော့မှ ထိပ်သီးပြိုင်ဘက်တွေကို စိန်ခေါ်နိုင်မှာ
မဟုတ်ပါဘူး။ ခက်တာက ခေါင်းမာတတ်တဲ့ သူ့အကျင့်ပဲဖြစ်ပါတယ်။ အဲဒီလိုခေါင်းမာနေမယ်
ဆိုရင်တော့ ဒီတစ်ရာသီပဲ အိုးလ်ထရက်ဖို့ဒ်မှာ မြင်တွေ့ရသူဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

လာမယ့်ပွဲစဉ်(၃) မှာ ဘန်လေနဲ့ အဝေးကွင်းကစားရမှာဖြစ်ပါတယ်။ အဲဒီပွဲမှာ ရလဒ်ကောင်း
မထွက်ရင်တော့ ၃ ြခေု အထိုင်ကို ပြင်ကိုပြင်ရတော့မှာ ဖြစ်ပါတယ်။ မပြင်ဘဲ ဖြတ်သန်းရင်တော့
မန်ယူဟာ အဆင့်(၄) အပြင်ဘက်က အသင်းအဖြစ် နောက်ထပ်မြင်တွေ့ရဖို့ပဲ ရှိနေတယ်လို့
ယူဆနေမိပါရဲ့...။



ဖတ်ရှုမှုအများဆုံး