၂၀၁၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၀န်ကြီးချုပ်ဖလား အားကစားပြိုင်ပွဲများ ဖွင့်ပွဲ
အခမ်းအနားကို ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံ လေလုံ အားကစား
ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
၀န်ကြီးချုပ်ဖလား အားကစားပြိုင်ပွဲကြီး တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဟော်ကီ ပြိုင်ပွဲ၊ သေနတ်
ပစ်၊ စစ်တုရင်၊ မီနီမာရသွန်၊ စက်ဘီး၊ အေရိုးဗစ်၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ ကြက်
တောင် စသည့် အားကစား နည်းများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး လက်ရှိတွင် ဟော်ကီ၊
စစ်တုရင်နှင့် သေနတ်ပစ် ပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ဟော်ကီပြိုင်ပွဲ ကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာလ ၁၄ ရက်အထိ
သိမ်ဖြူ ဟော်ကီအားကစား ကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိပြီး ပြိုင်ပွဲဝင် အသင်း ၁၁ သင်း
၀င်ရောက်ယှဉ်ပြိုင်လျက် ရှိသည်။
သေနတ်ပစ်ပြိုင်ပွဲကို ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ မြောက်ဒဂုံ သေနတ်ပစ်ကွင်း
တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်း ၂၄ သင်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။
စစ်တုရင် ပြိုင်ပွဲကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၆ ရက်အထိ အောင်ဆန်းကွင်းတွင် ကျင်းပ
လျက်ရှိပြီး ပြိုင်ပွဲဝင်အသင်း ၂၁ သင်း ယှဉ်ပြိုင် လျက်ရှိသည်။














