ရိုင်းမြစ်မြောက်ပိုင်း ၀က်စ်ဖာလီယာဒေသရဲ့ ဒါဘီပွဲစဉ်တွေနဲ့အတူ - ဘွန်ဒက်စ်လီဂါပွဲစဉ်(၃)

ရိုင်းမြစ်မြောက်ပိုင်း ၀က်စ်ဖာလီယာဒေသရဲ့ ဒါဘီပွဲစဉ်တွေနဲ့အတူ - ဘွန်ဒက်စ်လီဂါပွဲစဉ်(၃)

ပြီးခဲ့တဲ့တစ်ပတ်က နိုင်ငံတကာပွဲစဉ်တွေနဲ့ ပျော်မွေ့ခဲ့တဲ့ ပရိသတ်ကြီးဟာ အခုတစ်ပတ်မှာတော့
ဥရောပရဲ့အကောင်းဆုံးလိဂ်တွေဆီ မျက်နှာမူကြ ရပါတော့မယ်။ ဒီပွဲစဉ်(၃)မှာ ၀က်စ်ဖာလီယာ
ဒေသရဲ့ လေးသင်းဟာ ထိပ်တိုက်တွေ့ဆုံနေတာဖြစ်လို့ ဒါဘီပွဲနှစ်ပွဲကိုလည်း ကြည့်ရှုရမှာဖြစ်ပါ
တယ်။

လေဗာကူဆင် - ၀ါဒါဘီရီမင် (စနေ နံနက် ၁းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ လေဗာကူဆင် ၂-၁ ၀ါဒါဘရီမင်
လေဗာကူဆင်ဟာ အဝေးကွင်းမှာတောင်ဒေါ့မွန်ကို ၀-၂ ဂိုးရလဒ်နဲ့ အနိုင်ရထားတာ ကို တွေ့ရပါ
တယ်။ လေဗာကူဆင်အိမ်ကွင်း နောက်ဆုံးသုံးကြိမ်တွေ့ဆုံရာမှာ ၀ါဒါဘရီမင် တို့ မလှန်နိုင်ခဲ့ပါ
ဘူး။ ၀ါဒါဘရီမင်အနေနဲ့ အဝေးကွင်းမှာအမြင့်ဆုံးတင်ကစားနိုင်ရင် သရေပါပဲ။ ဒါပေမဲ့ ဘယ်လာ
ရာတီ၊ ကီစလင်း တို့ ရှိနေတဲ့ လေဗာကူဆင်နဲ့အတူ ကခုန်လိုက် ကြရအောင်။

ဖရန့်ဖတ် - အော့့စ်ဘတ် (တနင်္ဂနွေ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ အော့စ်ဘတ် ၂-၁ ဖရန့်ဖတ်
ဖရန့်ဖတ်ကွင်းမှာ အော့စ်ဘတ်တို့ နောက်ဆုံးနှစ်ကြိမ်တွေ့ရှိရာမှာ အနိုင်ပျောက်ဆုံးခဲ့ ပါတယ်။
အခုလည်း အော့စ်ဘတ်နိုင်ဖို့တော့ မလွယ်ပါဘူး။ဖရန့်ဖတ်နဲ့ နှစ်သင်းပေါင်း သွင်းဂိုးအများကို
ရွေးရင် ကောင်းမယ်လို့ ထင်ပါတယ်။

ဒေါ့မွန် - ဖရိုင်းဘတ် (စနေ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ဖရိုင်းဘတ် ၀-၁ ဒေါ့မွန်
အစဉ်အလာပိုင်းအရ ဒေါ့မွန်ကို ဖရိုင်း ဘတ် ယှဉ်လို့မရနိုင်ပါဘူး။ ဒေါ့မွန်ကွင်း နောက်ဆုံး
သုံးကြိမ်ဂိုးပြတ်အရေးနိမ့်ထား သလို သူပြန်နိုင်တဲ့ပွဲကလည်း သုံးပွဲပဲရှိပါ တယ်။ ဒေါ့မွန်အနေနဲ့
အိမ်ကွင်းမှာ လေဗာ ကူဆင်ကို ရှုံးနိမ့်ထားလို့ အစွမ်းကုန်ပေါက်ကွဲ ပြမယ့်ညမှာ ဂျာဂင်
ကလော့ပ်နဲ့အတူ လက်ရုံး ဆန့်တန်းလိုက်ကြပါစို့။

ဘိုင်ယန်မြူးနစ် - စတုဂတ် (စနေ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ဘိုင်ယန် ၁-၀ စတုဂတ်
ဘိုင်ယန်ရဲ့ ခြေစွမ်းက အားရစရာတော့ မရှိသေးပါဘူး။ ၀ုဖ်ဘတ်ကို ၂-၁ အနိုင်၊ ရှော်လ်ကေး
ကိုကျတော့ သရေပဲကစားနိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ စတုဂတ်ကို ဘိုင်ယန်တို့ အသာစီး
ရလေ့ရှိပါတယ်။ အမှား တွေကို ပြင်ဆင်နိုင်ခဲ့ရင်ဖြင့် ဘိုင်ယန်မြူးနစ်နဲ့ နှစ်သင်းပေါင်း သွင်းဂိုး
အများကို ကြိုက်ပါ တယ်။

ဟော့ဖန်ဟိမ်း - ၀ုဖ်ဘတ် (စနေ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ဟော့ဖန်ဟိမ်း ၆-၂ ၀ုဖ်ဘတ်
၀ုဖ်ဘတ်က အဝေးကွင်းမှာ ဘိုင်ယန်ကို ၂-၁ နဲ့ ရှုံးထားပြီး ဟော့ဖန်ဟိမ်းက အိမ်ကွင်း မှာ
အော့စ်ဘတ်ကို ၂-၀ နဲ့ နိုင်ထားတယ်။ ၀ုဖ်ဘတ်ရဲ့ ခံစစ်ပိုင်းက အမှားအယွင်းများနေ တယ်။
ဒါကြောင့်ဟော့ဖန်ဟိမ်းက အိမ်ကွင်း ပရိသတ်အားကိုးနဲ့ဝုဖ်ဘတ်ကို အနိုင်ယူသွား လိမ့်မယ်။
နှစ်သင်းပေါင်းသွင်းဂိုး များနိုင် တယ်။

ဟာသာဘာလင် - မိန့်ဇ် (စနေ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ မိန့်ဇ် ၁-၁ ဟာသာဘာလင်
ဟာသာဘာလင်ရဲ့ခြေစွမ်းက ၀ါဒါဘရီမင် ကို အိမ်ကွင်းမှာ ၂-၂ သရေခံကစားနိုင်ခဲ့ တယ်။
မိန့်ဇ်ကတော့ တန်းတက်ပက်ဒါဘွန်း ကို အဝေးကွင်းမှာ ၂-၂ သရေကျခဲ့တာကို တွေ့ရတယ်။
နှစ်သင်းစလုံးကတော့ နိုင်ပွဲမရ သေးပါဘူး။ ခြေစွမ်းချင်းလည်း မကွာဘူး။ ဒါကြောင့် ဒီပွဲစဉ်ကို
သရေပွဲ ဖြစ်သွားနိုင်တယ် လို့ သတ်မှတ်ချင်ပါတယ်။

ပက်ဒါဘွန်း - ကိုလုံး (စနေ ည ၈းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ကိုလုံး ၀-၁ ပက်ဒါဘွန်း
ပက်ဒါဘွန်းကွင်း နောက်ဆုံးသုံးကြိမ် တွေ့ဆုံရာမှာတော့ ကိုလုံးတစ်ခါမှ မရှုံးသေး ပါဘူး။ ဒီပွဲမှာ
တန်းတက်နှစ်သင်းတွေ့တဲ့ အနေအထားအပြင် ရိုင်းမြစ်မြောက်ပိုင်း ၀က်စ်ဖာလီယာဒေသရဲ့
ဒေသတွင်းဒါဘီ လည်း ဖြစ်နေတာ တွေ့ရပါမယ်။အဝေးကွင်း ဖြစ်ပေမယ့် ကိုလုံးအနိမ့်ဆုံး
သရေခံကစား ပါလိမ့်မယ်။

မွန်ချင်ဂလက်ဘတ် - ရှော်လ်ကေး (စနေ ည ၁၁းဝဝ)
နာက်ဆုံးတွေ့ဆုံမှု၊ ရှော်လ်ကေး ၀-၁ မွန်ချင်
မွန်ချင်ဟာ အိမ်ကွင်းမှာ စတုဂတ်ကို ၁-၁ သရေကစားနိုင်ခဲ့ပြီး ရှော်လ်ကေးကတော့ အဝေးကွင်း
မှာ ဟန်နိုဗာကို ၂-၁ နဲ့ အရေးနိမ့် ခဲ့တာသတိပြုရပါမယ်။ ရှော်လ်ကေး အမြင့် ဆုံး သရေလောက်
ပဲရနိုင်တယ်။ ဒီပွဲစဉ်ဟာ လည်း ရိုင်းမြစ်မြောက်ပိုင်း ၀က်စ်ဖာလီယာ ဒေသရဲ့ ဒေသတွင်းဒါဘီ
ပွဲစဉ်ဖြစ်လို့ အကြိတ် အနယ်ရှိနိုင်ပါတယ်။

ဟန်နိုဗာ - ဟမ်းဘတ် (တနင်္ဂနွေ ည ၁၀းဝဝ)
နောက်ဆုံးတွေ့ဆုံမှု၊ ဟန်နိုဗာ ၂-၁ ဟမ်းဘတ်

ဟန်နိုဗာဟာ အိမ်ကွင်းမှာ ရှော်လ်ကေး ကိုတောင် ၂-၁ နဲ့ နိုင်ထားတဲ့အသင်းဆိုတာ အသိ
အမှတ်ပြုရပါမယ်။ ဟမ်းဘတ်က တန်းတက်ကိုလုံးကိုတောင် အဝေးကွင်းမှာ ဂိုးမရှိသရေပဲ
ကစားနိုင်ခဲ့တယ်။ ဟန်နိုဗာ ဘယ်လိုမှ မရှုံးနိုင်သလို အိမ်ရှင်နဲ့ ဂိုးအများ လက်တွဲထားတာက
ပိုကောင်းမယ်လို့ ထင်တယ်။



ဖတ်ရှုမှုအများဆုံး