၂၀၁၄ တင်းနစ်ပြိုင်ပွဲရာသီရဲ့ နှုတ်ဆက် ဂရင်းဆလမ်ပြိုင်ပွဲလို့ ဆိုရမယ့် နာမည်ကြီး ယူအက်စ်
အိုးပင်းကတော့ နယူးယော့ခ်မြေမှာ တခမ်းတနား ကျင်းပပြီးစီးသွားခဲ့ပြီပဲ ဖြစ်ပါ တယ်။ (၁၃၄)
ကြိမ်မြောက် ကျင်းပတဲ့ ဒီကမ္ဘာ ကျော် ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ကမ္ဘာ့ ထိပ်တန်း Top 10
Player တွေကပဲ အစဉ်အမြဲ ဆိုသလို လက်စွမ်းပြဗိုလ်စွဲလေ့ရှိတဲ့ ရာဇဝင် ဟာ အခု ၂၀၁၄ မှာ
တော့ ကျိုးပျက်သွားခဲ့ရတာ ထူးခြားချက်တစ်ရပ်ပါပဲ။
အမျိုးသမီးတစ်ဦး ချင်း ဗိုလ်လုပွဲမှာ ယမန်နှစ်ချန်ပီယံ ဆရီနာ ၀ီလျံကပဲ သရဖူကို အောင်အောင်
မြင်မြင် ကာကွယ်နိုင်ခဲ့ပြီး ခြောက်ထပ်ကွမ်း အမေရိက ချန်ပီယံအဖြစ် စံချိန်တစ်ရပ်တင်နိုင်ခဲ့ပေ
မယ့် အမျိုးသား တစ်ဦးချင်းဗိုလ်လုပွဲစဉ်မှာတော့ တွေ့ဆုံခဲ့သူနှစ်ဦးစလုံးဟာ တစ်ကြိမ်တစ်ခါမှ
ဂရင်းဆလမ်ချန်ပီယံဖြစ်ဖူးခဲ့သူတွေ မဟုတ် သလို အခုနှစ်ပြိုင်ပွဲမှာလည်း ဆီဒင်(၁၀) အပြင်ဘက်
ကလူနှစ်ယောက်ဖြစ်နေတာက ဆယ်စုနှစ် သုံးခုအတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်နေတာက
အားကစားကမ္ဘာမှာ တကယ့် ထူးခြားမှုတစ်ရပ်ဖြစ်ခဲ့ရတာ အမှန်ပါပဲ။
Billie Jean King National Tennis Centre မှာ ကျင်းပခဲ့ပြီး CBS, ESPN နဲ့ Tennis
Channelတွေက တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ၂၀၁၄ ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦး ချင်း
ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့သူနှစ်ဦးက ဂျပန် တင်းနစ်ငွေကြယ်ပွင့် နီရှီကိုရီနဲ့ ခရိုအေးရှား စတား
မာရင်စီလစ်တို့ပဲ ဖြစ်ကြပါတယ်။
ကမ္ဘာ့နံပါတ်(၁) ဂျိုကိုဗစ်ရှ်ကို ဆီမီးဖိုင်နယ် မှာ အလဲထိုးနိုင်ခဲ့သူ နီရှီကိုရီနဲ့ ဂန္ထဝင် ဖက်ဒါးရားကို
ဖြိုလှဲပြီး ဗိုလ်လုပွဲတက်ရောက် ခဲ့သူ မာရင်စီလစ်တို့ရဲ့ ဆုံတွေ့မှုဟာ ပရိသတ် တွေ ထင်သ
လောက် အကြိတ်အနယ်မရှိခဲ့ဘဲ ပွဲကစားချိန် နှစ်နာရီအတွင်းမှာ ခရိုအေးရှား ငွေကြယ်ပွင့်က
၆-၃၊ ၆-၃၊ ၆-၃ သုံးပွဲပြတ် အနိုင်နဲ့ သူ့ဘဝရဲ့ ပထမဆုံးသော ဂရင်း ဆလမ်ဖလားကို ပိုင်ဆိုင်ခွင့်
ရခဲ့တာကို ဇာဂရက်စာစောင်တွေက တခမ်းတနား ကောင်းချီးပေးနေကြပါတယ်။
အခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ စုစုပေါင်း ဆုကြေးက ဒေါ်လာ သန်း ၄၀ ကျော် ချီးမြှင့်ခဲ့တာ
ကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် မှာ ဆုကြေးအမြင့်ဆုံးပေးတဲ့နှစ် ဖြစ်ခဲ့တာဟာ လည်း ထူးခြားတဲ့အချက်တစ်ချက်ပါပဲ။ နာငမအေနျ လေကြောင်းလိုင်းက ဒေါ်လာ သုံးသန်းနီးပါး
ဆုကြေးထည့်ဝင်ပေးခဲ့ပြီး ယမန်နှစ်ကထက် ၁၂ ရာခိုင်နှုန်းနီးပါး ဆုကြေး များပြားခဲ့တာကြောင့်
ပြိုင်ပွဲဝင်တွေအားလုံး ပြံုးပျော်ခဲ့ရတဲ့နှစ်လို့လည်း ဆိုနိုင်ပါတယ်။
၂၀၀၅ ကာလကတည်းက ဂရင်းဆလမ် ကြီးလေးကြီး ဗိုလ်လုပွဲစဉ်တွေမှာ မြေစေး ဘုရင် နာဒါးလ်
၊ ဆွစ်ဇာလန်ဂန္ထဝင် ဖက်ဒါးရား နဲ့ ဂျိုကိုဗစ်ရှ်တို့သုံးဦးထဲက တစ်ဦးမဟုတ် တစ်ဦး အမြဲပါ၀င်ခဲ့ပေ
မယ့် အခုနှစ် ယူအက်စ် အိုးပင်းမှာတော့ အကျော်အမော်ဂန္ထဝင်တွေ အားလုံး နောက်ကောက်ကျ
သွားခဲ့ပြီး အာရှ တင်းနစ်စတားတစ်ဦးက ထူးထူးခြားခြား ဗိုလ်လုပွဲအထိ တက်ရောက်လာနိုင်ခဲ့
တာကို လည်း တိုကျိုစာစောင်တွေက ဂုဏ်ပြုခဲ့ကြပါ တယ်။
ပထမဆုံးသော အာရှဂရင်းဆလမ် ချန်ပီယံတစ်ဦးအဖြစ် မှတ်တမ်းသစ်ရေးထိုး နိုင်ဖို့ နီရှီကိုရီ
အားထုတ်ခဲ့ပေမယ့် မာရင်ရဲ့ ပြင်းထန်တိကျတဲ့ စပေးဘောတွေ၊ မထင်မှတ် တဲ့နေရာ လှည့်ဝင်
လာတဲ့ လက်ပြန်ရိုက်ချက် တွေဟာ အာရှသားကို အခက်တွေ့စေခဲ့ပြီး အခုလို သုံးပွဲပြတ် အရေး
နိမ့်ခဲ့ရတာပဲ ဖြစ် ပါတယ်။
နယူးယော့ခ်မြေမှာ ကမ္ဘာ့နံပါတ် (၂)မာရေးကိုရော၊ ဂန္ထဝင်ဖက်ဒါးရားကို ပါ ဖြိုလှဲပြခဲ့ပြီး အားကစား
စာမျက်နှာ သစ် ဖွင့်လှစ်နိုင်ခဲ့သူ ခရိုအေးရှား တင်းနစ်စတား မာရင်ဟာ ပရော် ဖက်ရှင်နယ်ကမ္ဘာ
ကို ၂၀၀၄ ကာလမှာ စတင် လှမ်းဝင်လာခဲ့သူ ဖြစ်ပြီး ညာသန်ကစား သမားတစ်ယောက် ဖြစ် ပါ
တယ်။
ဖက်ဒါးရားလို လက်ပြန်ရိုက် ချက်တွေ လှပစနစ်ကျသလို ၂၀၁၀ ဩစတြေးလျအိုးပင်း ဆီမီး
ဖိုင်နယ် ရောက်ရှိလာအပြီးမှာ တင်းနစ်ကမ္ဘာမှာ ထင်ရှားလာသူတစ်ဦးပဲ ဖြစ်ပါတယ်။ တင်းနစ်
ငွေကြယ်ပွင့်တွေရဲ့ အိပ်မက် ယူအက်စ်အိုးပင်းဖလားနဲ့ ဆုကြေးဒေါ်လာ သုံးသန်းပိုင်ဆိုင်ခဲ့သလို
ကမ္ဘာ့နံပါတ်(၉) စာရင်းဝင်လာခဲ့သူခရိုအေးရှားသား မာရင် က "ဘဝမှာ ဘယ်တော့မှ မေ့နိုင်မှာ
မဟုတ် တဲ့ ပြိုင်ပွဲတစ်ရပ်ပါပဲ။ ဖက်ဒါးရားနဲ့ပွဲမှာ နိုင်ခဲ့ပြီးကတည်းက ဒီဖလားကို ရယူပြဖို့ အားတင်း
ကြိုးစားခဲ့တဲ့ ရလဒ်ပါပဲ။
တစ်ခဲ နက် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို လည်း ကျေးဇူးမမေ့ပါဘူး။ နီရှီကိုရီဟာ ပြိုင်ဘက်
ကောင်းတစ်ယောက်ပါ။ ဂရင်း ဆလမ်လေးလုံးဆုရှင်ဖြစ်ဖို့ ဆက်လက် ကြိုးစားသွားပါမယ်"လို့
၀မ်းမြောက် ရင်ဖွင့်စကားဆိုခဲ့ပါတယ်။















