သဲသောင်ပြင် ဘောလုံး မြန်မာ့လက်ရွေးစင် အသင်းအတွက် လူရွေးချယ်ပွဲများ ပြုလုပ်မည်

သဲသောင်ပြင် ဘောလုံး မြန်မာ့လက်ရွေးစင် အသင်းအတွက် လူရွေးချယ်ပွဲများ ပြုလုပ်မည်

လာမည့် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွမ်တန် မြို့တွင်
ကျင်းပပြုလုပ်မည့် သဲသောင်ပြင် ဘောလုံးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်
သဲသောင်ပြင်ဘောလုံး အသင်း ဖွဲ့စည်းရန်အတွက် လူရွေးပွဲများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့
ချုပ်မှ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

အဆိုပါ သဲသောင်ပြင် ဘောလုံးပြိုင်ပွဲ AFF FELDABeach Soccer Champion-ship 2014 ကို
အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) နှင့် မလေးရှားပြည်ထောင်စု မြေယာ ဖွံ့ဖြိုးတိုးတက်ရေး
အာဏာပိုင်အဖွဲ့ (FELDA) တို့ ပူးပေါင်း၍ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး
အိမ်ရှင် မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊လာအို၊ ထိုင်း၊ ဗီယက်နမ် အသင်းများအပြင်
FELDA မှ အသင်းတစ်သင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

လူရွေးပွဲဝင်ရောက်လိုသော အသင်းများ သည် အုပ်ချုပ်သူ၊ နည်းပြ ငါးဦးနှင့် ကစား သမား ၁၀ ဦး
အထိ ပါ၀င်နိုင်မည်ဖြစ်ပြီး စက်တင်ဘာ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့
ချုပ်သို့ စာရင်း ပေးသွင်းရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် သဲသောင်ပြင် ဘောလုံးအသင်း
အတွက် လူရွေးပွဲကို စက် တင်ဘာလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရန်ကုန်မြို့၊ သုဝဏ္ဏပန်းခြံ
သဲကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

လူရွေးပွဲ ဖြစ်သောကြောင့် ပြိုင်ပွဲဝင်ကြေး အခမဲ့ဖြစ် သလို ဆုကြေးငွေလည်း ပေးအပ်ချီးမြှင့်မည်
မဟုတ်ကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး