ဗလင်စီယာ - မာလာဂါ (စနေ၊ နံနက် ၂း၃၀)
လာလီဂါရဲ့ အဖွင့်ပွဲတွေကတော့ စနေပါပြီ။ စူပါဖလားပွဲမှာ ရီးယဲလ်ကိုကျော်ဖြတ် ပြီး ဗိုလ်စွဲနိုင်ခဲ့
တဲ့ အလက်တီကိုကတော့ လာလီဂါချန်ပီယံဆုကိုလည်း ဆက်ထိန်း နိုင်ဖို့အတွက် ပြန်ပြီးရေပန်း
စားလာပါ တယ်။ အဓိက ကစားသမားအချို့ကို ရောင်း ထုတ်ခဲ့ပေမယ့် အသင်းကို ပုံပျက်မသွား
အောင် ထိန်းထားနိုင်ခဲ့တဲ့ ဆီမြွန်နီရဲ့ ချန်ပီယံ ဘွဲ့ ဆက်ထိန်းရေး ကြိုးစားလာနိုင်မှုကလည်း
စိတ်ဝင်စားစရာကောင်းလာတယ်။ အဖွင့်ပွဲ တွေအနက် ဆီဗီလာကို အဝေးကွင်းမှာ သရေ ခံ
ကစားနိုင်ခဲ့တဲ့ ဗလင်စီယာနဲ့ အိမ်ကွင်းမှာ ဘီလ်ဘာအိုကို အနိုင်နဲ့ စဖွင့်နိုင်ခဲ့တဲ့ မာလာဂါရဲ့
အနေအထားဟာ ပြီးခဲ့တဲ့ရာသီ ကထက် ပိုပြီးတိုးတက်မှုပြနိုင်မယ့်ပုံစံမျိုး တော့ တွေ့နေရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ပွဲစဉ်(၂) မှာ ဒီ နှစ်သင်း ထိပ်တိုက်လာတွေ့နေတဲ့အတွက် ဒီတစ်ပတ်အတွက်
ဒီနှစ်သင်းရဲ့ယှဉ်ပြိုင်မှုကိုပဲ ဦးစားပေး ရင်ခုန်ကြည့်ချင်မိပါတယ်။
ဗလင်စီယာဟာ နည်းပြသစ် နူနိုဆန်တို နဲ့ အံဝင်နေသလို တွေ့ရတယ်။ ဂိုးသမား ဟောင်းတစ်ဦး
ဖြစ်တဲ့ ဆန်တိုဟာ အသင်းရဲ့ ခံစစ်ကြောင်းကို အသေအချာပြင်ဆင်မှု မပြုလုပ်နိုင်သေးပေမယ့်
ကွင်းလယ်နဲ့တိုက်စစ်ကစားပုံကတော့ တဖြည်းဖြည်းနဲ့ ညက်ညောမှုရှိလာတာကို တွေ့နေရတယ်။
အသင်းကလည်း လိုအပ်သလောက်အား ဖြည့်ထားမှုမျိုးတွေ လုပ်ထားနိုင်တဲ့အတွက် ပွဲဦးထွက်
ဆီဗီလာနဲ့ပွဲမှာတော့ ဗလင်စီယာရဲ့ ကစားပုံ မဆိုးဘူးလို့ပြောနိုင်တယ်။ မာလာဂါကလည်း ပွဲဦး
ထွက် အိမ်ကွင်း ပွဲကို အနိုင်နဲ့ စနိုင်ခဲ့ပေမယ့် ဘီလ်ဘာအို ကို အပြန်အလှန် လိုက်ကစားခဲ့ရတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီကထက်စာရင် အသင်း ကစားပုံဟာ မြန်ဆန်မှုနှုန်းတိုးတက်လာပြီး တိုက်စစ်
ကိုလည်း ဆန်တာခရုဇ်က အရင် ထက်ပိုပြီး ဦးဆောင်မှုပေးလာနိုင်တာ တွေ့ရတယ်။ ဒါကြောင့်
ဒီနှစ်သင်းရဲ့ အနေအထား ဟာ တစ်သင်းနဲ့တစ်သင်း သိသိသာသာကွာဟမှုမျိုးတော့ မရှိပါဘူး။
ဒါပေမဲ့ ဗလင် စီယာမှာ အိမ်ကွင်းအားသာမှုရှိနေပြီး တိုက်စစ်ပိုင်းက ဂိုးသွင်းနှုန်း ပုံမှန်ရှိနေတဲ့
အချက်ကတော့ မာလာဂါအတွက် သတိထား ရမယ့်အချက်ပါပဲ။
မာလာဂါရဲ့ ခံစစ်ကစားပုံ ကလည်း ပွဲဦးထွက် ဘီလ်ဘာအိုနဲ့ပွဲမှာ ဂိုးမပေးခဲ့ရပေမယ့်လည်း ခံစစ်
ကစားပုံက သိပ်အကောင်းကြီးလို့ပြောလို့ မရပါဘူး။ မီဂွယ်တောရက်စ်၊ ရိုဆာလက်တို့ ဦးဆောင်
နေတဲ့ မာလာဂါခံစစ်ကစားပုံဟာ ပြိုင်ဘက် အသင်းကသာ ဖိအားပေးတိုက်စစ်ကစားလာခဲ့မယ်
ဆိုရင် တည်ငြိမ်မှုအားနည်းသွား နိုင်တဲ့ အနေအထားမျိုးကို တွေ့နေရပါသေး တယ်။ ဒါပေမဲ့
ဂိုးသမားနေရာမှာတော့ ၀ါရင့်ကင်မရွန်းဂိုးသမားဖြစ်တဲ့ ကာမီနီ သူ့ရဲ့ ပုံမှန်လက်စွမ်းကို
ထိန်းထားနိုင်ဆဲဖြစ်လို့ မာလာဂါဘက်ကို လွယ်လွယ်ဂိုးရဖို့တော့ မလွယ်နိုင်ပါဘူး။
ဗလင်စီယာကတော့ ကွင်းလယ်မှာ ပီရက်တီ ဦးဆောင်ကစားနေ သလို ကွင်းလယ်ကစားကွက်
ကလည်း တည်ငြိမ် မှုရှိပါတယ်။ တိုက်စစ်မှာ ပါကိုအယ်လ်ကာဆာ ခြေစွမ်းပြနိုင်သလို ၀ါရင့်တိုက်
စစ်မှူးဖြစ်တဲ့ ပေါ်စတီဂါ၊ လူငယ်ကွင်းလယ်တိုက်စစ် သမား ဖီဂူလီတို့ဟာ ဗလင်စီယာတိုက်စစ်
အတွက် အဓိက အားထားရတဲ့ ကစားသမား တွေပါပဲ။ ဗလင်စီယာရဲ့ ကွင်းလယ်နဲ့ တိုက်စစ်
သမားတွေရဲ့ ခပ်ဖြည်းဖြည်း ခပ်မှန်မှန်နဲ့ ဘောလုံးကို အပေးအယူလုပ်ပြီး ကစားကြပုံ ကလည်း
မာလာဂါထက်စာရင်ပိုပြီး တည်ငြိမ် မှုရှိတယ်လို့ ပြောနိုင်တယ်။ ကွင်းလယ်ပိုင်းက တိုက်စစ်အတွက်
ဂိုးရဖို့ ပံ့ပိုးမှုမျိုးကိုလည်း မာလာဂါထက်စာရင် ပိုပြီးဖန်တီးနိုင်တာကို တွေ့ရတယ်။
နည်းပြပိုင်း အပြောင်းအလဲတွေ လုပ်ထား လို့ အသင်းတွေရဲ့ နည်းဗျူဟာပိုင်းကလည်း လိုက်ပြီး
ပြောင်းလဲသွားနိုင်မယ့် အနေအထား မျိုး ရှိနိုင်တယ်။ ဒါကြောင့်လည်း တိုက်စစ်ပိုင်းနဲ့ ကစားကွက်
ပုံဖော်မှုအပိုင်းမှာ ပိုညက်ညော မှုရှိတဲ့ ဗလင်စီယာရဲ့ကစားပုံက မာလာဂါကို ပိုပြီး ဖိအားပေးနိုင်ဖို့
များမယ် ထင်ပါတယ်။ မာလာဂါတိုက်စစ်ဟာ အားရစရာမရှိပါဘူး။ ဒါကြောင့်လည်း ဒီပွဲအတွက်
ဗလင်စီယာနဲ့ ဂိုးအနည်းကိုပဲ ရွေးရမယ်ထင်ပါတယ်။
အခြားပွဲစဉ်များ
စနေ၊ နံနက် ၀၀း၃၀
ဂီတာဖေး - အယ်လ်မီရီယာ *
စနေ၊ ည ၁၁း၃၀
ဘီလ်ဘာအို - လီဗန်တေး *
* ကော်ဒိုဘာ - ဆယ်လ်တာ
တနင်္ဂနွေ၊ နံနက် ၁း၃၀
* အလက်တီကို - အိုင်ဘာ
တနင်္ဂနွေ၊ နံနက် ၃း၃၀
အက်စ်ပန်ညို - ဆီဗီလာ*
တနင်္ဂနွေ၊ ည ၁၁း၃၀
ဗီလာရီးယဲလ် - ဘာစီလိုနာ*
တနင်္လာ၊ နံနက် ၁း၃၀
* ဒီပို့တီဗို - ရာယို
ဆိုစီဒက် - ရီးယဲလ် *
တနင်္ဂနွေ၊ နံနက် ၃း၃၀
* အယ်လ်ချီ - ဂရန်နာဒါ














