မန်ယူ နိုင်ပွဲစတွေ့မယ့်အချိန် ရောက်လာပြီ - ပရီမီယာလိဂ်ပွဲစဉ်(၄)

မန်ယူ နိုင်ပွဲစတွေ့မယ့်အချိန် ရောက်လာပြီ - ပရီမီယာလိဂ်ပွဲစဉ်(၄)

အာဆင်နယ် - မန်စီးတီး (စနေ၊ ညနေ ၆း၁၅)
အာဆင်နယ်ရဲ့ကစားပုံဟာ သိပ်အကောင်းကြီးမဟုတ်ပါဘူး။ ပွဲတိုင်းဂိုးသွင်းနိုင်စွမ်း ရှိသလို
ပွဲတိုင်းဂိုးပေးနေရပါတယ်။ မန်စီးတီးက စတုတ်ကို မထင်မှတ်ဘဲ ရှုံးသွားပေမယ့် ကစားအားမှာ
တော့ အာဆင်နယ်ထက် ပိုကောင်းနေပါတယ်။ နှစ်သင်းစလုံး တိုက်စစ် ဦးစားပေးအသင်းတွေ
ဖြစ်လို့ ဒီပွဲမှာ ရွေးချယ်ဖို့အသင့်ဆုံးက ဂိုးအများပဲဖြစ်ပါတယ်။

ချယ်လ်ဆီး - ဆွမ်ဆီး (စနေ၊ ည၈း၃၀)
ချယ်လ်ဆီးရဲ့ ခြေစွမ်းကတော့ ချန်ပီယံခြေစွမ်းဖြစ်နေပါတယ်။ သုံးပွဲကစားအပြီးမှာ ၁၁ ဂိုး
သွင်းထားလို့ ချယ်လ်ဆီးတိုက်စစ်ဟာ ထိပ်တန်းအဆင့်ဖြစ်နေပါတယ်။ ဆွမ်ဆီးကောင်း နေလို့
မော်ရင်ညိုဟာ ပိုပြီးဂရုစိုက်မယ့်ပွဲဖြစ်တာကြောင့် ချယ်လ်ဆီးပဲ နှစ်ဂိုးပြတ်နဲ့ အနိုင်ရ သွားနိုင်ပါ
တယ်။

ဆန်းဒါးလန်း - စပါး (စနေ၊ ည ၈း၃၀)
ဆန်းဒါးလန်း အခုထိနိုင်ပွဲမရသေးပါဘူး။ ဆန်းဒါးလန်း အားနည်းချက်က သုံးပွဲစလုံး ဂိုးပေးထား
ရခြင်းပဲဖြစ်ပါတယ်။ စပါးက လီဗာပူးကို ဂိုးပြတ်ရှုံးထားပေမယ့် ကစားပုံက ဆန်းဒါး လန်းထက်ပို
ကောင်းပါတယ်။ အကြိတ်အနယ်ဖြစ်လာနိုင်ပြီး သရေနဲ့ ပြီးသွားနိုင်ပါတယ်။

၀က်စ်ဘရွန်း - အဲဗာတန် (စနေ၊ ည ၈း၃၀)
နှစ်သင်းစလုံး အခုထိနိုင်ပွဲမရ ကြသေးပါဘူး။ နှစ်သင်းစလုံး သရေနှစ်ပွဲကျထားပြီး တစ်ပွဲစီ
ရှုံးထားကြပါတယ်။ ၀က်စ်ဘရွန်းကတော့ အဲဗာတန်လောက် တိုက်စစ်မကောင်းတဲ့အသင်း
ဖြစ်ပါတယ်။ ခြေစွမ်းကောင်းတဲ့ အဲဗာတန် နိုင်ပွဲစတွေ့မယ့်ပွဲဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် - ဘန်လေ (စနေ၊ ည ၈း၃၀)
အမှတ်ပေးဇယားအောက်ဆုံးက အသင်းတွေ ထိပ်တိုက်တွေ့နေတာဖြစ်လို့ အကြိတ်အနယ်
ဖြစ်လာမယ့်ပွဲဖြစ်ပါတယ်။ ပဲလေ့စ်က အိမ်ကွင်းကစားအားကောင်းတဲ့အသင်း ဖြစ်ပါတယ်။
အခုပွဲမှာ ခရစ္စတယ်ပဲလေ့စ်အနိုင်ရမယ့်ပွဲဖြစ်ပါတယ်။

ဆောက်သမ်တန် - နယူးကာဆယ် (စနေ၊ ည ၈း၃၀)
ဆောက်သမ်တန်က နောက်ဆုံးပွဲမှာ ၀က်စ်ဟမ်းကို အနိုင်ရသွားပေမယ့် နယူးကာဆယ်က
အခုထိ နိုင်ပွဲမရသေးဘဲ ဖြစ်နေပါတယ်။ ဆောက်သမ်တန်ခံစစ်က နယူးကာဆယ်ထက်
ပိုကောင်းနေပေမယ့် ဒီနှစ်သင်းက ခြေအရမ်းကွာနေတဲ့အသင်းတွေ မဟုတ်ပါဘူး။ လက်ရှိ ခြေစွမ်းမှာ ဆောက်သမ်တန်က ခြေကောင်းနေပေမယ့် နိုင်ပွဲမတွေ့သေးတဲ့ နယူး
ကာဆယ် ကိုလည်း လျှော့တွက်လို့ မရပါဘူး။ ဒီပွဲဟာ သရေနဲ့ပြီးသွားနိုင်တဲ့ပွဲမျိုးဖြစ်ပါတယ်။

စတုတ် - လက်စတာ (စနေ၊ ည ၈း၃၀)
အိမ်ကွင်းဆိုရင် ကစားအားကောင်းပေမယ့် စတုတ် အရှိန်ယူရပါလိမ့်ဦးမယ်။ လက်စတာ က
ကွင်းလယ်ပိုင်း ကစားအားကောင်းတဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲဟာ အသင်းထက်
ဂိုးအနည်းကိုရွေးတာ စိတ်အချရဆုံးဖြစ်ပါတယ်။

လီဗာပူး - ဗီလာ (စနေ၊ ည ၁၁းဝဝ)
လီဗာပူးက တစ်ပွဲရှုံးထားပြီး ဗီလာက သုံးပွဲကစားအပြီးမှာ ရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်ပါ တယ်။
မနှစ်ကလည်း ဗီလာဟာ အန်းဖီးလ်မှာ လီဗာပူးကို သရေကစားသွားနိုင်ခဲ့ပါတယ်။ လီဗာပူးက
စပါးကို ဂိုးပြတ်နိုင်ခဲ့လို့ ဒီပွဲမှာလည်း ဂိုးပြတ်မယ်ထင်ရပေမယ့် ဂိုးပြတ်အနိုင်ရဖို့ မလွယ်တဲ့ပွဲဖြစ်
လို့ ဗီလာကို ရွေးသင့်ပါတယ်။

မန်ယူ - ကျူပီအာရ် (တနင်္ဂနွေ၊ ည ၉း၃၀)
1ပွဲစဉ်(၁)မှာ ဆွမ်ဆီးကိုအိမ်ကွင်းမှာ ရှုံးခဲ့သလိုမျိုး ဒီပွဲမှာတော့ မန်ယူဖြစ်လာမှာ မဟုတ် တော့
ပါဘူး၊ မန်ယူနောက်တန်းမှာ လုခ်ရှော၊ ရိုဂျိုတို့ပါ၀င်လာနိုင်လို့ မန်ယူနောက်တန်း ပိုကောင်းမယ်
လို့ မျှော်လင့်တာကြောင့် မန်ယူဟာ ကျူပီအာရ်ကို နှစ်ဂိုးပြတ် အနိုင်ရသွား နိုင်ပါတယ်။

ဟားလ်စီးတီး - ၀က်စ်ဟမ်း (အင်္ဂါ၊ နံနက် ၁း၃၀)
၀က်စ်ဟမ်းက ခြေမမှန်တဲ့အသင်းဖြစ်သလို ခံစစ်ကလည်း ဂိုးတွေပေးနေရပါတယ်။ ခြေသိပ်မကွာ
ဘူးထင်ရပေမယ့် ဟားလ်စီးတီးရဲ့ ပြင်ဆင်အားကောင်းခြင်းကို နှစ်သက်တဲ့အတွက် ဟာလ်စီးတီး
ကိုပဲ ကြိုက်ပါတယ်။



ဖတ်ရှုမှုအများဆုံး