မြန်မာ အားကစားသမားများအတွက် ရှင်ဟန် ဘဏ်က အားကစားဝတ်စုံများ ထောက်ပံ့

မြန်မာ အားကစားသမားများအတွက် ရှင်ဟန် ဘဏ်က အားကစားဝတ်စုံများ ထောက်ပံ့

(၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်
အားကစားသမားများအတွက် တောင်ကိုရီး ယားနိုင်ငံ အခြေစိုက် Shinhan ဘဏ်က အားကစား
၀တ်စုံနှင့် ခရီးဆောင်အိတ်များ ပေးအပ်ပွဲအခမ်းအနားကို ပြီးခဲ့သည့် စက်တင် ဘာ ၃ ရက်က
သုဝဏ္ဏ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

Shinhan ဘဏ်အနေဖြင့် (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်
အားကစားသမားများ ရလဒ်ကောင်းများရရှိစေလိုသော ရည်ရွယ်ချက်ဖြင့် အားကစားဝတ်စုံများ
ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း Shinhan ဘဏ်မှ Chief Representative Mr. Hong Suk Woo
က ပြောသည်။

"မနှစ်က နေပြည်တော်မှာ ကျင်းပပြုလုပ် ခဲ့တဲ့ ဆီးဂိမ်းဖွင့်ပွဲကြီးကို တက်ရောက်ခဲ့ တုန်းက
ခမ်းနားကြီးကျယ်မှုကိုမြင်ပြီး အရမ်း ပဲ အံ့ဩဝမ်းသာခဲ့ရပါတယ်။ ဒီတစ်ကြိမ် ကိုရီးယားနိုင်ငံ
အင်ချွန်းမြို့မှာ ကျင်းပမယ့် (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကြီး မှာလည်း မြန်မာ့
လက်ရွေးစင်အားကစားသမား တွေ ဆုတံဆိပ်များစွာ ဆွတ်ခူးနိုင်ပြီး မြန်မာ့ အားကစားကို
ကမ္ဘာက သိအောင်ချပြနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်" ဟု Mr. Hong Suk Woo က
ပြောသည်။

(၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ကို တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် လာမည့်
စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာလ ၄ ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် နိုင်ငံ ပေါင်း ၅၄ နိုင်ငံမှ အားကစားသမား စုစုပေါင်း ၅၀,၀၀၀ ခန့် ပါ၀င်ယှဉ်ပြိုင်ကြမည်
ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားသမားနှင့် အုပ်ချုပ် သူ၊ နည်းပြစုစုပေါင်း ၁၃၄ ဦးဖြင့် ၀င်ရောက်
ယှဉ်ပြိုင်သွားမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး