ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ရှင်ဗီယက်နမ် အသင်းနှင့် မြန်မာအသင်း တွေ့ဆုံမည်

ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ရှင်ဗီယက်နမ် အသင်းနှင့် မြန်မာအသင်း တွေ့ဆုံမည်

ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော AFF U-19 Championship 2014 ဘောလုံးပြိုင်ပွဲ
၏ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာ ယူဪ၁၉ အသင်းနှင့် အိမ်ရှင် ဗီယက်နမ် အသင်းတို့သည်
စက်တင် ဘာလ ၁၁ ရက်နေ့၊ မြန်မာ စံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ယှဉ်ပြိုင်ကစား ကြ
မည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်း သည် ပြိုင်ပွဲ၏ အုပ်စု(က) တွင် ထိုင်း ယူဪ၁၉ အသင်း၊ အင်ဒိုနီးရှား
ယူ-၁၉ အသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ထိုင်းအသင်းကို ၂ဪ၁ ဂိုးဖြင့်လည်း
ကောင်း၊ အင်ဒိုနီးရှားအသင်းကို သုံးဂိုးဪဂိုးမရှိဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ပြီး အုပ်စုပထမ
အဖြစ် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အခြားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဂျပန် ယူဪ၁၉ အသင်းနှင့် ထိုင်း ယူဪ၁၉ အသင်း တို့က
ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူဪ၁၉ အသင်းကို ဂျာမနီနည်းပြ
ဂတ်ဆီဇီက တာဝန်ယူကိုင်တွယ် လျက်ရှိပြီး လာမည့် အောက်တိုဘာလတွင် မြန်မာနိုင်ငံ၌
အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် အာရှ ယူဪ၁၉ ချန်ပီယံ ရှစ်ပြိုင်ပွဲအတွက် ရည်ရွယ်
ဖွဲ့စည်းထားသော အသင်း ဖြစ်သည်။

အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို အောက် တိုဘာ ၉ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ရန်ကုန်နှင့်
နေပြည် တော်မြို့များတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး အိမ်ရှင် မြန်မာ ယူဪ၁၉ အသင်း
သည် ပြိုင်ပွဲ၏အုပ်စု (က)တွင် အီရန်၊ ထိုင်း၊ ယီမင်အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်
လျက်ရှိသည်။

မြန်မာ့လက်ရွေးစင် ယူဪ၁၉ အသင်းသည် ပြီးခဲ့သည့် ဩဂုတ်လက ဘရူနိုင်းဘုရင့်ဖလား
ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး