ရာသီအစ အဖွင့်ပွဲစဉ်မှာ ဒေါ့မွန်၊ ရှော်လ်ကေးတို့ ရှုံးနိမ့်သွားခဲ့ပြီး ၀ါဒါဘရီမင်၊ စတုဂတ်တို့
သရေကျသွားခဲ့တာကို တွေ့ရပါတယ်။ တန်းတက် ကိုလုံးနဲ့ ပက်ဒါ ဘွန်းတို့ကလည်း သရေ
တစ်မှတ်ရအောင် ယူနိုင်ခဲ့လို့ ဖရိုင်းဘတ်၊ အော့စ်ဘတ်၊ ဒေါ့မွန်တို့ အပေါ်မှာ ရောက်ရှိနေခဲ့ပြီ
ဖြစ်ပါတယ်။
အော့စ်ဘတ် - ဒေါ့မွန် (စနေ၊ နံနက် ၁းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ဒေါ့မွန် ၂-၂ အော့စ်ဘတ်
ပွဲဦးထွက်မှာ ရှုံးနိမ့်ခဲ့တဲ့ ဒေါ့မွန် ဒီပွဲမှာ မဖြစ်မနေ အနိုင်ကစားရတော့မယ်။ အဝေး ကွင်း ဖြစ်ပေ
မယ့်လည်း ဒေါ့မွန်နဲ့ နှစ်သင်း ပေါင်း သွင်းဂိုးအများကို ကြိုက်တယ်။
လေဗာကူဆင် - ဟာသာဘာလင် (စနေ၊ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ လေဗာကူဆင် ၂-၁ ဟာသာဘာလင်
လေဗာကူဆင်ဟာ တန်းစီဇယားအလယ် မှာရှိတဲ့ ဟာသာဘာလင်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
လေဗာကူဆင်အနေနဲ့ တန်းစီ ဇယားကို ဆက်လက်ဦးဆောင်ဖို့ရှိပါတယ်။
၀ုဖ်ဘတ် - ဖရန့်ဖတ် (စနေ၊ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ၀ုဖ်ဘတ် ၂-၁ ဖရန့်ဖတ်
ဘာပဲဖြစ်ဖြစ် အိမ်ကွင်းမှာနိုင်ဖို့ ၀ုဖ်ဘတ် အားထုတ်လိမ့်မယ်။ ဒါကြောင့် နှစ်သင်းပေါင်း သွင်းဂိုး
အများနဲ့ ၀ုဖ်ဘတ်က ကျိန်းသေနေ ရမယ်။
၀ါဒါဘရီမင် - ဟော့ဖန်ဟိမ်း (စနေ၊ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ၀ါဒါဘရီမင် ၃-၁ ဟော့ဖန်ဟိမ်း
ဟာသာဘာလင်ကို ၂-၂ သရေကျထားတဲ့ ၀ါဒါဘရီမင်ရဲ့တိုက်စစ်ကို လေးစားရပါလိမ့် မယ်။
ဒီပွဲစဉ်မှာလည်း နှစ်သင်းပေါင်းသွင်းဂိုး အများနဲ့အတူ အိမ်ရှင်နဲ့ ကခုန်ရမှာပါ။
စတုဂတ် - ကိုလုံး (စနေ၊ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ စတုဂတ် ၂-၁ ကိုလုံး
ပွဲစဉ်(၁) အခင်းအကျင်းအရ ဒီပွဲဟာ နှစ်သင်းပေါင်း သွင်းဂိုးနည်းမယ့်ပွဲဖြစ်ပါ တယ်။ သရေကျ
သွားနိုင်တဲ့ပွဲမို့ ကိုလုံးနဲ့ နေကြည့်ချင်ပါတယ်။
ဟမ်းဘတ် - ပက်ဒါဘွန်း (စနေ၊ ည ၈းဝဝ)
တွေ့ဆုံခဲ့မှုမရှိ
တန်းတက် ပက်ဒါဘွန်းကို လျှော့တွက်ရင် မှားသွားပါလိမ့်မယ်။ သရေကျသွားနိုင်တာမို့
ပက်ဒါဘွန်းကို အဲဒီညအားပေးရင် မမှား လောက်ဘူး။
ရှော်လ်ကေး - ဘိုင်ယန်မြူးနစ် (စနေ၊ ည ၁၁းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ဘိုင်ယန် ၅-၁ ရှော်လ်ကေး
မူလာအပြင် လီဝမ်ဒေါစကီးလည်း ရောက် လာတော့ အစဉ်အလာပိုင်းအရ ဘိုင်ယန် မြူးနစ်နဲ့ပဲ
လက်တွဲရမယ်။
မိန့်ဇ် - ဟန်နိုဗာ (တနင်္ဂနွေ၊ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ မိန့်ဇ် ၂-၀ ဟန်နိုဗာ
ပြီးခဲ့တဲ့ပွဲစဉ်မှာ မိန့်ဇ်က တန်းတက် ပက်ဒါဘွန်းကို ၂-၂ သရေကျခဲ့လို့ နှစ်သင်း ပေါင်းသွင်းဂိုး
အများနဲ့ ဟန်နိုဗာကို ရွေးချယ် ချင်ပါတယ်။
ဖရိုင်းဘတ် - မွန်ချင်ဂလက်ဘတ် (တနင်္ဂနွေ၊ ည ၁၀းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ဖရိုင်းဘတ် ၄-၂ မွန်ချင်
ဖရိုင်းဘတ်ကွင်း နောက်ဆုံးသုံးကြိမ်တွေ့ ဆုံရာမှာ ၄-၂၊ ၂-၀၊ ၁-၀ ရလဒ်တွေဖြစ်နေ တာမို့
အိမ်ရှင်နဲ့ပဲ ပူးပေါင်းချင်ပါတယ်။














