ဘန်လေ - မန်ယူ (စနေ၊ ညနေ ၆း၁၅)
ဗန်ဟားလ်ကြီးလည်း အခုထိ ပရီမီယာလိဂ်မှာ နိုင်ပွဲမရသေးလို့ စိတ်ဖိစီးမှုတော့ ရှိနေပါလိမ့်မယ်။
ဒါကြောင့် အခုဘန်လေပွဲမှာ ဗန်ဟားလ်တစ်ယောက်တိုက်စစ်ကို ပြင်လာနိုင်ပါတယ်။ ဘန်လေ
အိမ်ကွင်းဖြစ် လို့ ကစားအားရှိသည့်တိုင်အောင် မန်ယူ ကို ကွင်းလယ်ပိုင်းမှာ ယှဉ်နိုင်မှာ မဟုတ်ပါ
ဘူး။ နှစ်ပွဲဆက်တိုက်ကျထားတဲ့ မန်ယူဂိုးပြတ် အနိုင်ရမယ့်ပွဲဆိုတာသေချာပါတယ်။
မန်စီးတီး - စတုတ် (စနေ၊ ည ၈း၃၀)
စတုတ်ကစားပုံက မနှစ်ကပုံစံမျိုး ဖြစ်မလာ သေးတာတွေ့ရပါတယ်။ မန်စီးတီး ဘယ် လောက်
ဂိုးသွင်းနိုင်မလဲဆိုတာပဲ စောင့်ကြည့် ရမယ့်ပွဲ ဖြစ်ပါတယ်။မန်စီးတီးက အားနည်း တဲ့ခံစစ်ကို ပြင်
ထားပြီးတိုက်စစ်က မနှစ်က တိုက်စစ်ဖြစ်လို့ ဂိုးတွေသွင်းနိုင်မှာပါ။ မန်စီးတီး နှစ်ဂိုးပြတ်မယ့်ပွဲဖြစ်
ပါတယ်။
ဆွမ်ဆီး - ၀က်စ်ဘရွန်း (စနေ၊ ည ၈း၃၀)
ဆွမ်ဆီးကတော့ နှစ်ပွဲကစား၊ နှစ်ပွဲစလုံး နိုင် ခြောက်မှတ်ရနေတဲ့အသင်းဖြစ်ပါ တယ်။၀က်စ်ဘရွန်း
က အခုထိနိုင်ပွဲမရသေး ပေမယ့် သရေနှစ်ပွဲဆက်တိုက် ကျထားပါ တယ်။ သရေကျနိုင်ပြီးဂိုးနည်း
မယ့်ပွဲဖြစ် လို့ ၀က်စ်ဘရွန်းကို ကြိုက်ပါတယ်။
ကျူပီအာရ် - ဆန်းဒါးလန်း (စနေ၊ ည ၈း၃၀)
ကျူပီအာရ်ဟာ နှစ်ပွဲကစားအပြီး ဂိုး မသွင်းနိုင်သေးဘဲ ငါးဂိုး အသွင်းခံထားရပါ တယ်။ ဆန်းဒါးလန်းကမနှစ်ကနဲ့မတူ တော့ပါဘူး။ တော်တော်လေးကို ပြောင်းလဲ သွားပြီဖြစ်ပါတယ်။
ဆန်းဒါးလန်း သရေနဲ့ အနိုင်ပါ။
နယူးကာဆယ် - ပဲလေ့စ် (စနေ၊ ည ၈း၃၀)
နယူးကာဆယ် ကစားအားကောင်းပြီး တိုက်စစ်က ဂိုးသွင်းတဲ့ အပိုင်းအားနည်းနေ လို့ ဒီပွဲမှာ
ဂိုးသွင်းနိုင်အောင် ပြင်ဆင်လာနိုင် ပါတယ်။ ပဲလေ့စ်ကတော့ တန်းပြန်ဆင်းရမှာ သေချာပါတယ်။
နယူးကာဆယ် အကောင်း ဆုံး ကစားပြီး နိုင်ပွဲရမယ့်ပွဲဖြစ်ပါတယ်။
၀က်စ်ဟမ်း - ဆောက်သမ်တန် (စနေ၊ ည ၈း၃၀)
၀က်စ်ဟမ်းဟာ စပါးကို ရှုံးပေမယ့် ပဲလေ့စ် ကို ဂိုးပြတ်နဲ့ အနိုင်ရထားလို့ အားတက်နေ ပါတယ်။
ဆောက်သမ်တန်က အသစ်တည် ဆောက်နေရပြီး အသင်းရဲ့ ကစားဟန်က တောင်ပံက
တာဆစ်ကိုပဲ အားကိုးနေတာတွေ့ရပါတယ်။ ၀က်စ်ဟမ်းအနိုင်ရ ဦးမှာပါ။
အဲဗာတန် - ချယ်လ်ဆီး (စနေ၊ ည ၁၁းဝဝ)
ချယ်လ်ဆီးကတော့ ပွဲဦးထွက်မှာအကောင်းဆုံးဖြစ်အောင်ကို ကစားနေတာ တွေ့ရပါတယ်။
ရှေ့က ကစားခဲ့တဲ့ပွဲတွေက ဘန်လေ၊ လက်စတာတန်းတက်အသင်းတွေ ဖြစ်လို့ အခုကစားမယ့်
ပွဲကတော့ အဲဗာ တန်ဆိုတော့ နည်းနည်းတော့ခက်ပါလိမ့် မယ်။ ချယ်လ်ဆီးရဲ့ခံစစ်နဲ့ တိုက်စစ်က
ဟန်ချက်ညီလို့ ဒီပွဲမှာချယ်လ်ဆီးနိုင်မှာ သေချာတဲ့ပွဲဖြစ်ပါတယ်။
စပါး - လီဗာပူး (တနင်္ဂနွေ၊ ည ရးဝဝ)
တိုက်စစ်အားပြိုင်မယ့်ပွဲ ဖြစ်ပါတယ်။ မနှစ်က အခြေအနေနဲ့ ဒီနှစ် အခြေအနေက နှစ်သင်းစလုံး
ပြောင်းလဲနေလို့ ဒီပွဲဟာအကြိတ်အနယ်ဖြစ်လာမယ့်ပွဲ ဖြစ်လာနိုင်ပါ တယ်။ စပါးက အိမ်ကွင်း
အားသာချက် အပြည့်ရှိနေတဲ့အတွက် လီဗာပူးရုန်းကန် ရနိုင်တဲ့ပွဲဖြစ်ပါတယ်။ စပါးကိုပဲ အားပေးရ
မှာဖြစ်ပါတယ်။
ဗီလာ - ဟားလ်စီးတီး (တနင်္ဂနွေ၊ ည ရးဝဝ)
ဗီလာရော၊ ဟားလ်စီးတီးပါ နှစ်ပွဲကစား အပြီးမှာရှုံးပွဲမရှိသေးဘဲ လေးမှတ်စီရနေကြ ပါတယ်။
ဒီနှစ်သင်းက ခြေသိပ်ကွာတာ မဟုတ်ပါဘူး။ သရေကျဖို့ များတဲ့ပွဲဖြစ်ပါ တယ်။ ဂိုးလည်း နည်းနိုင်
ပါတယ်။
လက်စတာ - အာဆင်နယ် (တနင်္ဂနွေ၊ ည ၉း၃၀)
လက်စတာက တန်းတက်ဆိုပေမယ့်လျှော့တွက်လို့ မရပါဘူး။ ချယ်လ်ဆီးတောင် အိမ်ကွင်းမှာ
တော်တော်လေး ကစားယူခဲ့ ရပါတယ်။ အာဆင်နယ်က အသင်းကောင်း တယ်ဆိုပေမယ့် ခံစစ်က
နှစ်ပွဲမှာ သုံးဂိုးပေး ထားရတာကိုတော့သတိပြုရမှာ ဖြစ်ပါ တယ်။ အာဆင်နယ်ရုန်းကန်ရနိုင်ပါ
တယ်။ လက်စတာကို ရွေးသင့်တဲ့ပွဲပါ။














