ရိုးမား-ဖီအိုရင်တီးနား (တနင်္ဂနွေ၊ နံနက် ၁း၁၅)
ဂျူဗင်တပ်တွင် နည်းပြအပြောင်းအလဲ ဖြစ်ခဲ့ပြီးနောက် ရိုးမားသည် စီးရီးအေ၌ ဗိုလ်စွဲဖို့ ရေပန်းစား
သော အသင်းဖြစ်လာ ခြင်းနှင့်အတူ ပရိသတ်အားပေးမှုပါ တိုးမြင့် ရရှိခဲ့သည်။ ဗွေဆော်ဦးနှစ်မှာပင်
ရိုးမားကို စီးရီးအေ ၌ ဒုတိယ ရအောင် ကိုင်တွယ်ခဲ့သော နည်းပြရူဒီဂါစီယာလက်ထက်တွင် ရိုးမား
သည် တည်ငြိမ်ပြီး တိုးတက်လာသည်။
ချန် ပီယံ လိဂ်နှင့် စီးရီးအေပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက် တည်း 'ဖွင့်'ကစားမည့် ရိုးမားသည် ချန်ပီယံ
လိဂ် အတွေ့အကြံုရှိသူများဖြစ်ကြသော အက်ရှ်လေကိုး (ချယ်လ်ဆီး)၊ အီမင်နျူရယ် ဆင်
(ဖူလ်ဟမ်)၊ ကီတာ (ဗလင်စီယာ)တို့ကို ခေါ်ယူအားဖြည့်ထားသည်။
ကစားသမား ခေါ်ယူမှုအရ ရိုးမားသည် အသင်းကို 'သွေးသစ်လောင်း'နိုင်ခဲ့သည်။ အသစ်ရောက်
လာသော လူငယ်ကစားသမားများသာ မူလစီစဉ်ထားသည့်အတိုင်း တိုးတက်လာပါက ရိုးမား
သည် အနာဂတ်တွင် စီးရီးအေ၌ လွှမ်းမိုးလာနိုင်သည်။
ရာသီကြို ခြေစမ်းပွဲများတွင် ရိုးမားသည် အစောပိုင်းက ခြေသွေးခဲ့သော အမေရိကန် ခရီးစဉ်တွင်
ရလဒ်သိပ်မကောင်းခဲ့သော် လည်း ဩဂုတ်လ ၁၀ ရက်မှစ၍ နှစ်ပတ်အတွင်း လေးပွဲခြေသွေးခဲ့ရာ၌
သုံးပွဲနိုင်ပြီး ၁၄ ဂိုးသွင်းယူနိုင်ခဲ့သည်။ တည်ငြိမ်သော အသင်းကို လိုအပ်သူများ ခေါ်ယူအားဖြည့်
ထားခြင်း၊ 'သွေးသစ်လောင်း'နိုင်ခြင်းများ ကြောင့် ရိုးမားခြေစွမ်းသည် ထက်မြက်လာမည်ဟု
ယူဆရမိသည်။
တစ်ဖက်တွင် ဖီအိုရင်တီးနားသည် လည်း ပြီးခဲ့သောရာသီက ခြေစွမ်းပြခဲ့သော အဓိက ဘောလုံး
သမား အားလုံးနီးပါးကို ဆက်ထိန်းနိုင်အောင် ကြိုးစားနေသည်ကို တွေ့ရသည်။ လူအင်အားဖြည့်
တင်းမှု အရ ဖီအိုရင်တီးနားနောက်တန်းသည် ပိုမိုကျစ်လျစ်လာသည်။
တစ်ဖန် ဂျာမန် လက်ရွေးစင်မာကိုမာရင် ရောက်လာသော ကြောင့်ကွင်းလယ်အင်အား တောင့်တင်း
သွားသည်။ ယမန်နှစ်က ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရသော ဂျာမန်တိုက်စစ်မှူး မာရီယိုဂိုမက်ဇ်သည်
ရာသီကြိုခြေစမ်းပွဲများတွင် ဂိုးသွင်းနိုင်ခဲ့သောကြောင့် အီတလီတိုက်စစ်မှူး ဂူဆစ်ပီရော့စီနှင့် တွဲပြီး
ခြေစွမ်းပြနိုင်ပါက ဖီအိုရင်တီးနားတိုက်စစ်သည် ထက်မြက်လာမည် ဖြစ်သည်။
ပြီးခဲ့သောရာသီက ဖီအိုရင်တီးနား၏ ကွင်းလယ် ကစားကွက် စနစ်တကျ ပုံဖော်ပြီး ချိတ်ဆက်
တိုက်စစ်ဆင်သော ကစားဟန်ကို ပရိသတ်အကြိုက်တွေ့ခဲ့သည်။ အထူးသဖြင့် ဖီအိုရင်တီးနား
သည် ကစားကွက်ဖော်ရာ တွင် ပီပြင်သောကြောင့် ဘောလုံးဆုံးရှုံးမှု နည်းပါကာ ဘောလုံးပိုင်
ဆိုင်မှု ကောင်းမွန် ပြီး ယှဉ်ပြိုင်ရခက်သော အသင်းအဖြစ် နာမည်ရခဲ့သည်။
ဖီအိုရင်တီးနား ကစား ကွက်အောက် ရောက်သွားသောအသင်း သည် နောက်တန်း 'ပွင့်ထွက်'
သွားပြီး ဂိုးများ ပေးရတတ်သည်။ ဆိုရပါလျှင် ရိုးမားရော၊ ဖီအိုရင်တီးနားပါ တိုက်စစ်ဆင်ခြင်းနှင့်
ကစားကွက်ဖော်ခြင်း တို့ ကောင်းမွန်ကြကာ ထက်မြက်သော တိုက်စစ်အင်အားစုများကို ပိုင်ဆိုင်
ထားကြ သည်။
သို့ရာတွင် အရန်အင်အားနှင့် ရှေ့၊ လယ်၊ နောက် ချိန်ခွင်လျှာ မျှတမှု အနေ အထားနှင့် အိမ်ရှင်
အားသာချက်ကို ပေါင်းစပ်လိုက်ပါက ယခုပွဲတွင် ရိုးမားကို ရွေးချယ်သင့်သည်။















