ခုနစ်နှစ်ကြာ ဆုဖလားနှင့် ဝေးကွာနေမှုကို အဆုံးသတ် နိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း

ခုနစ်နှစ်ကြာ ဆုဖလားနှင့် ဝေးကွာနေမှုကို အဆုံးသတ် နိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံး အသင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့မှ
၆ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ တွင် ကျင်းပပြုလုပ်ခဲ့သော ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလားကို
ဆွတ်ခူးပြီးနောက် နိုင်ငံတကာပြိုင်ပွဲများတွင် ခုနစ်နှစ်ကြာ ဆုဖလားနှင့် ဝေးကွာနေမှုကို
ရပ်တန့်နိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း သည် ၂၀၀၆ မလေးရှား မာဒေးကားဖလားပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲပြီးနောက် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုနှင့် ဝေးကွာနေခဲ့ခြင်းဖြစ်သည်။
အဆိုပါဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလားပြိုင်ပွဲတွင် အိမ်ရှင် ဖိလစ်ပိုင်၊ မြန်မာ၊ ပါလက်စတိုင်းနှင့်
တရုတ် (တိုင်ပေ) အသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏
စည်းမျဉ်းစည်းကမ်းအသစ်အရ ပြိုင်ပွဲကို ဆီမီးဖိုင်နယ်ပွဲစဉ်မှ စတင်ယှဉ်ပြိုင်ခဲ့ကြ သည်။

မြန်မာအသင်းသည် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ပါလက်စတိုင်းကို ၄ဪ၁ ဂိုး၊ ဗိုလ်လု ပွဲစဉ်တွင်
အိမ်ရှင်ဖိလစ်ပိုင်အသင်းကို ၃ဪ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဆုဖလားကို ဆွတ်ခူး နိုင်ခဲ့ခြင်း
ဖြစ်သည်။

အားကစားဝန်ကြီး ဦးတင့်ဆန်းက ကစားသမားများ စည်းကမ်းရှိရှိနေထိုင်ကြရန်နှင့် ၂၀၁၅
ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

"ဒီလိုမရတာကြာပြီဖြစ်တဲ့ အောင်မြင်မှု တွေကို ပြန်လည်ရယူပေးတဲ့အတွက် လက်ရွေးစင်
ကစားသမားတွေကို အထူးကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲ ကြီးမှာ မြန်မာနိုင်ငံက အခြားအားကစားတွေမှာ အောင်မြင်ခဲ့ပေမယ့် ဘောလုံးမှာ အောင်မြင်မှုတွေမရတာကြောင့်
ပြည်သူတွေအားလုံး ခံစားခဲ့ရပါတယ်။

ဒါကြောင့် လာမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ ဘောလုံးအားကစားကနေ အောင်မြင်မှုတွေရဖို့ ကြိုးစားကြပါ။
ကစားသမားတွေအနေနဲ့ စည်းကမ်းရှိရှိနေထိုင်ပြီး နိုင်ငံအတွက် နောက်ထပ် ဆုဖလားတွေရရှိ
အောင် ကြိုးစားလေ့ကျင့်ဖို့ လိုပါတယ်"ဟု ဦးတင့်ဆန်းက ပြောသည်။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဦးဇော်ဇော်က "ဘောလုံးအားကစားနည်းက နိုင်ငံရဲ့ဂုဏ် တစ်ခုပါ။ မြန်မာနိုင်ငံမှာ ပရော်ဖက်ရှင်
နယ် လိဂ်ပြောင်းပြီးနောက်ပိုင်းမှာ မြန်မာ့ လက်ရွေးစင်အသင်းဟာ အောင်မြင်မှုတွေ နဲ့ ဝေးကွာ
ခဲ့ရပါတယ်။ ကျွန်တော်တို့ပြုပြင် ပြောင်းလဲမှုတွေ အများကြီးလုပ်ခဲ့ရပါတယ်။ ဒီလိုအခက်အခဲ
တွေကြားက ဖိလစ်ပိုင်မှာ ဆုဖလားရယူပြီး အောင်မြင်မှုတွေ ရယူနိုင် ခဲ့တဲ့အတွက် ကစားသမား
တွေအားလုံးကို ဂုဏ်ပြုပါတယ်။ ကျေးဇူးလည်းတင်ပါတယ်" ဟု ပြောသည်။

ဖိလစ်ပိုင်နှင့် ဗိုလ်လုပွဲစဉ်တွင် မြန်မာအသင်းအတွက် အရေးပါသော အနိုင်ဂိုးကို သွင်းယူပေးခဲ့
သော မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး စိုးမင်းဦးက လက်ရွေးစင်အသင်းတွင် ဖိအားတွေအများ
ကြီးရှိခဲ့ ကြောင်း ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းက နိုင်ငံ တကာပြိုင်ပွဲတွေမှာ အောင်မြင်မှုမရတဲ့ အတွက် တာဝန်
မကျေသလို ခံစားခဲ့ရပါ တယ်။ သွားပြိုင်တိုင်း ရလဒ်မကောင်းခဲ့တာ ကြောင့် လက်ရွေးစင်
အသင်းရဲ့ကစားသမား တွေအားလုံး ဖိအားတွေ ရှိပါတယ်။ဒါပေမဲ့ ဒီအောင်မြင်မှုက ကျွန်တော်
တို့အတွက် အားဖြစ်စေပါတယ်။ လက်ရွေးစင်အသင်း အနေနဲ့ မကြာမီ ဆူဇူကီးဖလားခြေစစ်ပွဲ
၀င်ရပါမယ်။ဒီပြိုင်ပွဲကလည်း ခက်ခဲနိုင်တယ်ဆိုပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစား
သွားမှာပါ"ဟု ပြောသည်။

"ဒီပြိုင်ပွဲက နှစ်ပွဲပဲ ကစားခဲ့ရတယ်ဆိုပေမယ့် ပြိုင်ဘက်တွေက အသင်းကောင်း တွေဖြစ်တာ
ကြောင့် ခက်ခဲခဲ့ပါတယ်။ ဒီလို အောင်မြင်မှုရတဲ့အတွက်လည်း အသင်း သားအားလုံးကို
ကျေးဇူးတင်ပါတယ်။ ဒီအောင်မြင်မှုနဲ့ ရပ်တန့်မနေပဲ နောက်ထပ် ဆုဖလားတွေရရှိအောင်
အစွမ်းကုန်ကြိုးစား သွားမယ်လို့ မြန်မာ့လက်ရွေးစင် အသင်း သားအားလုံးကိုယ်စား ပြောချင်
ပါတယ်"ဟု မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် ခင်မောင်လွင်က ပြောသည်။



ဖတ်ရှုမှုအများဆုံး