ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိ သော PFF Peace Cup 2014 ပြိုင်ပွဲ၏ ဆီးမီး
ဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေး စင် အသင်းနှင့် ပါလက်စတိုင်းအသင်းတို့ ပြီးခဲ့သည့် စက်တင်
ဘာ ၃ ရက်က ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာအသင်းက ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲ
သို့ တက် ရောက်နိုင်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် အသင်းသည် သီဟစည်သူ၊ ဇော်မင်းထွန်း၊ ဒေးဗစ်ထန်၊
ကျော်ဇေယျာဝင်း၊ ကျော်ကိုကို အစရှိသော အမာခံကစားသမားများဖြင့် ပါလက်စတိုင်းအသင်း
ကို ရင်ဆိုင်ခဲ့သည်။
မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ၂၇ မိနစ်နှင့် ၅၅ မိနစ်တို့တွင် ကျော်ဇေယျာ ၀င်း၊ ၃၇ မိနစ်
တွင် တင်ဝင်းအောင်၊ ရ၂ မိနစ်တွင် နန္ဒလင်းကျော်ချစ်တို့က သွင်းယူ ပေးခဲ့သည်။
အဆိုပါပြိုင်ပွဲကို ဖိလစ်ပိုင်ဘောလုံး အဖွဲ့ချုပ်က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အိမ်ရှင်ဖိလစ်ပိုင်အသင်း၊
တရုတ် (တိုင်ပေ)အသင်း၊ မြန်မာအသင်းနှင့် ပါလက်စတိုင်း အသင်းတို့ ပါ၀င်ယှဉ်ပြိုင်လျက်ရှိသည်။
မူလကပြိုင်ပွဲကို အုပ်စုပတ်လည်စနစ်ဖြင့် တစ်သင်းလျှင် သုံးပွဲစီကစားရန် စီစဉ်ခဲ့သော်လည်း ဖီဖာ၏
စည်းမျဉ်း စည်းကမ်း သစ်အရ ဆီမီးဖိုင်နယ်အဆင့် စတင် ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။
စက်တင်ဘာ ၆ ရက်တွင် ကျင်းပ ပြုလုပ်မည့် ဗိုလ်လုပွဲစဉ်တွင် မြန်မာ အသင်းသည် ဖိလစ်ပိုင်နှင့်
တရုတ် (တိုင်ပေ) ပွဲစဉ်မှ အနိုင်ရရှိသော အသင်းနှင့် တွေ့ဆုံ မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်
အသင်းကို နည်းပြ ချုပ်အဖြစ် အေဗရာမိုဗစ်က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး အဆိုပါပြိုင်ပွဲသို့
ကစားသမား ၂၂ ဦးဖြင့် သွားရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ပါလက်စတိုင်းအသင်းကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်း
ကြောင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်သကဲ့သို့ မေလအတွင်း ကျင်းပပြုလုပ်ခဲ့သော
AFC Challenge Cup ပြိုင်ပွဲတွင် ပါလက်စတိုင်း အသင်းကို ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့သော
ရှုံးကြွေးကိုလည်း ဆပ်နိုင် ခဲ့သည်။















