ပိုင်ရှင်၊ စီအီးအို၊ အားကစား ဒါရိုက်တာ၊ မန်နေဂျာ၊ ကစားသမားတို့ရဲ့ အရှင်သခင်

ပိုင်ရှင်၊ စီအီးအို၊ အားကစား ဒါရိုက်တာ၊ မန်နေဂျာ၊ ကစားသမားတို့ရဲ့ အရှင်သခင်

၂၀၁၄-၁၅ ဘောလုံးရာသီရဲ့ နွေရာသီ အပြောင်းအရွှေ့ ပြီးဆုံးသွားတော့ ပရီမီယာ လိဂ်ဟာ
တခြားသောလိဂ်တွေထက်ပိုပြီး ကစားသမားတွေကို ၀ယ်ယူသွားနိုင်ခဲ့ပါ တယ်။ ပရီမီယာလိဂ်
နွေရာသီအသုံးစရိတ် က ပေါင် ၈၃၅ သန်းတောင် သုံးစွဲသွားတာ ဖြစ်ပါတယ်။

လာလီဂါက ပေါင် ၄၂၅ သန်း သုံးပြီး ဒုတိယလိုက်ကာ စီးရီးအေက ပေါင်သန်း ၂၆၀၊ ဘွန်ဒက်စ်
လီဂါက ပေါင် သန်း ၂၅၀၊ ပြင်သစ်လီဂူးက ပေါင်သန်း ၁၀၀ သုံးစွဲသွားခဲ့ပါတယ်။ ဒါဟာ ဥရောပ
ဘောလုံးလိဂ်ကလပ်တွေရဲ့ ဘောလုံး စီးပွား ရေးရဲ့ ပြယုဂ်ပဲဖြစ်ပါတယ်။

ပရီမီယာလိဂ် မှာ ငွေအများဆုံးသုံးသွားတဲ့ အသင်းက နာမည်ကြီး မန်ယူအသင်းပဲဖြစ်ပါတယ်။
မန်ယူဟာ ၁၅၃ ဒသမ ၃ သန်းသုံးစွဲရင်းနှီး မြှုပ်နှံသွားတာဖြစ်ပါတယ်။ အနည်းဆုံး သုံးစွဲသွားတဲ့
အသင်းက စတုတ်အသင်း ဖြစ်ပြီး ပေါင် ၃ ဒသမ ၄ သန်းသာ သုံးသွား ခဲ့ပါတယ်။ ပရီမီယာလိဂ်
အပြောင်းအရွှေ့ မှာ ဈေးအမြင့်ဆုံးကစားသမားကတော့ မန်ယူက ခေါ်လိုက်တဲ့ ဒီမာရီယာပဲ ဖြစ်
ပါတယ်။သူ့ရဲ့အပြောင်းအရွှေ့က ပေါင် ၅၉ ဒသမ ရ သန်းပဲဖြစ်ပါတယ်။ ဒီလို မြောက်မြား လှတဲ့
ငွေကြေးသုံးစွဲမှုအပိုင်းမှာ အမြတ် ထွက်ခဲ့တဲ့သူတွေကတော့ အေးဂျင့်လို့ ခေါ်တဲ့ ဘောလုံးပွဲစား
တွေပဲ ဖြစ်ပါတယ်။ကလပ်အသင်းတွေအနေနဲ့၊ ကစားသမားတွေအနေနဲ့၊ နည်းပြတွေအနေနဲ့
ပွဲစားကောင်းတွေကို မရှာဖွေနိုင်ဘူးဆိုရင်တော့ ခံသွားရမှာဖြစ်လို့ အပြောင်းအရွှေ့ရောက်
လာရင်တော့ ဘောလုံးပွဲစားတွေဟာ အလုပ်ဖြစ်နိုင်ဖို့ အလုပ်ရှုပ်ကြတဲ့ အချိန် ကာလပဲဖြစ်ပါ
တယ်။

ဒီနွေရာသီမှာ မြိုးမြိုး မြက်မြက် အမြတ်ထွက်သွားတဲ့ အေးဂျင့် (ပွဲစား)ကတော့ ပေါ်တူဂီလူမျိုး
အသက် ၄၆ နှစ်အရွယ် ဂျော့မန်ဒက်ဇ် ဆိုသူပဲဖြစ်ပါ တယ်။ အခုအချိန်မှာတော့ ဂျော့မန်ဒက်ဇ်
ဟာ ဘောလုံးကလပ်အသင်းပိုင်ရှင်တွေ၊ စီအီးအိုတွေ၊ အားကစားဒါရိုက်တာတွေ၊ ဘောလုံး
နည်းပြ မန်နေဂျာတွေ၊ ကစားသမားတွေရဲ့ ယုံကြည်ရဆုံးဖြစ်နေခဲ့ပါတယ်။

ဒီနွေမှာ မန်ယူ၊ ရီးယဲလ်မက်ဒရစ်၊မန်စီးတီးတို့ကြောင့် (ပွဲခ)ပေါင်သန်း ၂၀ တောင် ရရှိသွားတဲ့
ထိပ်တန်းအေးဂျင့် တစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဂျော့မန်ဒက်ဇ်ဟာ ဘောလုံးသမား၊
နည်းပြ အပြောင်းအရွှေ့ကနေ ရတဲ့(ပွဲခ)က (တစ်ဘီလျံကျော်)တောင် ပိုင်ဆိုင်လာတဲ့ သူတစ်ဦး
ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

အခုပြီးခဲ့တဲ့ ဩဂုတ်၊ စက်တင်ဘာ နှစ်လ အတွင်းမှာတောင် ပေါင်သန်း ၂၀ ရခဲ့တယ် ဆိုတော့
သူ့ကိုယုံကြည်တဲ့သူတွေက ဘောလုံးလောကမှာ အများအပြားရှိခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။
ပေါ်တူဂီ လူမျိုးနည်းပြ မော်ရင်ညိုကတော့ အေးဂျင့် လောကမှာ အတော်ဆုံးအေးဂျင့်တစ်ယောက်
လို့ ပြောဆိုလိုက်သလို ပေါ်တူဂီကစားသမား စီရော်နယ်ဒိုကလည်း ဖြောင့်မတ်ပြီး ရိုးသားမှုရှိတဲ့
အေးဂျင့်တစ်ယောက်လို့ မှတ်ချက်ပေးထားခဲ့ပါတယ်။ ဂျော့မန်ဒက်ဇ် ဟာ ပြီးခဲ့တဲ့ ဩဂုတ်၊
စက်တင်ဘာ အပြောင်း အရွှေ့ကာလအတွင်းမှာ ထိပ်တန်းကစား သမားငါးဦးကို ပေါင် ၂၀၈
ဒသမ ၅ သန်းဖိုး အပြောင်းအရွှေ့လုပ်ပေးခဲ့လို့ ပေါင်သန်း ၂၀ (ပွဲခ)ရသွားခဲ့တာပဲဖြစ်ပါတယ်။

သူလုပ် ပေးခဲ့တဲ့ကစားသမားတွေက ဂျိမ်းစ်ရိုဒရီ ဂွက်ဇ်(ပေါင် ၆၃ သန်း၊ မိုနာကို-ရီးယဲလ်)၊
ဒီမာရီယာ(ပေါင်သန်း ၆၀၊ ရီးယဲလ်- မန်ယူ)၊ ဒီယေဂိုကော်စတာ (ပေါင် ၃၂ သန်း၊ အလက်တီကို
-ချယ်လ်ဆီး)၊ မန်ဂါလာ(ပေါင် ၃၂ သန်း၊ ပေါ်တို-မန်စီးတီး)၊ ဖယ်လ်ကာအို (အငှားကြေး ပေါင်
ခြောက် သန်း၊ မိုနာကို-မန်ယူ) တို့ပဲဖြစ်ပါတယ်။ ၁၉၉၆ မှာ ဘောလုံးအေးဂျင့်လောကထဲကို
မထင်မရှားရောက်လာတဲ့ ဂျော့မန်ဒက်ဇ် ဟာ ၁၉၉၆ ကနေ ၂၀၁၄ စက်တင်ဘာ အထိ သူလုပ်
ပေးခဲ့တဲ့ ပြောင်းရွှေ့ကြေး စုစုပေါင်းဟာ ပေါင် ၁,၀၆၈,၃၇၀,၅၄၈ အထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့်လည်း (ပွဲခ) တစ်ဘီလျံကျော်အထိ ချမ်းသာလာ တာဖြစ်ပါတယ်။ တကယ်လို့ ဂျော့မန်
ဒက်ဇ်ကို အပြင်မှာ တွေ့လိုက်မယ်ဆိုရင်တော့ သူ့မှာထင်ရှား တာက မိုဘိုင်းဖုန်းလေးလုံးကို
ကိုင်ထားတာ ကို တွေ့ရမှာဖြစ်ပြီး ဖုန်းတွေနဲ့ အလုပ်ရှုပ် နေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။

မိခင်ပေါ်တူဂီဘာသာစကားအပြင် အင်္ဂလိပ်၊စပိန်၊ ပြင်သစ်၊ အီတလီ ဘာသာစကားလေးမျိုးကို
တတ်မြောက်ထားသူပဲ ဖြစ်ပါတယ်။ သူလုပ်နေတဲ့လုပ်ငန်းအတွက်ဆိုရင် သူမတတ်မြောက်သေး
တာ ဂျာမန်ဘာသာ စကားတစ်ခုသာ ကျန်ရှိပါတော့တယ်။ ဒါကြောင့်လည်း သူ့ရဲ့ကစားသမား
အများစု ဟာ ဘွန်ဒက်စ်လီဂါရောက်တဲ့သူ နည်းပြီး စပိန်နဲ့ အင်္ဂလန်တို့မှာ များတာပဲဖြစ်ပါတယ်။

အခုအချိန်မှာ အိမ်ထောင်သည်၊ကလေးငါးဦးတို့ရဲ့ဖခင် ဂျော့မန်ဒက်ဇ်ကို ကြည့်လိုက်ရင်တော့
နာမည်ကြီးအေးဂျင့် ဂျိုဆေးဘိုင်ဒက်လို အသိုင်းအဝိုင်းကြီးကြီး က မွေးလာသူတစ်ယောက်
မဟုတ်ခဲ့ပါဘူး။

သဘာဝဓာတ်ငွေ့စက်ရုံ အလုပ်သမားတစ်ယောက်ရဲ့သား၊ အသက် ၂၀ မှာ ဆီမီး ပရိုဘောလုံး
သမားဖြစ်ခဲ့ပေမယ့် ပရိုအဆင့် အထိတော့ အရွေးမခံခဲ့ရပါဘူး။ အဲဒီတော့ သူဟာ ဗီဒီယိုအငှား
ဆိုင်လေးဖွင့်ပြီး ရပ်တည် ဖို့ကြိုးစားလိုက်ရပါတယ်။ ဒီဂျေသင်တန်းတက်ပြီးတဲ့အခါမှာ သူဟာ
ပေါ်တူဂီ မြောက်ပိုင်းက ကမ်မင်ညာမြို့ကိုသွားပြီး ကလပ်ဖွင့်လိုက်တာက ဘောလုံးအေးဂျင့်
ဖြစ်လာဖို့ အကြောင်းဖန်လာခဲ့တာပဲ ဖြစ် ပါတယ်။ သူ့ကလပ်ကို လာလာနေတဲ့ ဘောလုံးသမား
တစ်ဦးက ဂွီမာရေ့စ်ကလပ် ဂိုးသမားနူနိုပဲဖြစ်ပါတယ်။

နောက်တော့ မန်ဒက်ဇ်နဲ့ ရင်းနှီးပြီး ၁၉၉၆ ခုနှစ်ရဲ့တစ်နေ့ မှာတော့ သူက နူနိုကို လာလီဂါ
ပြောင်းမလား၊ သူကြိုးစားပေးမယ်လို့ ပြောဆိုလိုက် ရာက နောက်ဆုံးမှာ နူနိုဟာ လာလီဂါ
ကလပ် ဒီပို့တီဗိုကို ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ ဂျော့မန်ဒက်ဇ်ဟာ ဘောလုံး လောကမှာ
ဆရာကျတဲ့ အေးဂျင့်အလုပ်ကို လုပ်ဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး